အပိုင်း ၂၂၅

1.3K 153 0
                                    

God of Slaughter (chapter - 225)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၅) ချောင်းမြောင်းခြင်း

နန်းတော်ပျက်ကိုးခုထဲတွင် ရှီယန် ယန်မူ နှင့် ခြားလူများ၏ အမူအယာများသည် အရေးတကြီးဖြစ်နေကြသည်။
သူတို့က တစ်စုံတစ်ရာကို စောင့်မျှော်နေကြခြင်းဖြစ်သည်။

ဒီတစ်ကြိမ် ဂျန်းဟူကွမ်းက ဥက္ကာပျံအစီအရင်ထဲတွင် အရင်ကထက်ပိုပြီး အချိန်ကြာနေသည်။
အချိန်ကိုက်ပင် ဖန်ကျိ ချောင်ကျီလန်းနှင့် အခြားလူများကလဲ ရောက်လာနေကြပြီဖြစ်သည်။
လူတိုင်းက စိတ်စောနေကြသည်။
သူတို့၏ ဆုပ်ခွာရာလမ်းကြောင်းက အဆင်သင့်မဖြစ်သေးပေ။

ယန်ခက မျက်မှောင်ကြီးကြုံ့နေရင်း ဂျန်းဟူကွမ်းဝင်သွားခဲ့သော မီးခိုးရောင် တိမ်ထုကြီးအနီးသို့ လျှောက်သွားလိုက် ပြန်လှည့်လာလိုက်နှင့် ဂဏှာမငြိမ်နိုင်အောင်ဖြစ်နေသည်။

လီဖန်းအာက ကျောက်တိုင်ပြတ်ပေါ်တွင် မတ်တပ်ရပ်နေရင်း ရှေ့သို့ စူးစိုက်ကြည့်နေရင်းမှ အော်ဟစ်လိုက်ပြန်သည်။
"ကမ္ဘာမြေအဆင့် တစ်ရာလောက်ရှိတယ်ဟေ့...ဒီအင်အားက ငါတို့ထက် နှစ်ဆလောက် ပိုများနေတယ်...ပြီးတော့ ချောင်ကျီလန်းနဲ့ ရှီးခွေတို့လို ငကြမ်းတွေလဲပါလာပြီ...ငါတို့တော့ ပြသနာရှိပြီထင်တယ်..."

"ချောင်ကျီလန်း..."
ယန်မူက စိတ်များ လေးလံသွားသည်။
"ဒီအမျိုးသမီးက ချောင်မိသားစု မျိုးဆစ်သစ်ထဲက ထိပ်တန်းသိုင်းသမားပဲ...သူမတူအောင် သန်မာတယ်တဲ့...လူစွမ်းကောင်းစာရင်းမှာ အဆင့်သုံးနဲ့ ငါ့ထက် တစ်ဆင့်အမြင့်မှာရှိနေတယ်...ငါက သူမနဲ့ တစ်ခါမှ မတိုက်ဖူးဘူး...အဲ့ဒီတော့ သူမရဲ့ တကယ့် ခွန်အားကို မသိသေးဘူး...ဒါပေမဲ့ အဆင့်သုံးဆိုတော့ အားနည်းမှာမဟုတ်တာသေချာတယ်..."

ယန်မူက ခတ္တစဉ်းစားလိုက်ပြီးနောက် ရုတ်တရက်ပြောလိုက်သည်။
"အခြေအနေက အဆိုးဖက်ရောက်လာပြီဆိုတာနဲ့ ဦးလေးဂျန် ထွက်လာလာ မလာလာ ငါတို့က ဥက္ကာပျံအစီအရင်ထဲကို ၀င်ရမယ်..."

ယန်ရွှေ၏ မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီးနောက်ေ၇ရွတ်လိုက်သည်။
"အဲ့ဒီ ဥက္ကပျံအစီအရင်က အခုထိ မကျိုးပျက်သေးဘူးလေ...ငါတို့အထဲဝင်သွားရင် အများကြီး ဒုက္ခရောက်သွားမှာ စိုးရိမ်တယ်...နင်တို့လဲ တွေ့တာပဲ..အစီအရင်ပညာရှင် ဦးလေး ဂျန်တောင် အထဲမှာ ပိတ်မိ..မိ..အဲ..ငါတို့ အထဲလိုက်ဝင်သွားရင် ဦးလေးဂျန်ထက်ပိုဆိုးရုံပဲရှိတော့တာပေါ့..."

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now