250

1K 121 0
                                    

God of Slaughter (chapter – 250)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၅၀) ညှိနှိုင်းသူ

သိပ်သည်းလှသော မီးခိုးရောင် တိမ်ထုများက ပျက်ပြယ်သွားခြင်းမရှိသေးပဲ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။
ထိုတိမ်ထုများက သံစဉ်သားရိုင်းများထံမှ ထွက်ပေါ်လာသော ယင်ကီများဖြစ်သည်။

သံစဉ်သားရဲများသည် သူတို့၏ သံစဉ်သားရိုင်းတောင်ကြီးပေါ်မှ ဆင်းသက်လာကြရာတွင် သူတို့နှင့်အတူ လေးလံသိပ်သည်းသော ယင်ကီများကို သယ်ဆောင်လာခဲ့ကြသည်။
သဘာဝ ယင်စွမ်းအင်သည် ၄င်းတို့၏ စွမ်းအင်အရင်းအမြစ်ပင် မဟုတ်ပါလား။
သူတို့ အသက်ရှင်သန်ဖို့ အခြေခံအကျဆုံး လိုအပ်ချက်လဲဖြစ်ပေသည်။

ယင်ကီများဖြင့်ပင် ဖန်တီးထားသော စုပ်ဝဲကြီးများသည် ဆွဲအား ပြင်းလွန်းသည်။
ထို စုပ်ဝဲကြီးများသည် ကောင်းကင်နှင့် မြေကြီးကြားရှိ ယင်ကီစွမ်းအင်များကိုသာမက သံစဉ်သားရဲများ၏ ကိုယ်ထဲမှ ယင်ကီများကိုပါ စုပ်ယူနေခြင်းဖြစ်သည်။

စုပ်ဝဲကြီးများ၏ အလယ်ဗဟိုတွင်တော့ ယင်သဘာဝစွမ်းအင်များကို အဆက်မပြတ် လှည့်ပတ်ခြင်းဖြင့် ပျစ်ခဲသိပ်သည်းစေကာ သန့်စင်သော ယင်ကီစွမ်းအင်များအဖြစ် သူ့ရင်ဘတ်ထဲသို့ ၀င်ရောက်သွားကြပြီး ယင်ကီပုလဲများ ဖြစ်တည်လာစေသည်။

အမှောင်နည်းစနစ်က အံ့ဖွယ်ပင်ဖြစ်သည်။
မျှော်လင့်မထားလောက်အောင်ပင် ကြောက်စရာ အစွမ်းထက်လှပြီး ပတ်ဝန်းကျင်ရှိ သားရဲများထံမှ ယင်ကီများကိုပင် စုပ်ယူနေသည်။

မီးခိုးရောင်များ ရင့်သည်ထက် ရင့်ကာ မည်းမှောင်နေသော ယင်တိမ်ထု အလွှာကြီးအလယ်တွင် ရှိနေသော ရှီယန့်ဦးခေါင်းထက်ရှိ ၀ဲကတော့ကြီးများသည် ပိုမို ကြီးထွားလာနေတုန်းပင်ဖြစ်ပြီး ဆွဲငင်အားကလဲ ကြောက်ခမန်းလိလိပင် ဖြစ်လာသည်။

မြောက်များလှစွာသော ယင်ကီများသည်လည်း ၀ဲကတော့ကြီးများထဲတွင် သန့်စင်သော ယင်စွမ်းအင်များအဖြစ် ပြောင်းလဲနေကြသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now