349

618 91 0
                                    

Chapter 349: ညမိစ္ဆာ (၁၈+)

ရှီယန် နိုးထလာသည်။

တိတ်ဆိတ်သောညအချိန်က ကုန်ဆုံးလုလုဖြစ်သည်။

နံနက်ခင်း၏ ပထမဆုံး နေရောင်ခြည်က သူ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်ပေါ်သို့ကျရောက်လာသည်။

နေရောင်ခြည်သည် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီးနောက်သူ့နှလုံးသားထံ ရွေ့လျားသွားသည်။

ငြိမ်းချမ်းနှစ်သိမ့်ဖွယ် ခံစားချက်ဖြင့် ခေါင်းမော့ကာ နေထွက်လာသည်ကို ကြည့်နေမိသည်။

တိတ်ဆိတ်မှု၊ ငြိမ်သက်မှုနှင့် သဘာဝတရားကို ရှီယန် ခံစားမိသည်။

ချင်ထူနှင့် ဒုံဖန်ဟေးတို့အုပ်စု၏ အော်ရာများကို ဆန်းကြယ်သော စွမ်းအင်အဖြစ် သန့်စင်ခဲ့ပြီးဖြစ်သည်။

ထိုစွမ်းအင်များသည် သူ့ကီစုစည်းမှုနှေင့် ရောနှောကာ သူ့ညာလက်မောင်း၏ သန္ဓေပြောင်းလဲခြင်းကို ပြီးပြည့်စုံစေပြီး သူ့ ဘယ်လက်မောင်းကိုတော့ သန္ဓေပြောင်းလဲခြင်း စတင်အစပျိုးစေခဲ့သည်။

နောက်ထပ် ကျန်ခဲ့သော စွမ်းအင်စီးကြောင်းကတော့ ကြယ်တာရာသိုင်းဝိညာဉ်ထံသို့ သွားရောက်အားဖြည့်ခဲ့သည်။

ပိုမို လျှို့ဝှက်ဆန်းကြယ်လာပြီး နေရောင်ခြည်ကိုပင် စုပ်ယူနိုင်ပြီဖြစ်သည်။

နံနက်ခင်းနေခြည်ကို ကြည့်နေရင်း ရှီယန်က အသူရာစစ်တလင်းရှိ အဖြစ်အပျက်ကို သတိရလာသည်။

ထိုနေရာရှိ သီးသန့်သဲကန္တာရကြီးထဲတွင် သူက သန့်စင်သောနေ၀ိညာဉ်ကိုတွေ့ရှိခဲ့သည်။

သွေးနွယ်ရှင်လက်စွပ်ထဲမှ ဓါးနီကြီးကို ရရှိခဲ့သောနေရာဖြစ်သည်။

ထိုစဉ်ကတည်းက ကြယ်တာရာသိုင်းဝိညာဉ်၏ ပြောင်းလဲမှုကို သတိပြုမိခဲ့ခြင်းဖြစ်သည်။

အသူရာစစ်တလင်းမှပြန်ထွက်လာပြီးနောက်ပိုင်းတွင်လည်း နေမွန်းတည့်ချိန်များတွင် သူ့ခန္ဓာကိုယ်က နေရောင်ခြည်များကို စုပ်ယူနေသယောင် ခံစားမိခဲ့သော်လည်း ကြယ်တာရာစွမ်းအင်နှင့် ထင်ယောင်ထင်မှားဖြစ်ခြင်းဟုသာ ယူဆထားမိခဲ့သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now