အပိုင်း ၂၂၄

1.3K 153 0
                                    

God of Slaughter (chapter – 224)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၄) ဥက္ကာပျံ အစီအရင်

နန်းတော်ပျက်ကြီး ကိုးခု…
ကျောက်တိုင်ကြီးများဖြင့် တည်ဆောက်ထားပြီး အောက်ခြေတွင် အရိုးဖြူဖြူများ ပြည့်နှက်နေသည်။
နန်းတော်ကြီးများက ကြီးမားလွန်းလှသောကြောင့် တစ်ခုချင်းစီသည်ပင် ကျောက်တောင်ငယ် တစ်လုံးစာခန့်ရှိသည်။

ထို နန်းတော်ကြီးများမှ တိုင်လုံးကြီး တော်တော်များများပင် ကျိုးပျက်နေကြပြီဖြစ်ပြီး နန်းတော် သုံးခုဆိုလျှင် မည်သည့် ထောက်တိုင်မှ ထောက်ကန်မထားတော့သောကြောင့် အချိန်မရွေး ပြိုကျသွားတော့မည့်အလားပင်ဖြစ်သည်။

“ဟာကွာ…ဒီကို လူတွေ အများကြီး ရောက်ခဲ့ပြီးပြီထင်တယ်….ဒီအရိုးတွေက တော်တော်လေး သန့်ရှင်းနေတယ်…ယူစရာဆိုလို့ အ၀တ်အစားအပိုင်းအစလေးတောင် မကျန်တော့ဘူး”
ယန်ခက ခေါင်းခါယန်းရင်း စောဒက တက်နေသည်။
သူက အရိုးများအကြား လျှောက်သွားနေသော်လည်း ဘာမှ ရှာမတွေ့ပါ။

ရှီယန်ရောက်လာသောအခါ ဘာမှ မလှုပ်ရှားသော်လည်း ဒီအထဲမှာ ဘာရတနာမှ မရှိသည်ကို သူ သိရှိပြီးဖြစ်သည်။

“ဒါပေါ့…ငါ နင်တို့ကို ပြောခဲ့သားပဲ…ဒီမှာ ဘာမှ ရစရာမရှိပါဘူးဆို…”
လီဖန်းအာက ရယ်မောရင်း
“ဒီ နန်းတော်တွေထဲက အတားအဆီးတွေက ပျက်စီးကုန်ပြီးပြီ…ငါတို့တောင် အထဲဝင်နိုင်ရင် သေချာတာပေါ့…တခြားသူတွေလဲ ၀င်နိုင်မှာပဲလေ…နင့်အတွက် ဘာကျန်တော့မှာလဲ…နောက်ဆုံးတစ်ခေါက် ငါ ဒီကိုရောက်တုန်းကလဲ သေချာရှာကြည့်ခဲ့သေးတယ်…ဘာမှကိုမရှိတာ…နင် တစ်ခုခု ရှာတွေ့တယ်ဆိုမှသာ အရမ်း ထူးဆန်းမှာ…”

“ဟုတ်ပြီ…ဒီနေရာက အန္တရာယ်ကင်းတယ်…”
ယန်မူက ခေါင်းငြိမ့်သည်။
သူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်
“ဖန်ကျိတို့ကောင်တွေ မကြာခင်ရောက်လာကြတော့မယ်ထင်တယ်..ဒီနေရာက တော်တော်လေး ကျယ်တယ်ဆိုတော့ တိုက်ခိုက်ဖို့ အဆင်ပြေတယ်…အင်း…ပြသနာက သူတို့နဲ့အတူ လူဘယ်လောက်များများ ပါလာမလဲ မသိတာပဲ…သူတို့က လူအင်အား အရမ်းများပြီး တစ်ပြိုင်နက်ထဲ ရောက်လာခဲ့မယ်ဆိုရင်တော့ သူတို့ကို သတ်ဖို့က ခက်ခဲ့သွားပြီ…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now