263

985 124 0
                                    

God of Slaughter (chapter – 263)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၆၃) ညှာတာမှုကင်းသော

“ဒီလူကောက်လေး ခုတလော ဘာတွေလုပ်နေလဲ”
အလွန်မြင့်မားလှသော အမိုးချွန်ချွန် ခံတပ်ကြီး၏ ထိပ်ဖျားတွင် မီးခိုးရောင်တောင်ပံကလန် ခေါင်းဆောင်ကြီး ထူလုံ ရှိနေသည်။
သူက စိတ်လက်မကြည်မသာဖြင့် မေးသည်။

ယုရိုနှင့် တိရှန်းသည်လည်း ထူလုံနှင့်အတူပင်ဖြစ်သည်။
သူတို့နှစ်ယောက်စလုံး ထူလုံ့ထံ လှမ်းကြည့်လိုက်ကြသော်လည်း ဘာမှ မတုံ့ပြန်ကြ။

သိပ်မကြာမီ ယာမန်း၊ ခါ့ဘာနှင့် ယီတျန်းမိုတို့ သုံးယောက်လည်း ခံတပ်ပေါ်သို့ ရောက်ရှိလာကြသည်။
သူတို့၏ မျက်နှာများက တစ်မျိုးကြီးဖြစ်နေကြသည်။

မိစ္ဆာသံစဉ်ကလန်၏ ခေါင်းဆောင်သုံးယောက်စလုံးပင် အင်မတန် ကောင်းမွန်သော စွမ်းအင်ကျင့်ကြံမှု အဆင့်အတန်းများရှိကြသည်။
သူတို့၏ ၀ိညာဉ်စွမ်းအင်သည်လည်း ကြောက်စရာကောင်းလောက်အောင် ထူးခြားကောင်းမွန်သည်။
သူတို့က သံစဉ်သားရိုင်းတောင်ကြီးမှ အခြေအနေများကို ရှေးဟောင်းကျောက်တုံးမြို့တော်တွင် နေထိုင်ရင်းဖြင့်ပင် အသေးစိတ် သိရှိခံစားနိုင်သည်။

ယခုအချိန်တွင် ထိပ်သီး တန်ခိုးရှင်ခြောက်ဦးစလုံး ရှေးဟောင်း ခံတပ်ကြီးပေါ်တွင် ရောက်ရှိနေကာ သံစဉ်သားရိုင်းတောင်ကြီးကို ကြည့်နေကြခြင်းဖြစ်လေသည်။

ထိုနေရာရှိ ကောင်းကင် အက်ကြောင်းများသည် ပိုမို ကျယ်ပြန့်လာနေသည်။
ထို အက်ကွဲကြောင်းကြီး တစ်ခုချင်းစီသည်သတ္တ၀ါကောင်ကြီးများနှယ် သက်ရှိမျိုးစိတ်များ အားလုံးကို ၀ါးမျိပစ်တော့မည်ကဲ့သို့ ထင်ရသည်။
ထို နေရာတွင် မိုးကြိုးလျှပ်စီးများက နွယ်ရှင်များသဖွယ် ရစ်ပပတ် လင်းလက်လျှက်ရှိသည်။

နက်ရှိုင်းသော ကောင်းကင်အက်ကွဲကြောင်းများထဲတွင် မိုးကြိုးလျှပ်စီးများက စတင်ရုန်းကြွနေကြပြီဖြစ်ပြီး ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။
ထိုအင်အားက ကောင်းကင်နှင့် မြေကြီးကို ဖြိုဖျက်ရန်ပင် လုံလောက်ဟန်တူသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now