284

1K 117 0
                                    

God of Slaughter (chapter – 284)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၈၄) ဧည့်သည်များ

ယီတျန်းမိုတို့ သုံးယောက်သားနှင့် တိရှန်း၊ ယုရိုတို့သည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ  လေးနက်သော မျက်နှာများဖြင့်ရှိနေကြသည်။သူတို့ခန္ဓာကိုယ်မှ ကီစွမ်းအင်လှိုင်းများ ဖြာထွက်နေခြင်းမရှိသော်လည်း သူတို့ထိုင်နေသော နှင်းပြင်သည်တော့ စတင်အရည်ပျော်နေပြီဖြစ်သည်။
သူတို့၏ ၀ိညာဉ်ဖြာလှိုင်းများက မြေကြီးထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။
နှင်းနဂါးတောင်ကြီးတစ်ခုလုံးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်စူးစမ်းနေကြလေသည်။

မိစ္ဆာသံစဉ်ကလန်လူများ၏ ကိုယ်ခန္ဓာသည် လူသားများနှင့် မတူညီပါ။
၎င်းတို့က ယင်ဓါတ်သဘာဝကို ပိုင်ဆိုင်သည်။
သူတို့ ခန္ဓာကိုယ်တည်ဆောက်ပုံက ၀ိညာဉ်စွမ်းအင်ကို အများဆုံး ဖော်ထုတ်နိုင်အောင် ပုံစံထုတ်ထားသကဲ့သို့ဖြစ်သည်။

သူတို့ သုံးယောက်သည် မိစ္ဆာသံစဉ်ကလန်၏ ခေါင်းဆောင်ကြီးများဖြစ်ကြသည်။
သူတို့၏ အသိစိတ်ပင်လယ်၊ ၀ိညာဉ်အသိနှင့် အကြီးအမှူးဝိညာဉ်အပေါ် နားလည်သဘောပေါက်မှုက ရှီယန်၊ တိရှန်းနှင့် ယုရိုတို့ထက် အပြတ်အသတ် သာလွန်သည်။
ခိုင်ရာပင်လယ်ပြင်ရှိ နတ်ဘုရားအဆင့်ရှိ ထိပ်သီးသိုင်းပညာရှင်များပင် ဒီခေါင်းဆောင်သုံးယောက်နှင့် ရင်ဆိုင်ရလျှင် စိတ်ဝိညာဉ် ဖိနှိပ်ခြင်း ခံရပေလိမ့်မည်။

သူတို့နှင့်သာ တိုက်ရိုက် ၀ိညာဉ်တိုက်ခိုက်မှု ပြုလုပ်ပါက ခိုင်ရာပင်လယ်ရှိ သိုင်းသမားများ ရှုံးနိမ့်သွားဖို့ရာ ကိုးဆယ်ရာခိုင်နှုန်း သေချာသည်။

နုနယ်သိမ်မွေ့သော ၀ိညာဉ်အားလှိုင်းများ…
ရှီယန်၊ တိရှန်းနှင့် ယုရိုတို့ပင် သတိမပြုမိနိုင်သော ထိုအားလှိုင်းများသည် နှင်းနဂါးတောင်ကြီးတစ်ခုလုံးကို ဖြန့်ကျက်လွှမ်းခြုံကာ တောင်၏ ဟိုးအောက်ခြေ အနက်ဆီအထိ တဖြည်းဖြည်း ထိုးဖောက်ဝင်ရောက်နေကြသည်။

နှင်းနဂါးတောင်ပေါ်တွင် သတ္တ၀ါတစ်ချို့တော့ ရှိနေပါလိမ့်မည်။
အချို့ အဆင့်လေး အဆင့်ငါး မိစ္ဆာသားရဲများ သို့လည်းမဟုတ် ဟိုး မြေအောက်တွင် နေထိုင်ကျက်စားသော အင်းဆက်များ။
ထိုသတ္တ၀ါများသည်လည်း အသက်ရှိနေသောကြောင့် သူတို့သည်လည်း အသက်ဓါတ် ဖြာထွက်မှုများ ထုတ်လွှတ်ပါသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now