အပိုင်း ၂၂၈

1.3K 153 0
                                    

God of Slaughter (chapter - 228)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၈) တိုက်ပွဲ

နန်းတော်ပျက်ကြီးမျာ အနောက်ဖက်...
ယန်မိသားစုသိုင်းသမားအကုန်လုံးသည် ဥက္ကာပျံအစီအရင်ထဲသို့ ၀င်သွားခဲ့ကြပြီးဖြစ်သည်။

ယခု အပြင်တွင် ကျန်ခဲ့သူများကတော့ ယန်မူ ယန်ခ လီဖန်းအာနှင့် ရှီယန်တို့သာဖြစ်သည်။

သို့သော်လည်း ချောင်ကျီလန်းတို့ ဖန်ကျိတို့ဖက်တွင် သိုင်းသမားက တစ်ရာနီးပါးရှိသည်။
ပြီးတော့ ချောင်ကျီလန်း ဖန်ကျိ ရှီးခွေ ချူးရန်ချင်း နှင့် ဂူလင်းလောင်တို့ကလဲ သူရဲကောင်းစာရင်းတွင် ပါဝင်သော ထိပ်တန်းပုံရိပ်များဖြစ်ကြသေးသည်။
သူတို့ငါးယောက်နှင့်ပင် ရှီယန်တို့လူစုကို ရင်ဆိုင်ဖို့ လုံလောက်နေပြီဖြစ်သည်။

ရှီယန်က ချောင်ကျီလန်း၏ ထိန်းချုပ်မှုများအတွင် ရောက်ရှိသွားသောအခါ ယန်မူက သူ့ကို ကယ်တင်ရန် ကြိုးစားရင်းဖြင့်ပင် အခြေအနေက ရှုပ်ထွေးသွားသည်။
ထို့နောက်တွင်တော့ ယန်ခနှင့် လီဖန်းအာသည်လည်း သူတို့အတွက် အခွင့်အလမ်း နည်းပါးသည်ကို သိသိကြီးနှင့် ပြန်လှည့်ကာ ယန်မူနှင့် ပူပေါင်းလိုက်ကြပြန်သည်။

တိုက်ပွဲတွင် ရှီယန်က နောက်ဆုံးတော့ သူ၏ ဒေါသမုန်တိုင်း ဒုတိယအဆင့်ကို ဖော်ထုတ်လိုက်ပြီဖြစ်သည်။
ပျက်သုန်းခြင်းစွမ်းအင်များက အလုံးအရင်းဖြင့် သူ့သွေးများထဲ ရောနှောသွားကြသည်။

ရှီယန်က နှစ်ဆတိုးလာသော ခွန်အားဖြင့် ချောင်ကျီလန်းကို ရင်ဆိုင်နေပြီဖြစ်သည်။

ကြောက်မက်ဖွယ်ရာ နတ်ဆိုးတစ်ကောင်၏ ခွန်အားမျိုးဖြင့် အရံအတား စွမ်းအင်စီးကြောင်းများကို အဝေးသို့ တွန်းထုတ်ပစ်ခဲ့သည်။
ချောင်ကျီလန်းနှင့် ရှီယန် တကယ် ထိပ်တိုက်ရင်ဆိုင်နေပြီဖြစ်သည်။

ရှီယန့်ထံမှ မုန်းတီးခြင်း ကြောက်ရွံ့ခြင်း မျှော်လင့်ချက်မဲ့ခြင်း သွေးဆာသတ်ဖြတ်လိုခြင်း ရက်စက်ကြမ်းကြုတ်ခြင်း စသော ပျက်သုန်းခြင်းစွမ်းအင်များသည် လေဆင်နှာမောင်းကြီးသုံးခုသဖွယ် သီးခြားဖြစ်တည်လာပြီး ကောင်းကင်ထက်သို့ ထိုးတက်သွားကြသည်။
ရှီယန် လမ်းလျှောက်လာသောအခါ ထို မကေ၈ာင်းဆိုးဝါးစွမ်းအင်များက ဧရာမ ကျောက်တောင်ကြီးများကဲ့သို့သော မိစ္ဆာပုံရိပ်များအသွင် ပြောင်းလဲသွားကြသည်။
ဒါက ဧရာမ တစ္ဆေကြီးသုံးကောင်...

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now