323

589 92 0
                                    

Chapter 323: သွေးနီးသူများ

ယီကျောင်းဖန်နှင့် လင်းယာချီတို့ အဆောက်အုံကြီးထဲမှ ထွက်ခွာလာပြီးနောက် မြင့်မြတ်ရောင်စဉ်တောင်ကြီးဆီသို့ ဦးတည်သွားနေကြသည်။

သူတို့က ရယ်ကာမောကာဖြင့် ပုံမှန်အတိုင်းပင်ရှိနေကြပြီး ရှီယန်၏ သန္ဓေပြောင်းလဲခြင်းအခြေအနေက သူတို့ ခံစားချက်ကို မည်သည့်သက်ရောက်မှုမှ မရှိဟန်တူသည်။

"မောင်လေး...နင်ဘယ်လိုထင်လဲ...ရှီယန်က သူ့ သိုင်းဝိညာဉ်သန္ဓေပြောင်းလဲခြင်းကြောင့် ဆုတ်ယုတ်သွားမယ်ထင်လား"

နံနက်ခင်းနေရောင်ခြည်အောက်တွင် ထင်ရှားခန့်ငြားလှသော ထွတ်မြတ်ရောင်စဉ်တောင်ကြီးကို မော့ကြည့်ရင်း လင်းယာချီက မေးသည်။

"သူ့ရဲ့ အရည်အချင်းက မဆိုးဘူး...အဲဒီဖြစ်ရပ်ကြောင့် သူက သာမန်လူတစ်ယောက်ဖြစ်သွားမှာ နှမျောစရာပဲ"

ယီကျောင်းဖန်က ခပ်တိုးတိုးရယ်မောလိုက်သည်။

သူ့လက်ထဲမှ ငှက်မွှေးယပ်ကို တဖျတ်ဖျတ်ခတ်ရင်း

"နင်က သူ့အပေါ် ဘာလို့ ဒီလောက်စိတ်ပူနေရတာလဲ...သူ့မှာ ကီစုစည်းမှုမရှိတော့ရင်တောင် ဒီကောင်က ရင်ဆိုင်ရ ခက်ခဲတုန်းပဲ..."

"ကီစုစည်းမှုမရှိပဲ သူက ဘာလုပ်နိုင်မှာလဲ"

လင်းယာချီက အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

"ကီစုစည်းမှုဆိုတာ သိုင်းသမားတစ်ယောက်အတွက် အခြေခံအုတ်မြစ်ပဲ...ကီစုစည်းမှု မရှိဘူးဆိုတာ ခွန်အားမရှိတာပဲ...နောက်ပိုင်း ကီစုစည်းမှုမရှိပဲ တိုက်ခိုက်ဖို့ ဒါမှမဟုတ် တစ်ခုခု လုပ်ဆောင်ဖို့ ဘယ်လွယ်ပါ့မလဲ"

"သူက အဲ့လိုလူမျိုးမဟုတ်ဘူး"

ယီကျောင်းဖန်က ပုံမှန် မျက်နှာအမူအယာဖြင့်ပြောသည်။ သူ့နှုတ်ခမ်းထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု ထွက်ပေါ်လာပြီးနောက်

"သူ့ ကီစုစည်းမှုက လုံးဝ ပျောက်ကွယ်နေပေမဲ့ သူ့ ဆီက ပေါက်ကွဲထွက်လာတဲ့ ခွန်အားကြောင့် ငါတောင် ဒဏ်ရာရသွားသေးတယ်လေ...အဲ့ဒါက လေပြေလေညှင်းလေးလို့တော့ နင်မထင်ဘူးမဟုတ်လား..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now