304

610 93 0
                                    

Chapter 304: ဧကရာဇ် အလောင်း၏ ဟိန်းဟောက်ခြင်း

မြေတိုက်ခန်းထဲတွင် သေခြင်းအရှိန်အ၀ါများက လေဆင်နှာမောင်းများလို နေရာအနှံ့ ဝှေ့ယမ်းတိုက်ခတ်သည်။

ထက်မြက်သော ဓါးသွားများသဖွယ် နံရံများပေါ်တွင် နက်ရှိုင်းသော အစင်းရာများ ထင်ကျန်ရစ်စေသည်။

အပြာရောင် မှိန်ဖျော့ဖျော့ ဆီမီးရောင်များအောက်တွင် အလောင်းကောင်ဂိုဏ်း အကြီးအကဲများထံမှ ထုတ်လွှတ်လိုက်သော ယင်ကီစွမ်းအင်စီးကြောင်းများကလဲ ဖြူဖျော့ဖျော့ မီးခိုးငွေ့များအဖြစ် သူတို့ထံ တိုးထွက်လာကြသည်။

ထို့အတူ ထွင်းဖောက်မြင်နိုင်သော ကြိုးမျှင်များသဖွယ် ၀ိညာဉ်ခွန်အားများသည်လည်း မြေအောက်ခန်း၏ ချောင်ကြို ချောင်ကြားပါမကျန် ရုန့်ရင်းကြမ်းတမ်းစွာ တိုးဝှေ့ တိုက်ခိုက်သည်။

ယီတျန်းမိုတို့ သုံးယောက်သည် မျက်လုံးများကို တစ်ဝက် မှေးမှိတ်ထားသော အနေအထားဖြင့် ရှိနေကြသည်။

သူတို့က လှုပ်ရှားမှု မပြုလုပ်သော်လည်း သူတို့၏ ၀ိညာဉ် အလင်းရောင်စဉ်များက မြေအောက်ခန်းထဲရှိ လူတိုင်းအပေါ်တွင် ဖိနှိပ်ကျရောက်လာသည်။

ရှီယန်သည်ပင် မလွတ်။

ရာနှင့်ချီသော ၀ိညာဉ်အလင်းရောင်စဉ်တန်းများသည် သူ၏ အသိစိတ်ပင်လယ်ထဲသို့ တိုးဝင်လာကြသည်။

ထိုအရာများက ယီတျန်းမိုတို့ အုပ်စု၏ ၀ိညာဉ်စွမ်းအင်များဖြစ်ကြသည်။

ထိုအရာများက အဆုံးမရှိ ရှည်လျားသော ကြောက်မက်ဖွယ်ရာ ရေဘ၀ဲကြီး၏ လက်တံများနှင့်တူသည်။

ထိုစွမ်းအင်များက သူ၏ အသိစိတ်ပင်လယ်ကို အသုံးပြုလို့မရအောင် ဖိနှိပ်ထားသောအခါ သူက အကြီးအမှူး ၀ိညာဉ်ကိုရော နတ်ဆိုးငါးဖော်ကိုပါ ထုတ်သုံးနိုင်စွမ်းမရှိဖြစ်နေသည်။

ယီတျန်းမိုတို့က သူ့ကို ပစ်မှတ်ထားသည်မဟုတ်သော်လည်း သူခံစားနေရသော ၀ိညာဉ်ဖိအားက ဟာသမဟုတ်ချေ။

အလောင်းကောင်ဂိုဏ်းချုပ်၏ အစိမ်းရောင် မျက်လုံးအိမ်များထဲတွင် ရှုပ်ထွေးသော ရေဘ၀ဲလက်တံ အလင်းမျှင်များ ပြည့်နှက်လာသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now