345

627 96 0
                                    

Chapter 345: အမွေဆက်ခံသူ

ခမ်းနားသိုက်မြိုက်လှသော ကြယ်တာရာ ပင်လယ်ပြင်ကြီးဖြစ်သည်။

မရေမတွက်နိုင်သော ကြယ်တာရာများ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသည်မှာ အဆုံးသတ်မရှိသော ကြယ်ပင်လယ်ကြီးအလားပင်ဖြစ်သည်။

ဒီနေရာတွင် ကြယ်များသာရှိသည်။

တစ်ခါတစ်ရံ အလွန်နီးကပ်နေသယောင်ယောင်နှင့် တစ်ခါတစ်ရံလည်း ဘယ်တော့မှ မရောက်ရှိနိုင်တော့လောက်အောင် အလွန်အမင်း ဝေးကွာနေသလို...။

ရှီယန့် အကြီးအမှူးဝိညာဉ်သည် အဆုံးအစမဲ့ ကြယ်ပင်လယ်ထဲတွင် နစ်မြုပ်နေသည်။

မြောက်များစွာသော ကြယ်တာရာအလင်းများ သူ့ထံ စုဝေးလာကြသည်။

သူ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကြသည်။

ကြယ်တာရာ အလင်း တစ်ခုချင်းစီသည် ရှည်လျားသော မှတ်ညာဉ်အပိုင်းအစများကို သယ်ဆောင်လာကြသည်။

ထိုမှတ်ညာဉ်များသည် ရှီယန့် ၀ိညာဉ်တွင် တံဆိတ်ခတ်နှိပ်သလို စွဲထင်မြှုပ်နှံကြသည်။

ကြယ်တာရာ ပင်လယ်ပြင်ကြီးထဲတွင် အံ့မခန်း ခံစားချက်များနှင့်အတူ ကြယ်များမှလွဲပြီး ဘာမှမရှိသော စကြ၀ဠာကြီးထဲ မျောလွင့်နေသလို ခံစားရသည်။

မရေမတွက်နိုင်သော ကြယ်စင်အလင်းများမှ ယူဆောင်လာပေးသော မှတ်ဥာဏ်များ စုဝေးပေါင်းစည်းလာကြသည်။

ထိုအခါ ရှီယန်သည် ကြယ်တာရာများ၏ လျှို့ဝှက်ဆန်းကြယ်မှုကို တဖြည်းဖြည်း နားလည်သဘောပေါက်လာပြီဖြစ်သည်။

ကြယ်တာရာများ၏ ရွေ့လျားမှုကို အချိန်ယူကာ သုံးသပ်သည်။

ရှီယန်က ကြယ်တစ်စင်းပေါ်တွင် တက်ရပ်နေပြီး သူ့တစ်ကိုယ်လုံး ကြယ်စင်အလင်းစက်များ စုဝေးနေကြသည်။

၎င်းတို့သည် သူ့ကိုယ်ထဲသို့ ၀င်ရောက် လှည့်ပတ်ကြသလို ကြယ်များ၏ အတွင်းအားလှိုင်းများကိုလည်း ခံစားရသည်။

ရှီယန်က ကြယ်ကြွေသလိုမျိုး ရှေ့သို့ ခုန်ထွက်သွားရာ ဟင်းလင်းပြင်၏ အတားအဆီးများကို ကျော်လွန်ဖြတ်သန်းသွားနိုင်သော အလင်းအလျှင်မျိုးဖြင့် ပစ်လွင့်သွားသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now