251

1K 120 0
                                    

God of Slaughter (chapter – 251)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၁) အသိစိတ်ပင်လယ် ပြောင်းလဲခြင်း

သံစဉ်သားရိုင်းတောင်…

သံစဉ်သားရိုင်းတောင်ပေါ်တွင် လောင်ကျွမ်းတောက်ပသော မီးလျှံများ စုဝေးနေပြီး မြောက်များလှစွာသော မီးဘောလုံးများ ဧရာမကျောက်ဂူကြီးထဲသို့ ကြမ်းတမ်းစွာ ပစ်သွင်းနေသည်။

ဂူအ၀င်ဝသည် သီးသန့်ဆန်သော ယင်အအေးဓါတ်များဖြင့် သိပ်သည်းနေကာ အဆက်မပြတ် ပြန်လည်ဖွဲ့စည်းနေသည်။
ကောင်းကင်မီးလျှံကို ပစ်သွင်းလိုက်လျှင် ထို ထူးဆန်းသော ယင်စွမ်းအင်များကလောင်ကျွမ်းမှုကြောင့် ပြတ်တောက်သွားသည်။
တစ်ဝုန်းဝုန်းအသံများ ထွက်ပေါ်လာပြီးနောက် မှုန်ဝါးသော ယင်အရှိန်အ၀ါများက ပြန်လည်စုဝေးလာပြန်သည်။

သံစဉ်သားရိုင်းတောင်ကြီးပေါ်တွင် မိုးကြိုးများလည်း ပြင်းထန်ကြမ်းတမ်းစွာ ပစ်ချနေသည်။
လင်းလက်တောက်ပသော ၀ိညာဉ်မြွေကြီးများသဖွယ် ကောင်းကင်ထက်မှ ထိုးဆင်းလာပြီးနောက် ကျောက်တောင်ကြီးကို ထိမှန်သည်။

ရှီယန်က ဂူအ၀င်ဝနှင့် သိပ်မဝေးသောနေရာတွင် ရပ်နေခြင်းဖြစ်သည်။
သူက ကောင်းကင်မီးလျှံစွမ်းအင်ကို အသုံးပြုပြီး ဂူဝရှိ ယင်ကီအကာအကွယ်ကို ဖျက်ဆီးရန်ကြိုးစားနေခြင်းဖြစ်သည်။

သံစဉ်သားရဲကြီးများက ပြေးထွက်လာကြကာ ခတ္တမျှ တစ်ရစ်ဝဲ၀ဲလုပ်နေကြသော်လည်း ရှီယန့်ကို မြင်သောအခါ ကျောက်တောင်ကြီးအနောက်ဖက်သို့ သွားရောက် ပုန်းကွယ်နေကြသည်။
ထို့နောက်တွင်တော့ ဘယ်သားရဲမျှ ထွက်မလာရဲတော့ပါ။

ရှီယန်က သူတို့၏ ယင်ကီများကို စုပ်ယူနိုင်သည့်အပြင် ကောင်းကင်မီးလျှံလည်း အသုံးပြုနိုင်သေးသည်။
ဒါက သံစဉ်သားရဲများအတွက် ကြောက်စရာ အကောင်းဆုံးသော ရန်သူတော်ကြီးပင်ဖြစ်သည်။

အဆင့်အမြင့်ပိုင်းမှ သားရဲကြီးများပင် သူတို့၏ သဘာဝ ကပ်ဆိုး ဖြစ်သော ကောင်းကင်မီးလျှံကို ရှီယန့် ခန္ဓာကိုယ်တွင် တွေ့ရှိသောအခါ သူတို့ ရှီယန့် ပတ်ဝန်းကျင်သို့ပင် ခြေဦးမလှည့်ရဲကြချေ။
ရှေးဟောင်း ကျောက်တုံးမြို့တော်အပြင်ဖက် တောအုပ်တွင် ရင်ဆိုင်ခဲ့ဖူးသော သားရဲများဆို ပိုဆိုးသည်။
သူတို့က အပတ်တကုတ် ကြိုးစား ကျင့်ကြံထားရသော ယင်ကီစွမ်းအင်များကို ရှီယန် လိုက်လံစုပ်ယူနေမည်ကို စိုးရိမ်တကြီးရှိကြသောကြောင့် ရှီယန် အနှောက်အယှက်ဖြစ်အောင် ဘာသံမှပင် မထွက်ရဲကြချေ။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now