310

621 96 0
                                    

Chapter 310: နတ်မင်းသုံးပါးဂိုဏ်း အကြီးအကဲများ

ပြင်းထန်သော စွမ်းအင်ပေါက်ကွဲမှုကြီးပြီးနောက် ရေတိုင်လုံးကြီးနှစ်ခုလဲ ပျက်စီးသွားကြသည်။

ရေမြှားစက်မြှားတံများ လွင့်စင်ထွက်ကုန်သည့်အချိန်တွင် ရှီယန်နှင့် မန်ဂူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်ကာ ကြောက်မက်ဖွယ်ရာ အနီးကပ် တိုက်ခိုက်နေကြပြီဖြစ်သည်။

အားပါပြင်းထန်လှသော လက်သီးရိပ်များ ရှုပ်ထွေးသွားကြပြီး စွမ်းအင်ပေါက်ကွဲမှုများမှ မိုးထစ်ချုန်းသလို အသံကြီးများ ထွက်ပေါ်လာသည်။

မျက်စိကျိန်းမတတ် ထွက်ပေါ်လာသော စွမ်းအင်အလင်းတန်းများကြောင့်လည်း သူတို့နှစ်ယောက်၏ ပုံရိပ်က မပြတ်မသားဖြစ်လာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့နှစ်ယောက် တိုက်ကွက်မည်မျှ ထုတ်ပြီးသွားပြီကို မခန့်မှန်းနိုင်တော့ချေ။

"ဘုန်း...."

ဖျတ်ကနဲ ခုန်ဆုတ်သွားကြပြီးနောက် အလင်းတန်းနှစ်ခုသဖွယ် ပြေးဝင်ရင်ဆိုင်ကြပြန်သည်။

ရေကန်အလယ်တွင် တွင်းချိုင့်ကြီးဖြစ်သွားပြီးနောက် ရေလုံးကြီးများက မြင့်မားစွာ ကြွတက်သွားကြသည်။

ကြီးမားသော လှိုင်းလုံးကြီးများဝန်းရံကာ လှုပ်ရှားတိုက်ခိုက်နေကြသူနှစ်ယောက်ကို မြင်ရသည်မှာ ရှေးတုန်းက ရေနဂါးကြီးနှစ်ကောင် ပင်လယ်ထဲတွင် တိုက်ခိုက်နေကြသည့်အလားပင်ဖြစ်သည်။

မိုးပေါ်သို့ ထိုးတက်သွားသော ရေလှိုင်းလုံးကြီးများက အားကုန်သောအခါ ရပ်တန့်သွားပြီး မိုးရွာချသလို ရေမှုန်ရေမွှားများအဖြစ် ပြန်ကျလာသည်။

"ငါ့လခွီး...ဘာမှ မမြင်ရတော့ဘူး"

"ဟေ့...ဟေ့ ဘာလို့ အတင်းတိုးနေတာလဲ...ချီးတဲ့မှ"

"အာ...ငါ့ရှေ့က ပိတ်မနေနဲ့ သေချာမြင်ချင် အောက်ဆင်းပြီးကြည့်"

"မင်းဆင်းလေ..သေတောင်သွားဦးမယ်..."

ပျော်ပွဲရုံ အပေါ်ဘက်တွင် သိုင်းသမားများစွာသည် တိုးဝှေ့နေကြရင်း တိုက်ပွဲကို သေချာကြည့်မြင်လိုကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now