242

1.1K 126 0
                                    

God of Slaughter (chapter – 242)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄၂) အားနည်းချက်ကိုယ်စီ

ပိန်ရှည်ရှည် ပုံရိပ်များသည် မီးခိုးရောင် အဆိပ်ငွေ့များ ပိုမိုထုတ်လွှတ်လာကြသည်။
သူတို့က ရှီယန်နှင့် စူးပိုင်တို့ကို တင်းကြပ်စွာ ရစ်သိုင်းလိုဟန်ဖြင့် သိပ်သည်းလာကြသည်။

ေ၀၀ါးသော မီးခိုးငွေ့များထဲမှ တဖြည်းဖြည်း ရှေ့တိုးထွက်လာကြသောအခါ ထို ပိန်ရှည်ရှည် ပုံရိပ်များက ပိုမိုထင်ရှားလာကြသည်။
ထို အရာများသည် ထူးဆန်းသော ပုံပန်းသဏ္ဍန်ရှိ မိစ္ဆာသားရဲများသာဖြစ်ပါသည်။
ဖြူခြောက်ခြောက်အသားအရေနှင့် ကလေးမျက်နှာအသွင်အပြင်ရှိ သားရဲများဖြစ်ကြသည်။
သို့သော်လည်း ပါးစပ်များထဲတွင်တော့ သွားချွန်များက ပြည့်နှက်နေသည်။

ဆယ်မီတာခန့် ရှည်လျားကာ ပိန်လှီတောင့်တင်းသော ခန္ဓာကိုယ်များနှင့် ကလေးမျက်နှာရှိသော သားရဲများဖြစ်ကြလေသည်။
ဖြူဖတ်ဖြူရော် ကလေးမျက်နှာများတွင် ပါးစပ်အပြည့် သွားချွန်များ ပါရှိနေသောကြောက် ခြောက်ခြားစရာ အော်ဂလီဆန်စရာ ကောင်းလှသည်။

နတ်ဆိုးကလေးငယ် သားရဲများ…

၎င်းတို့၏  ခန္ဓာကိုယ်က အဆိပ်ဓါတ်ပါဝင်သော အေးစက်စက် ယင်ဓါတ်များ ဖြာထွက်နေသည်။
သူတို့၏ ၀ိညာဉ်က ထူးခြားသည်။
သူတို့၏ ဦးနှောက်ကို သီးသန့် အမြှေးပါးတစ်ခုက ဖုံးအုပ်နေသောကြောင့် မည်သည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်းရှိနေလေသည်။
သူတို့၏ လှုပ်ရှားမှုများက တော်တော်ကို လျှင်မြန်သည်။
တစ်ချက်နှစ်ချက် ယိမ်းထိုးလှုပ်ရှားရုံမျှဖြင့် မီတာ သုံးလေးဆယ်ခန့် ရှေ့ရောက်လာကြသည်။

အချိန်တိုအတွင်း နတ်ဆိုးကလေးငယ် သုံးကောင် ပေါ်ထွက်လာပြီဖြစ်သည်။
သူတို့၏ အစွယ်များ လက်သည်းချွန်များကို ထုတ်ဖော်ပြသရင်း ရှီယန်နှင့် စူးပိုင်ထံသို့ တိုးကပ်လာကြသည်။

စူးပိုင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုသည် ကောင်းကင်အဆင့်တစ်ယောက်နှင့် ညီမျှသော်လည်း ထို နတ်ဆိုးကလေးငယ်များနှင့် ရင်ဆိုင်ရချိန်တွင်တော့ အသုံးမကျပဲဖြစ်နေသည်။
ထို့ကြောင့် သူမက ရှီယန့်ကို အတင်းဆွဲကာ ဒီနေရာမှ ထွက်ခွာသွားရန်ပြောနေရခြင်းဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now