397

560 88 0
                                    

Chapter 397: ရက်စက်မှု"ကလေးမ...မင်းက သေချင်နေမှတော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့"ရေကန်လယ်ရှိ အမာရွတ်မျက်နှာပိုင်ရှင် ကောင်းကင်တတိယအဆင့်သိုင်းသမားသည် ရုတ်တရက် လက်ဝါးရိုက်ချက်တစ်ချက် ရိုက်ထုတ်လိုက်သည်။ကီစုစည်းမှုဖြင့် ဖြစ်တည်လာသောလက်ဝါးပုံရိပ်ကြီးသည် မိုးလုံးပြည့်မျှ ထွက်ပေါ်လာသည်။လက်ဖ၀ါး၏ အလယ်တွင် အားကောင်းသော စုပ်ယူခြင်းစွမ်းအင်တစ်မျိုး ပါဝင်နေသည်။အတူတူရပ်နေသော အခြား ကောင်းကင် တတိယအဆင့် သိုင်းသမားတစ်ယောက်၏ မျက်နှာတွင် စိတ်ပျက်ဟန် ထွက်ပေါ်လာသည်။"အဲ့လောက် နှေးနေရင် ဘယ်ဖြစ်မလဲ"သူက ရှေ့သို့ တစ်လမ်းတက်လိုက်ချိန်တွင် အင်္ကျီလက်စရှည်ထဲရှိ လက်နှစ်ဖက်က လျှပ်စီးလက်သလို ထွက်ပေါ်လာသည်။လက်နှစ်ဖက်ရှိ အလင်းရောင်များက ကြည်လင်တောက်ပသော စပါးကြီးမြွေကြီးတစ်ကောင်အဖြစ် သိပ်သည်းဖြစ်ပေါ်လာသည်။ထို စပါးကြီးမြွေကြီးသည် ရှီယန်တို့အုပ်စုကို ကိုက်ဖြတ်ဝါးမြိုတော့မည့်အလား လျှောကနဲ ပြေးဝင်လာလေသည်။ကောင်းကင်ထစ်ရှိ အလောင်းကောင်လှေကားသည် တက်ရောက်ရန် လက်လှမ်းမှီသော အကွာအဝေးအထိ ကျဆင်းလာသည်။ရှီယန်တို့အုပ်စု မျက်နှာအပျက်ပျက်ဖြစ်ကုန်ကြသည်။အိုင်ရာ့ကို သတိပေးလိုက်ကြရင်း ရှီယန်နှင့် ကျိယီတို့သည် သူမကို အစွမ်းကုန် ခုခံကာကွယ်ပေးရန် အသင့်ပြင်ဆင်လိုက်ကြသည်။"ရှီယန်...ဇူရှီ့ကို တစ်ချက်ကြည့်ပေးထား"ချီရှောင်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။မီးခိုးရောင် အလုံးတစ်လုံး သူ့ အင်္ကျီလက်အိုးထဲမှ ထွက်ပေါ်လာသည်။အတွင်းဘက်တွင် သိပ်သည်းနေဟန်တူသော မီးခိုးငွေ့တို့ အလုံးအရင်း တိုးထွက်လာကြသည်။ပိန်းပိတ်သော မီးခိုးလုံးများသည် တောက်ပသော စပါးကြီးမြွေကြီးကို ဖုံးအုပ်သွားလေသည်။ကျိယီ၏ မျက်နှာလေးက အေးစက်သွားသည်။သူမ၏ လက်မောင်းနှစ်ဖက်ကို ဝှေ့ယမ်းလိုက်သောအခါ လက်ကောက်ကွင်းများက လွင့်ပျံထွက်လာသည်။လေထဲတွင် ထက်ရှသော အလင်းရောင်များ ၀င်းလက်သွားပြီးနောက် လက်ဝါးပုံရိပ်ကြီးထံ ပစ်လွင့်သွားသည်။ဇူခွား၊လောင်လီနှင့် လောင်လွန်တို့သည်လည်း တစ်ကိုယ်လုံး ကီစုစည်းမှုများ လှည့်ပတ်ကာ အသင့်ပြင်ဆင်ထားလိုက်ကြသည်။ချီရှောင်း၏ မီးခိုးငွေ့များကြားမှ ကြည်လင်တောက်ပသော စပါးကြီးမြွေကြီးက ခေါင်းထောင်ထလာပြန်သည်။ကီစုစည်းမှုဖြင့်တည်ဆောက်ထားခြင်းဖြစ်သော်လည်း ၄င်း၏ ခန္ဓာကိုယ်က ဆယ်မီတာမျှ ရှည်လျားပြီး အရေခွံပေါ်ရှိ အကွက်များကိုပင် ထင်ရှားစွာ မြင်နိုင်သည်။ထို စပါးကြီးမြွေကြီး ခုန်ပျံလှုပ်ရှားသောအခါ ပတ်ဝန်းကျင်သို့ အလင်းတန်းများ ဖြာထွက်သွားစေသည်။ထွင်းဖောက်မြင်ရအောင် ကြည်လင်သော အလင်းတန်းများက ချီရှောင်း၏ မီးခိုးငွေ့အကာအကွယ်များအားလုံးကို ချိုးဖျက်သွားပြီးနောက် မြွေကြီး၏ ခန္ဓာကိုယ်က ကျိယီ၏ လက်ကောက်ကွင်းများကို လမ်းမှ ဖြတ်ကာ တားဆီးလိုက်သည်။အိုင်ရာ၏ မြစ်ပြင်နှင့်တောင်တန်း တံဆိပ်တော်မှ စိမ်းပြာရောင်အလင်းတန်းများ စတင် လွှမ်းခြုံစဉ်မှစပြီး ယခုအချိန်ထိ အဖြစ်အပျက်များက လျှင်မြန်စွာ ဆက်တိုက် ဖြစ်ပွားသွားခြင်းဖြစ်သည်။ကျိယီ၏ လက်ကောက်ကွင်းများသည် အလွန်ထက်ရှသော အသွားများသဖွယ်ဖြစ်သော်လည်း ထို မြွေကြီး၏ ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ချေ။လုံးဝန်းချောမွတ်သော ကိုယ်လုံးကြီးကို ထိမှန်ကာ အရပ်မျက်နှာအသီးသီးသို့ ချော်ထွက်ကုန်ကြသည်။ကျိယီ၏ မျက်နှာလေးက ဖြူဖျော့သွားသည်။သူမသည် ထို တိုက်ခိုက်မှုမှ တန်ပြန်သက်ရောက်မှုကို ခံရဟန်တူ၏။သူမ၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ဆုတ်လိုက်ရသည်။တစ်ချိန်တည်းမှာပင် ရေကန်အလယ်ရှိ အခြား အဖွဲ့နှစ်ဖွဲ့သည်လည်း အလောင်းကောင် တံတားပေါ် တက်ခွင့်ရရန်အတွက် အချင်းချင်း စတင်တိုက်ခိုက်စပြုလေပြီ။အိုင်ရာ၏ မျက်ခုံးနှစ်ခုကြားမှ စိမ်းပြာရောင်အလင်းတန်းများက တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်အတွင်းသို့ တိုးဝင်သွားကြသည်။ရေကန်တစ်ခုလုံး လွှမ်းခြုံထားသော တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော် ကွန်ယက်က ရုတ်တရက်အလွန်တင်းကြပ်သွားသည်။လေးလံလှသော ဖိအားက အောက်ဘက်သို့ အပြင်းအထန် ဖိနှိပ်လာသည်။ရေကန်ထဲရှိသိုင်းသမားများသည် ထိုအခါကျမှ သတိထားရကောင်းမှန်းသိသွားကြဟန်တူသည်။တောင်တန်းနှင့်မြစ်ပြင် ကွန်ရက်က ဖျက်ဆီးမရနိုင်သော ခံစားချက်ကို ပေးစွမ်းသည်။ရှီယန်သည်လည်း ထိုခံစားချက်ကိုရသည်။ထို စိမ်းပြာရောင်ကွန်ရက်သည် အသိစိတ်ပင်လယ်ကို ဖိနှိပ်ခြင်းဖြစ်နေသည်။တောင်တန်းနှင့်မြစ်ပြင်တံဆိပ်တော်မှ ကြောက်မက်ဖွယ်ရာ စိတ်စွမ်းအင်ဖြာထွက်မှုသည် ရေကန်ထဲရှိ သိုင်းသမားတိုင်းပေါ်တွင် သက်ရောက်လေသည်။စက္ကန့်ပိုင်းအတွင်း သူတို့အားလုံး၏ လှုပ်ရှားမှုများက ဆုတ်ဆိုင်းကုန်ကြပြီးနောက် မျက်လုံးများေ၀၀ါးကုန်ကြသည်။အိုင်ရာက ရုတ်တရက် အထက်သို့ မြောက်တက်သွားသည်။သူမ၏ လှုပ်ရှားမှုက တွေဝေမှု တုံ့ဆိုင်းမှု နည်းနည်းလေးမှမရှိပဲ ဇယ်ဆက်သလို လျှင်မြန်လှသည်။လူများအားလုံး ငေးကြောင်နေစဉ် သူမက အလောင်းကောင်လှေကားအနီးသို့ အရင်ဆုံး ရောက်ရှိသွားသူဖြစ်သည်။ဘာအနှောက်အယှက်မှမရှိပဲ သူမက အလောင်းကောင်လှေကားထက်သို့ ပြေးတက်သွားလေတော့သည်။ရှီယန့် အသိစိတ်ပင်လယ်ထဲမှ နတ်ဆိုးငါးဖော်က ဒေါသတကြီး ရုန်းကန်ကြသောအခါ ရှီယန် သတိပြန်ဝင်လာသည်။သေခြင်းနှင့် အလွန်နီးကပ်သော အနေအထားတွင် ရှီယန်က အသိစိတ်ကို ပြန်လည်ရရှိလာသည်။သူ အိုင်ရာ့ကို မြင်တွေ့လိုက်ပြီဖြစ်သည်။သူမက အလောင်းကောင် လှေကားထစ်များမှ အထက်သို့ ယှဉ်ပြိုင်သူမရှိ တက်လျှက်ရှိပြီး ကောင်းကင်ထက်ရှိ လှုပ်ယမ်းနေသော အလင်းရောင်ဆီသို့ တစ်ထစ်ပြီးတစ်ထစ် နီးကပ်သွားလျှက်ရှိသည်။"သေစမ်းကွာ..."ရှီယန် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်မိသည်။အိုင်ရာ သူတို့ကို လုပ်ကြံသွားချေပြီ။သူမသည် အစကတည်းက ရှီယန်တို့အုပ်စုနှင့်အတူ အပေါ်တက်ရန် အစီအစဉ်မရှိခဲ့ပါ။သူမက ပထမဆုံး တောင်တန်းနှင့် မြစ်ပြင် တံဆိပ်တော်ကွန်ယက်ကို ဖြန့်ကျက်ကာ ချီရှောင်းတို့ ကျိယီတို့ စတင်လှုပ်ရှားရန် ဆွဲဆောင်ခဲ့သည်။ချီရှောင်းနှင့် ကျိယီတို့၏ ကာဆီးပေးမှုကို အခွင့်ကောင်းယူကာ သူမ၏ တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကို စွမ်းအင်အပြည့်အ၀ ထုတ်ဖော်ခဲ့သည်။မျက်နှာအမာရွတ်နှင့် ကောင်းကင်တတိယအဆင့် သိုင်းသမား ရိုက်ထုတ်ခဲ့သော လက်ဝါးချက်သည် တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်၏ သက်ရောက်ခြင်းခံရပြီး စွမ်းအင်အပြည့်အ၀ ဖော်ထုတ်နိုင်ခြင်းမရှိတော့ချေ။ထိုအချိန်တွင် လူအားလုံးပင် ကြောင်အသွားကြသည်။အိုင်ရာက အခွင့်အရေးကို မရရအောင်ဖန်တီးကာ တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်ကို ထုတ်ဖော်ပြီး သိုင်းသမားအားလုံး၏ အသိစိတ်ပင်လယ်ကို ထိုးနှက်သည်။အားလုံး ငေးကြောင်တုံ့ဆိုင်းသွားကြသည့်အခိုက်အတန့်ကို အခွင့်ကောင်းယူကာ အလောင်းကောင် လှေကားထစ်သို့ အရင်ဆုံး ရောက်ရှိသွားသည်။အိုင်ရာသည် ရှီယန်တို့အုပ်စုကို ကိုယ့်ဘက်သားများအဖြစ် မစဉ်းစားသည်မှ သိသာလှပါသည်။ပြီးခဲ့သည့် အရက်အနည်းငယ်အတွင်း ရှီယန်တို့အုပ်စုနှင့် အလိုက်သင့်နေခဲ့ခြင်းက ဒီအခွင့်အရေးကို စောင့်ဆိုင်းနေခြင်းဖြစ်ဟန်တူသည်။သူမက ရှီယန်တို့အုပ်စုကို အသုံးချကာ အခြားသိုင်းသမားများကို အာရုံလွှဲမည်။ရှီယန်တို့အုပ်စု၏ ခွန်အားက သူမကို အလောင်းကောင်လှေကားသို့ ရောက်ရှိစေရန် အချိန်ဆွဲပေးထားနိုင်မည်ဖြစ်သည်။ထိုအတိုင်းပင် သူမ လုပ်ဆောင်ခဲ့သည်။အိုင်ရာက လှေကားထစ်များမှ လျှင်မြန်စွာ တက်သွားသည်။အောက်ဘက်တွင်တော့ တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော် ကွန်ယက်။စိမ်းပြာရောင် အလင်းများက တင်းကြပ်လေးလံသော အတားအဆီးများအဖြစ် အပြည့်အ၀ သိပ်သည်းဖြစ်ပေါ်နေပြီဖြစ်သည်။ကောင်းကင်ထက်လှေကား အောက်ခြေသည် စိမ်းပြာရောင်အလင်းများ အသိပ်သည်းဆုံးနေရာဖြစ်သည်။သူမကို မည်သူမျှ လိုက်မမှီစေရ။"ကလိမ်ကကျစ်မ"မျက်နှာအမာရွတ်နှင့် ကောင်းကင်တတိယအဆင့် သိုင်းသမားက တစ်ချက်ကျိန်ဆဲလိုက်သည်။သူ၏ လက်ဝါးရိုက်ချက်က လှေကားထစ်အောက်ခြေသို့ ထိမှန်သောအခါ တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်၏ သိပ်သည်းသော စိမ်းပြာရောင်အလင်းများအောက်တွင် ဒီအတိုင်းပင် ပျက်ပျယ်သွားရသည်။"မင်းတို့ ဒီလို နည်းလမ်းမျိုး စဉ်းစားထားလိမ့်မယ် မထင်မိဘူး...နောက်ပေါက်တွေက တကယ်ပဲ ကောက်ကျစ်တယ်"ကီစွမ်းအင် စပါးကြီးမြွေကြီး ဖန်တီးခဲ့သူ သိုင်းသမားသည် ရှီယန်၊ချီရှောင်းနှင့် ကျိယီတို့ကို အေးစက်စွာကြည့်ရင်းပြောသည်။"ဟိုကောင်မ အရင်တက်သွားပြီ...တကယ်ဆို မင်းတို့က ဒါကို မလုပ်ခင် ကိုယ့်အသက်အတွက် အရင်စဉ်းစားထားသင့်တယ်..အေး... ပြီးရင် သူ့အလောင်းကို မင်းတို့နဲ့အတူ မြှုပ်ပေးမယ် စိတ်ချ"ရေကန်ငယ်လေးထဲတွင် အချို့သိုင်းသမားများက တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်၏ စိမ်းပြာရောင်အလင်းများကို ဖျက်ဆီးရန် ကြိုးစားနေကြချိန်တွင် အချို့က ရှီယန်တို့အုပ်စုကို ရန်လိုစွာ စိုက်ကြည့်နေကြသည်။"သောက် အပေါစားမိန်းမ...""ခွေးမ..""...ာသည်မ..."ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့က အံတင်းတင်းကြိတ်ကာ အိုင်ရာ့ကို ကျိန်ဆဲကြသည်။သူတို့၏ မျက်နှာများက အကြည့်ရဆိုးနေကြပြီဖြစ်သည်။အိုင်ယာသည် သူတို့၏ အသက်များကိုပင် ဂရုမစိုက်ပဲ အခွင့်ကောင်းယူသွားခြင်းဖြစ်သည်။သူမက အလောင်းကောင်တံတားပေါ်သို့ အနှောက်အယှက်ကင်းကင်း တက်သွားချိန်တွင် ရှီယန်တို့ကို အခြားသိုင်းသမားများ၏ ပစ်မှတ်အဖြစ် ထားပစ်ခဲ့သည်။ဒါက တကယ်ပင် ရက်စက်လှသည်။ပတ်ဝန်းကျင်တစ်ခုလုံး လွှမ်းခြုံထားသော တောင်တန်းနှင့်မြစ်ပြင်တံဆိပ်တော်၏ အလင်းကွန်ယက်ကို မည်သူမျှ မဖောက်ထွက်နိုင်ပဲဖြစ်နေကြသည်။ထို့ကြောင့် သိုင်းသမားများ၏ မျက်လုံးတွင် ဒေါသများ တောက်လောင်လာကြပြီဖြစ်သည်။ချီရှောင်းနှင့် ဇူခွားတို့သည်လည်း အခြေအနေမဟန်မှန်း သဘောပေါက်ကြသည်။သူတို့က ဇူရှီ့ကို နောက်ဘက်သို့ပို့ကာ ကာကွယ်ထားလိုက်ကြသည်။ထိုစဉ်မှာပင် နာနာကျည်းကျည်း အော်ဟစ်လိုက်သံတစ်ခု ထွက်ပေါ်လာသည်။နီဗားနားအဆင့် သိုင်းသမားတစ်ယောက် လေမုန်တိုင်းထဲ လွင့်ပါသွားခြင်းဖြစ်သည်။လေမုန်တိုင်းထဲကျရောက်သွားသော ထိုသိုင်းသမား၏ ခန္ဓာကိုယ်သည် မုန်တိုင်းထဲတွင် ပါလာသော ကျောက်ချွန်ကျောက်စများ၏ ပိုင်းဖြတ်ခြင်းခံရကာ သူ၏ ကိုယ်တွင်းအင်္ဂါများပင် အပြင်ဘက်သို့ လွင့်ကျလာသည်။သူ၏ သေဆုံးမှုက ကြောက်မက်ဖွယ်ရာကောင်းလှသည်။မုန်တိုင်း အပြစ်ဒဏ်ကျရောက်လာလေပြီ။လူအားလုံးပင် မျက်စိမျက်နှာပျက်ကုန်ကြသည်။ရေကန်၏ အစွန်အဖျားပိုင်းတွင် ရှိနေကြသော သိုင်းသမားများသည် သူတို့၏ ခုခံကာကွယ်မှုများကို အဆုံးအစွန်အထိ မြှင့်တင်လိုက်ကြသည်။တစ်ချိန်တည်းမှာပင် ရေကန်အလယ်သို့ အတင်း တိုးကပ်လာကြလေသည်။အခြေအနေက ရုတ်တရက် ရှုပ်ထွေးသွားသည်။ရေကန်ထဲရှိ သိုင်းသမားများက တစ်ယောက်တစ်ပေါက် ကျိန်ဆဲကာ တောင်တန်းနှင့်မြစ်ပြင် အတားအဆီးကို အရူးအမူး ရိုက်နှက်ကြတော့သည်။အရေအတွက် များပြားလှသော မှော်ရတနာများ စွမ်းအင်လှိုင်းများ၏ တိုက်ခိုက်မှုအောက်တွင် တောင်တန်းနှင့်မြစ်ပြင် တံဆိပ်တော်၏ ကွန်ယက်က ကြာကြာမခံနိုင်တော့ဟန်တူ၏။မျက်နှာပြင်တွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာပြီဖြစ်သည်။ကောင်းကင်တတိယအဆင့် သိုင်းသမားများထံမှ တိုးထွက်လာသော မှော်ရတနာအမျိုးမျိုး၏ အလင်းတန်းများကတော့ အားအကောင်းဆုံးဖြစ်သည်။ထို အလင်းတန်းများ၏ ပစ်မှတ်က အလောင်းကောင်လှေကားအောက်ခြေရှိ စွမ်းအင် အသိပ်သည်းဆုံးနေရာပင်ဖြစ်သည်။ထိုသို့ အဆက်မပြတ် ထိုးဖောက်နေလျှင်တော့ တောင်တန်းနှင့်မြစ်ပြင် ကွန်ယက်သည် မကြာမီ ပျက်စီးသွားရပေမည်။သို့သော်လည်း အချိန်က အရေးကြီးနေသည်။တောင်တန်းနှင့် မြစ်ပြင် အကာအကွယ်လွှာက အဆက်မပြတ် အားနည်းလာနေသော်လည်းယခုအချိန်ထိ ပြိုကွဲမသွားသေးချေ။ထိုအရာက ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာမဟုတ်လော။ ထိုမျှ မစွမ်းဆောင်နိုင်လျှင် တောင်တန်းနှင့်မြစ်ပြင်တံဆိပ်တော်သည် အသုံးမကျသည့် ကျောက်တုံးတစ်တုံးသာဖြစ်သွားပေလိမ့်မည်။အိုင်ရာက ထွတ်မြတ်ခြင်းအဆင့် မှော်ရတနာတစ်ခုကို ရင်းကာ ရေကန်ထဲရှိသိုင်းသမားများအားလုံးကို ပိတ်ဆို့ထားခဲ့သည်။ထို့ကြောင့် ထပ်မံကျရောက်လာမည့် သဘာဝအန္တရာယ်များက ထိုလူများအားလုံးကို သတ်ဖြတ်ပစ်လိုက်ပေလိမ့်မည်။သူမ၏ အစီအစဉ်အတိုင်းသာ အလုပ်ဖြစ်ခဲ့ပါလျှင် သူမက ကောင်းကင်ထက်မှ ထွက်ပေါ်လာသော မှော်ရတနာများအားလုံးကို သိမ်းပိုက်နိုင်လိမ့်မည်ဖြစ်သည်။သူမက တောင်တန်းနှင့်မြစ်ပြင် တံဆိတ်တော်ကို ဆုံးရှုံးရသော်လည်း နောက်ထပ် မှော်ရတနာ အမြောက်အများ ရရှိလိမ့်မည်ဖြစ်သည်။သူမ၏ တွက်ချက်မှုက အလွန် နေရာကျလှသည်။"တောင်တန်းနဲ့မြစ်ပြင် အကာအကွယ်လွှာက အိုင်ရာရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းတွေ ပါဝင်နေတယ်...သူ့အဖေက စိတ်ဝိညာဉ် ဒုတိယအဆင့် သိုင်းသမားပဲ..ဒါကြောင့် ဒီအတားအဆီးကို ဖျက်ဆီးဖို့ မလွယ်ကူလှဘူး"ကျိယီက နောင်တရစွာပြောသည်။"ဒီခွေးမ ဒီလောက် ရက်စက်မယ် ထင်မထားဘူး..ဒါမှန်းသိရင် အစကတည်းက သတ်ပစ်ပါတယ်"လောင်လီနှင့်လောင်လွန်တို့၏ မျက်နှာများသည်လည်း နက်မှောင်နေကြသည်။"ကျုပ်တို့လည်း အသုံးချခံရတာပဲ..."ရှီယန်က ရေကန်အလယ်ရှိ သိုင်းသမားများကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ ဒီကောင်မက ကျုပ်တို့ကို အရူးလုပ်သွားတာ..အခုအချိန်မှာ အချင်းချင်း တိုက်ခိုက်နေကြမယ့်အစား ဒီ အကာအကွယ်လွှာအောက်က လွတ်မြောက်အောင်အတူ ကြိုးစားသင့်တယ်"ရှီယန်က ထိုလူများ၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများကို ခံစားမိသည်။ထိုသိုင်းသမားများအားလုံးသာ မဆင်မခြင်လုပ်ဆောင်လာလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လျှင်တောင် ဇူရှီတို့ ရှိသေးသည်...အခြားသူများသည်လည်း လွတ်ဖို့မလွယ်ချေ။ထို့ကြောင့် သူက ပြေရာပြေကြောင်း စတင်စကားပြောလာရခြင်းဖြစ်သည်။"ငါ အခု မင်းကို လွှတ်ပေးထားမယ်..အန္တရာယ်တွေ လွန်မြောက်ပြီးမှ မင်းနဲ့ ငါနဲ့ တွေ့မယ်"မျက်နှာအမာရွတ်ကြီးက ရှီယန့်ကို ပြန်ပြောလိုက်ပြီးနောက် တောင်တန်းနှင့်မြစ်ပြင် အကာအကွယ်ကို ဆက်လက် ရိုက်ထုတ်ဖောက်ခွဲသည်။"ရောက်လာမယ့် သဘာဝအန္တရာယ်အတွက် ပြင်ဆင်ထားကြ"ရှီယန်က အသာ သက်ပြင်းချလိုက်ရင်း ချီရှောင်းနှင့် ကျိယီတို့ကို ခေါင်းညိတ်ပြလိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မရေမတွက်နိုင်သော ကြယ်တာရာ အလင်းစက်များဖြင့် လွှမ်းခြုံလို့သွားသည်။"ဟင်...ကြယ်တာရာ တံတိုင်းလား..."ရေကန်ထဲရှိ ၀ါခြောက်ခြောက်မျက်နှာပိုင်ရှင် လူကြီးတစ်ယောက်ထံမှ အံ့အားတကြီး ရေရွတ်သံ ထွက်ပေါ်လာသည်။"ကောင်လေး...မင်းက ငါတို့ ဂိုဏ်းသားလား...""ဗျာ...."
----- ----- ------ ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now