354

626 94 0
                                    

Chapter 354: မာန်ဟုန်ပြင်းပြင်း

ထိုနှစ်က

သင်္ချိုင်းဌာနခွဲ ၉၃ တွင် ဒီကောင်းကင်အလောင်းနှစ်ကောင်အပေါ် ရှီယန် ရှင်ခြင်းနိမိတ် ရိုက်သွင်းခဲ့ဖူးသည်။

ထိုအချင်းအရာက သူတို့ကို ဆင့်ကဲဖွံ့ဖြိုးသွားစေသည်။

သန္ဓေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေပြီး သူတို့၏ ၀ိညာဉ်အသိကို နိုးထစေခဲ့သည်။

ပြီးတော့ ရှီယန်နှင့် ကောင်းကင်အလောင်းနှစ်ကောင်အကြားတွင် ထူးခြားသော ဆက်သွယ်မှုတစ်ခု ဖြစ်တည်လာစေသည်။

နောက်ပိုင်း သေခြင်းရှင်ခြင်း နိမိတ်တော်၏ ဆန်းကြယ်မှုများကို လေ့လာသိရှိခဲ့ပြီးနောက်တွင်မှ ထိုအချင်းအရာက ရှင်ခြင်းနိမိတ်ကြောင့်ဖြစ်မှန်း ရှီယန် နားလည်လာခဲ့သည်။

နှစ်ပေါင်းအတော်ကြာပြီးနောက် ကောင်းကင်အလောင်းနှစ်ကောင်နှင့် ပြန်တွေ့ချိန်တွင် သူက ရှင်ခြင်းနိမိတ်ကို နောက်တစ်ဖန် ထုတ်သုံးလိုက်ပြန်သည်။

ယခုအချိန်တွင်တော့ အရင်ကနှင့် အများကြီး ကွာခြားသွားပြီဖြစ်သည်။

ယခု ရှင်ခြင်းနိမိတ်တွင် သက်ရှိသုံးမျိုးပေါင်း စွမ်းအင်နှင့် သူ၏ ကီစုစည်းမှုများ ပါဝင်နေသည်။

ထို့ကြောင့် မူလက ရှိနေခဲ့ပြီးဖြစ်သော သူနှင့် ကောင်းကင်အလောင်းနှစ်ကောင်ကြားမှ ဆက်သွယ်မှုက ပိုမို ခိုင်မြဲသွားလေသည်။

ကောင်းကင်အလောင်းနှစ်ကောင်က သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။

သူတို့၏ မျက်လုံးများက ချစ်ခင်ရင်းနှီးခြင်း အရိပ်အယောင်များပင် ဖော်ပြလျှက်ရှိပြီး ရှီယန့်ထံမှ တစ်စုံတစ်ရာ စောင့်ဆိုင်းနေသကဲ့သို့ စူးစိုက်ကြည့်နေကြပြီဖြစ်သည်။

ထိုခံစားချက်က အံ့သြဖို့ကောင်းသည်။

ရှီယန်က ကောင်းကင်အလောင်းနှစ်ကောင်ကို သူ့စိတ်ကြိုက် စေခိုင်းလို့ ရနေကြောင်း ခံစားလို့ရနေသည်။

သူကလည်း ရင်းနှီးခင်မင်သော ၀ိညာဉ်အသိအားလှိုင်းတစ်ခု ပြန်လည်ဖော်ထုတ်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေကြသော ယင်ယန်နယ်မြေထူးမှ သိုင်းသမားအချို့ထံ ညွှန်ပြလိုက်လေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now