384

593 92 0
                                    

Chapter 384: အသိအမြင်သစ်များအသေးစိတ်ရှင်းပြပြီးနောက် ကျိယီက ရှီယန့်ကို အံ့အားသင့်စွာကြည့်နေရင်း"နင်က တကယ်ပဲ သန့်စင်ခြင်းအလင်း ဂိုဏ်းသားမဟုတ်ဘူးလား""ငါ့ရဲ့ ဒီသိုင်းဝိညာဉ်က အရှေ့ပင်လယ် နတ်မင်းသုံးပါးဂိုဏ်းကလာတာပါ..နတ်မင်းသုံးပါးဂိုဏ်းမှာ နေသူရိန်နတ်မင်း၊ လစန္ဒာနတ်မင်းနဲ့ ကြယ်တာရာနတ်မင်းတွေရှိကြတယ်...ငါ အမွေဆက်ခံထားတာက ကြယ်တာရာနတ်မင်းရဲ့ ကြယ်တာရာသိုင်းဝိညာဉ်ပါ...သန့်စင်ခြင်းအလင်း အသင်းတော်ကိုလည်းမသိဘူး ဒါပထမဆုံးကြားဖူးတာပဲ..."ရှီယန်ကလည်း ပြန်ရှင်းပြနေသည်။"ဟုတ်တယ်...အဲ့လိုပဲ..."လောင်လီက တစ်ချက်ပြုံးလိုက်ရင်း ၀င်ပြောသည်။"သန့်စင်ခြင်းအလင်းဂိုဏ်းမှာ နေ၊လနဲ့ကြယ်နတ်ဘုရားတွေရှိတယ်...အဲ့ဒီသုံးယောက်က ဂိုဏ်းရဲ့ အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တွေပဲ...သူတို့ရဲ့ အထက်မှာတော့ သန့်စင်ခြင်းအလင်း ဂိုဏ်းချုပ်ကြီးပဲရှိတော့တယ်...မင်းသုံးလိုက်တာ ကြယ်နတ်ဘုရားရဲ့ နည်းစနစ်ပဲ ဒါကြောင့် သဘာဝအားဖြင့် မင်းဟာ သန့်စင်ခြင်းအလင်းဂိုဏ်းရဲ့ တပည့်တစ်ယောက်အဖြစ် သတ်မှတ်လို့ရတယ်"ရှီယန့်မျက်လုံးများ ပြူးကျယ်သွားသည်။ကျီနှင့် လောင်လီတို့၏ ရှင်းပြမှုကြောင့် သူက တစ်စုံတစ်ခုကို ချက်ခြင်းနားလည်သွားသည်။အိုင်ရာတို့အုပ်စု၏ အပြောအရ အရှေ့ပင်လယ်၏ ဘိုးဘေးများသည် မြင့်မြတ်ခြင်းကုန်းမြေကြီးမှ ဖြစ်ကြသည်။နတ်မင်းသုံးပါးဂိုဏ်း၏ ဘိုးဘေးများသည်လည်း သန့်စင်ခြင်းအလင်းဂိုဏ်းမှ ဖြစ်ခဲ့ပုံရသည်။သန့်စင်ခြင်းအလင်း ဂိုဏ်း၏ သီးသန့် ဥာဏ်အလင်းများသည် မြင့်မြတ်ခြင်း ကုန်းမြေကြီးမှ တဆင့် သံလိုက်မြူအမှောင်ထုကို ဖြတ်သန်းကာ အရှေ့ပင်လယ်တွင် အခြေတည်ခဲ့ပုံရသည်။ထိုအခါ နတ်မင်းသုံးပါးဂိုဏ်း ဖြစ်လာလေသည်။နတ်မင်းသုံးပါးဂိုဏ်းသည် သန့်စင်ခြင်းအလင်းဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုဟုဆိုနိုင်ပေသည်။မြင့်မြတ်သော ကုန်းမြေဒေသသည် ကျက်သရေကုန်းမြေဒေသကြီး၏ အလယ်ဗဟိုဖြစ်သည်။သိုင်းပညာမျိုးစုံ၏ ပင်မအရင်းအမြစ်လည်းဖြစ်သည်။ယီကျောင်းဖန်က မှော်ရတနာဂိုဏ်းမှ တပည့်တစ်ယောက်ဟုပြောခဲ့သည်။အရှေ့ပင်လယ်၏ မှော်နယ်မြေထူးသည် မှော်ရတနာဂိုဏ်း၏ ဂိုဏ်းခွဲတစ်ခုပင်ဖြစ်ပေသည်။သူက ထိုအကြောင်းကို ပြောပြခဲ့သေးသည်မဟုတ်လော။အရှေ့ပင်လယ်နှင့် မြင့်မြတ်ခြင်းကုန်းမြေဒေသ၏ ဆက်နွယ်မှုကို ရှီယန် သဘောပေါက်သွားပြီဖြစ်သည်။"အင်း...မင်းတို့ သိုင်းပညာအပေါ် အမြင်က ငါတို့အရှေ့ပင်လယ်နဲ့ မကွာခြားဘူးပဲ..."ရှီယန်က စဉ်းစားတွေးတောနေပြီးမှ ပြောလိုက်သည်။"အရှေ့ပင်လယ်မှာ သိုင်းဝိညာဉ်ပိုင်ဆိုင်တဲ့ သိုင်းသမားတွေဟာ အဆင့်အတန်းမြင့်မားကြတယ်...လူတစ်ယောက် မွေးဖွားလာကတည်းက သူ့ရဲ့ သိုင်းဝိညာဉ်ဟာ သတ်မှတ်ပြီးသားပဲ...သိုင်းဝိညာဉ်ဆိုတာ သိုင်းသမားတစ်ယောက်အတွက် သိပ် အဖိုးတန်တယ်...အဖွဲ့အစည်းကြီးတွေ မိသားစုကြီးတွေဟာ အဆင့်အတန်းမြင့်မားတဲ့ သိုင်းဝိညာဉ် ပိုင်ဆိုင်သူတွေကို အမြဲတစေ လိုက်လံသိမ်းသွင်းနေကြတယ်..သိုင်းဝိညာဉ်တွေကိုလည်း အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားပြီး သူ့အဆင့်အတန်းအလိုက် သိုင်းသမားတွေရဲ့ အဆင့်အတန်းတွေဟာလည်း ကွဲပြားသွားတယ်...မင်းတို့ဆီမှာရော အဲ့လိုပဲမဟုတ်လား"အိုင်ရာ၊ ကျိယီ၊ လောင်လီနှင့် လောင်လွန်တို့သည် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။သူတို့မျက်လုံးများထဲတွင် အထင်သေးဟန်များ နှင့် သူတို့ မျက်နှာများတွင် စိတ်ပျက်ဟန်များ ဖြစ်ပေါ်လာသည်။အားလုံးပင် ခေါင်းတယမ်းယမ်းဖြစ်သွားကြလေသည်။ရှီယန် မျက်ခုံးများ ပင့်သွားသည်။ဒီလူတွေ၏ မျက်လုံးများ...သူ၏ သိုင်းဝိညာဉ်အပေါ် အမြင်သည် အနည်းငယ် တိမ်နေမှန်း ရှီယန် နားလည်လိုက်သည်။လောင်လီက တခွိခွိရယ်မောနေရင်းမှ အမြန်ရှင်းပြလိုက်သည်။"သိုင်းဝိညာဉ်ဆိုတာ မင်းတို့ဆီကလူတွေ တွေးထားသလို လျှို့ဝှက်ဆန်းကြယ်တဲ့အရာမဟုတ်ပါဘူး...ဒီလိုကွာ..သိုင်းဝိညာဉ်လို့ ခေါ်နေကြတဲ့ ဥစ္စာကိုက သိုင်းပညာအမျိုးအစား တစ်ခုပဲလေ..သိုင်းပညာ ဥာဏ်အလင်းတစ်မျိုးပေါ့...အဲ့လောက်လဲ မထူးဆန်းပါဘူး...ငါတို့တွေဟာ သိုင်းပညာ အမျိုးအစား အမျိုးမျိုးကို လေ့လာလိုက်စားကြတာပဲလေ..ဒါတွေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို အသုံးပြုပုံပြုနည်းတွေထဲက တစ်မျိုးပါပဲ""သိုင်းဝိညာဉ်က သိုင်းပညာပဲလား...မဟုတ်သေးပါဘူး..."ရှီယန်က နားမလည်စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။"ငါတို့ မြင့်မြတ်ခြင်းနယ်မြေမှာ သိုင်းဝိညာဉ်တွေကို အထူးပြုလေ့လာတဲ့ ရှေးဟောင်းကျောင်းတော်ကြီးတစ်ခုရှိတယ်လေ...အင်း...နင်တို့ အရှေ့ပင်လယ်မှာလဲ ရှိချင်ရှိမှာပဲ...သိုင်းဝိညာဉ်နန်းတော်လေ...သိုင်းဝိညာဉ်တွေဟာ သာမာန်ပါပဲ..."ကျိယီက ထူးမခြားနားဟန်ဖြင့် ပြုံးရင်း ရှင်းပြနေသည်။"အရှေ့ပင်လယ်သိုင်းသမားတွေရဲ့ သိုင်းဝိညာဉ်အပေါ် နားလည်သဘောပေါက်မှုက အပေါ်ယံပဲဖြစ်နေတာကိုး...နင်တို့ဆီကလူတွေက သိုင်းဝိညာဉ်တွေကို သိပ် အရေးပါတယ်လို့ မြင်ကြတယ်လား""ဒါဖြင့် တစ်ချို့လူတွေက သိုင်းဝိညာဉ်ကို မွေးရာပါ အမွေ ဆက်ခံနိုင်ကြပြီး တစ်ချို့မှာကျတော့ ပါမလာတာကရော ဘာသဘောလဲ"ရှီယန်က စဉ်းစားလို့မရနိုင်အောင်ပင်ဖြစ်နေသည်။"တစ်ချို့ လူတွေက မွေးရာပါ သိုင်းဝိညာဉ် အမွေဆက်ခံတယ်ဆိုတာ သူတို့ရဲ့ ဘိုးဘေးတွေထဲမှာ အစစ်အမှန်နတ်ဘုရားအဆင့် ရောက်ခဲ့သူတွေ ရှိနေလို့ပဲပေါ့"ကျိယီက ဘာမှ ဖုံးကွယ်မထားပါ။ တကယ်တော့ ထိုအချက်အလက်များက မြင့်မြတ်ခြင်းကုန်းမြေတွင် လူတိုင်းသိနေသော ဗဟုသုတများသာဖြစ်ပါသည်။"အစစ်အမှန်နတ်ဘုရားအဆင့် သိုင်းသမားတစ်ယောက်ဟာ သူ့ရဲ့ သိုင်းပညာ ဥာဏ်အလင်းတွေကို သူ့ မျိုးဆက်တွေဆီ လက်ဆင့်ကမ်းပေးနိုင်တယ်...သူတို့ရဲ့ သိုင်းပညာဥာဏ်အလင်းတွေကို မျိုးစေ့အဖြစ် အမွေပေးတဲ့သဘောပေါ့..." "ဟုတ်တယ်..."လောင်လီက ၀င်ပြောသည်။"သိုင်းပညာ ဥာဏ်အလင်းဆိုတာ ငါတို့ သိုင်းပညာတစ်ခုကို လေ့ကျင့်အောင်မြင်သွားတာနဲ့ အတူတူပဲလေ...လေ့ကျင့်အောင်မြင်ဖို့အတွက်အချိန်တွေ ရင်းနှီးမှုတွေ အများကြီး ပေးဆပ်ပြီး ကျင့်ကြံရတယ်မဟုတ်လား...သိုင်းဝိညာဉ် အမွေဆက်ခံတာကတော့ အဲ့ဒါက မျိုးစေ့တစ်ခုပဲ...အဲ့ဒီ မျိုးစေ့ ရှင်သန်နိုင်ခြင်း မရှင်သန်နိုင်ခြင်းနဲ့ပဲ ဆိုင်တယ်...ခက်ခဲတဲ့ ကျင့်ကြံမှုတွေအပေါ် မမူတည်တော့ဘူး...ငါတို့ မြင့်မြတ်ရာနယ်မြေမှာတော့ ရိုးရှင်းပါတယ်...မင်း သိုင်းဝိညာဉ်တစ်ခု လိုချင်တယ်ဆို အဲ့ဒါကို ၀ယ်လိုက်ရုံပဲလေ""ဘယ်လို...."သောက်ကျိုးနည်း...ရိုးရှင်းတယ်တဲ့လား...သိုင်းဝိညာဉ်ကို ရောင်းလို့ ရသလား....ရှီယန် ဘာမှ မတတ်နိုင်ပဲ သက်ပြင်းသာချလိုက်ရင်း"Merchant တိုင်းပြည်တို့ အရှေ့ပင်လယ်တို့မှာ သိုင်းသမားတွေဟာ သိုင်းဝိညာဉ်အပေါ် အရမ်း အလေးအနက်ထားကြတယ်...သိုင်းဝိညာဉ်ကိုသူတို့ရဲ့ အခြေခံအုတ်မြစ်တွေအဖြစ် ယူဆထားကြတယ်...သူတို့ အနာဂါတ်ကို အဆုံးအဖြတ်ပေးမယ့် အရာလဲဖြစ်တယ်...မြင့်မြတ်ခြင်းကုန်းမြေမှာကျ ဘယ်လိုလုပ်ပြီး သာမန်ပဲဖြစ်သွားတာလဲ...ဘယ်သူမဆို လိုချင်ရင် ရနိုင်တယ်ပေါ့...""ငါတို့ဆီမှာ သိုင်းဝိညာဉ်မျိုးစေ့တွေ ရောင်းချပေးတဲ့ ဆိုင်တွေ အများကြီးရှိတယ်...သိုင်းဝိညာဉ်မျိုးစေ့တွေမှာ မူလ အမှတ်တဆိတ်တွေလဲရှိကြတယ်...နာမည်အမျိုးမျိုး မှည့်ခေါ်ထားကြတာပေါ့...သဘောတရားကတော့ အတူတူပါပဲ မင်းခန္ဓာကိုယ်က သိုင်းဝိညာဉ်မျိုးစေ့ကို လက်ခံနိုင်မယ်ဆိုရင် အသီးအပွင့်ကို ခံစားလို့ရပြီလေ...သိုင်းပညာတစ်ခုကို ပေါက်မြောက်အောင်မြင်သွားတာနဲ့ အတူတူပါပဲ...ပြောရရင်တော့ သိုင်းဝိညာဉ်ဆိုတာ သိုင်းပညာအမျိုးအစား တစ်ခုပါပဲ"ရှီယန် ကြောင်ငေးလို့နေသည်။အရှေ့ပင်လယ်တို့ Merchant တိုင်းပြည်တို့တွင် အလွန်အမင်မတန် အဖိုးတန်သော သိုင်းဝိညာဉ်များကို မြင့်မြတ်ခြင်းကုန်းမြေဒေသတွင်တော့ ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းသလို ရောင်းချနေသည်။ဒါက သူ၏ ဘ၀တစ်လျှောက်လုံး သိမြင်နားလည်ခဲ့သမျှကို ရိုက်ချိုးနေခြင်းဖြစ်သည်။စဉ်းစားရင်း စဉ်းစားရင်း ရှီယန်က မပီမသ ပြုံးလိုက်ပြီးနောက်"သိုင်းဝိညာဉ်တွေနဲ့ သိုင်းပညာရပ်တွေက ဘာမှ မကွဲပြားဘူးလား...""ကွဲပြားမှုလဲ ရှိတာပေါ့..."အိုင်ရာက ၀င်ပြောလာသည်။"ဘယ်လိုတွေ ကွဲပြားတာလဲ""ကွဲပြားမှုတွေကို နားလည်ဖို့ အစစ်အမှန် နတ်ဘုရားအဆင့်တစ်ယောက်က သိုင်းပညာ အမွေပေးမှုပြုလုပ်နိုင်တာကို အရင် ပြောရမယ်..."အိုင်ရာက အတန်ကြာ တိတ်ဆိတ်သွားသည်။သူမက ရှီယန် နားလည်နိုင်မည့် စကားလုံးများကို ရွေးချယ်နေဟန်တူသည်။ပြီးနောက်"ပြောကြတာတော့ ရှေးရှေးတုန်းက အစစ်အမှန် နတ်ဘုရားအဆင့် သိုင်းသမားတွေဟာ သေလုမျောပါး ကပ်ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်ခဲ့ကြရတယ်...သူတို့ သေသွားရင် သူတို့ရဲ့ သိုင်းပညာ ဥာဏ်အလင်းတွေကို စကားလုံးတွေနဲ့ သင်ကြားပို့ချခြင်း မပြုနိုင်တော့ဘူးလေ...သူတို့ချန်ထားရစ်ခဲ့တဲ့ သိုင်းကျမ်းတွေကိုလည်း နောက်လူတွေ သဘောမပေါက်မှာတွေ မကျင့်ကြံနိုင်မှာတွေ စိုးရိမ်ကြတော့ ဖြတ်လမ်းနည်းတစ်ခုကို စဉ်းစားမိခဲ့ကြတယ်...အဲ့ဒါဟာ သိုင်းဝိညာဉ်အမွေဆက်ခံခြင်းပဲပေါ့...သူတို့ဟာ သိုင်းဝိညာဉ်အမွေဆက်ခံခြင်းနည်းစနစ်ကို အသုံးပြုပြီး သူတို့ရဲ့ မျိုးဆက်တွေဆီ သိုင်းပညာ ညာဏ်အလင်းတွေကို လက်ဆင့်ကမ်းခဲ့ကြတယ်...မျိုးဆက် မပြတ်သ၍ သူတို့ရဲ့ သိုင်းပညာတွေဟာ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းနေမှာပဲလေ...သိုင်းဝိညာဉ်ဆိုတာ စကားလုံးတွေထက် ပိုပြီး လျှို့ဝှက်ဆန်းကြယ်တာပေါ့...မွေးဖွားလာမယ့် မျိုးဆက်တွေဆီမှာ တိုက်ရိုက် သွတ်သွင်းပေးလိုက်တာပဲ...မွေးရာပါ အမွေဆက်ခံခြင်းဟာ မွေးရာပါ သိုင်းပညာတစ်မျိုး တတ်မြောက်လာခြင်းနဲ့ အတူတူပဲလေ""ဒါပေမဲ့ လောကကြီးမှာ ပြီးပြည့်စုံအောင် ကောင်းမွန်တဲ့အရာရယ်လို့တော့ ဘယ်ရှိပါ့မလဲ...သိုင်းဝိညာဉ် အမွေဆက်ခံသူတွေဟာ ပြင်းထန်တဲ့ လေ့ကျင့်စဉ်တွေကို ဖြတ်ကျော်စရာမလိုပဲ သိုင်းပညာကို တိုက်ရိုက်ဆက်ခံရရှိကြတယ်...နင့်ရဲ့ ကြယ်တာရာသိုင်းဝိညာဉ်ကို ဥပမာထားကြည့်..နင်သိုင်းဝိညာဉ် အမွေဆက်ခံချိန်မှာ နင့် နှလုံးသားက သန္ဓေပြောင်းလဲသွားတယ်...ကြယ်တာရာစွမ်းအင်တွေကို အလိုအလျောက် စုပ်ယူလာနိုင်တယ်...ဒါပေမဲ့ အဲ့ဒီလိုမျိုး ကြယ်တာရာစွမ်းအင်တွေကို စုပ်ယူနိုင်စွမ်းရှိလာအောင် လူတစ်ယောက်ဟာ ဘယ်လို နည်းလမ်းတွေနဲ့ ကျင့်ကြံခဲ့ရတယ် ဘယ်လို ပြောင်းလဲမှုတွေနဲ့ တစ်ဆင့်ချင်း တိုးတက်ခဲ့ရတယ်ဆိုတာတော့ နင်မသိနိုင်တော့ဘူး...တစ်နည်းပြောရရင် နင်ဟာ ကြယ်တာရာစွမ်းအင်တွေကို စုပ်ယူစုဆောင်းနိုင်တယ် ထုတ်ဖော်အသုံးပြုနိုင်တယ်...အဲ့ဒီ ကြယ်တာရာသိုင်းဝိညာဉ်ဆိုတဲ့ နှလုံးသား ဖြစ်ပေါ်လာအောင် ဘယ်လိုကျင့်ကြံရသလဲဆိုတာတော့ မသိနိုင်တော့ဘူး...ငါပြောတာ သဘောပေါက်လား..."ရှီယန်က ငေးငိုင်လို့သွားသည်။ မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီးနောက် နားလည်သဘောပေါက်သွားပြီဖြစ်သည်။ဒါက နားလည်ရန် လွယ်ကူပါသည်။ဥပမာအနေဖြင့် ဒေါသမုန်တိုင်း တတိယအဆင့်ကိုကြည့်။သူက ဒေါသမုန်တိုင်း တတိယအဆင့်သို့ ရောက်အောင် တစ်ဆင့်ချင်း ကျင့်ကြံခဲ့ရသည်။သူ၏ မရီဒျန်များကို ချဲ့ထွင်ရသည်။ ပျက်သုဉ်းခြင်းစွမ်းအင်များကို စုဆောင်းလှုံ့ဆော်ရသည်။ သေလုမျောပါး နာကျင်မှုများနှင့် ပျက်သုဉ်းခြင်းစွမ်းအင်များကို အသွေးအသားများနှင့် ရောနှောပေါင်းစည်းစေရသည်။သူ ပေါက်မြောက်အောင်မြင်သွားသောအခါတွင်မှ ဒေါသမုန်တိုင်းသိုင်းပညာကို ထုတ်ဖော်လိုက်လျှင် သူ၏ ခွန်အားများက အဆမတန် တိုးမြင့်လာနိုင်မည်ဖြစ်သည်။အိုင်ရာပြောသလိုဆိုလျှင် သူ၏ ဒေါသမုန်တိုင်းကို သူ့မျိုးဆက်တစ်ယောက်ယောက်က အမွေဆက်ခံပါလျှင် သူသည် မွေးရာပါ ဒေါသမုန်တိုင်းသိုင်းဝိညာဉ်အမွေဆက်ခံသူဖြစ်လာမည်။သိုင်းဝိညာဉ်ကို ထုတ်ဖော်လိုက်လျှင် ခွန်အားက အဆပေါင်းများစွာ တိုးပွားသွားမည်။သို့သော်လည်း ထိုသို့ ဖြစ်အောင် ဘယ်လို ကျင့်ကြံခဲ့ရသည်ကိုတော့ ဘယ်တော့မှ သိရှိနိုင်တော့မည်မဟုတ်ပါ။ဆိုလိုတာက သိုင်းဝိညာဉ်ဆိုသည်မှာ ရယ်ဒီမိတ် သိုင်းပညာတစ်မျိုးသာဖြစ်လေသည်။တစ်စုံတစ်ယောက်က ထိုအရာကို ဆက်ခံရရှိခဲ့လျှင် ရက်စက်ပြင်းထန်သော လေ့ကျင့်မှုများကို ကျော်ကာ ထို သိုင်းပညာကို တိုက်ရိုက် အသုံးချနိုင်မည်ဖြစ်သည်။"နင်ဆိုလိုတာကို ငါသဘောပေါက်ပါတယ်"ရှီယန်က အတန်ငယ်စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။"သိုင်းဝိညာဉ်ဆိုတာက အသင့် ပြင်ဆင်ထားပြီးသား အဆင်သင့် သိုင်းပညာတစ်မျိုးပဲ...ခက်ခဲပင်ပန်းတဲ့ ကျင့်စဉ်တွေ လေ့ကျင့်စရာမလိုပဲ ဖော်ထုတ်အသုံးချလို့ရတယ်...နင်ပြောချင်တာ အဲ့ဒါမဟုတ်လား""ဟုတ်တယ်..."အိုင်ရာက ခေါင်းညိတ်သည်။"ဒါပေမဲ့ အခြေခံမှာတော့ ကွဲပြားခြားနားသွားပြီလေ...ဥပမာ ရွှေ၊သစ်သား၊ရေ၊မီး၊မြေကြီးတို့ရဲ့ စွမ်းအင်တွေကို အသုံးချနိုင်ဖို့ နင်က အဲ့ဒါတွေနဲ့ သက်ဆိုင်တဲ့ သိုင်းပညာတွေကို ကျင့်ကြံရမယ် နင့်ခန္ဓာကိုယ်က အရိုးတွေ အကြောတွေ အသွေးအသားတွေကို တဆင့်ချင်း ကျင့်ကြံအားထုတ်ပြီးတော့မှ နင်က ရွှေ၊သစ်သား၊ရေ၊မီး၊ မြေကြီးတို့ရဲ့ စွမ်းအင်တွေကို တဖြည်းဖြည်း အသုံးချလာနိုင်မယ်...အောင်မြင်ပေါက်မြောက်သွားတဲ့အခါမှာ အဲ့ဒီ ဓါတ်ကြီးငါးပါးကိုလိုသလို ထိန်းချုပ်လာနိုင်မယ်...ဒါပေမဲ့ နင်က ဓါတ်ကြီးငါးပါး သိုင်းဝိညာဉ်အမွေဆက်ခံရင်တော့ အစကနေ လေ့ကျင့်စရာမလိုပဲ အဲ့ဒီ စွမ်းအင်တွေကို တိုက်ရိုက် အသုံးချနိုင်လာပြီလေ""ဒါဆို မတူညီတာက ဘာလဲ""နင်က သိုင်းပညာကို တိုက်ရိုက် အမွေဆက်ခံခြင်းဖြစ်တာကြောင့် ကျင့်စဉ်တွေကို မသိနိုင်တော့ဘူး..တခြားသူတွေကို သင်ကြားပို့ချမပေးနိုင်တော့ဘူး...ရှေးတုန်းက အစစ်အမှန် နတ်ဘုရားအဆင့် ဘိုးဘေးတွေဟာ သေဘေးနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် သူတို့ရဲ့ ကျင့်စဉ်တွေကို လွှဲပြောင်းမပေးနိုင်တော့ဘူး...ဒါကြောင့် နောက်မျိုးဆက်တွေကို မွေးဖွားလာတာနဲ့ တစ်ခါတည်း သူတို့ရဲ့ သိုင်းပညာ အမွေအနှစ်တွေကို အသုံးပြုနိုင်အောင် နည်းလမ်းရှာကြံခဲ့ကြတာပဲ..ဒါကြောင့် သူတို့ရဲ့ မျိုးဆက် မပြတ်သ၍ သူတို့ရဲ့ သိုင်းပညာအမျိုးအစားက ဆက်လက်တည်တံ့နေမှာလေ...မိသားစုထဲမှာ သစ္စာဖောက် ရှိခဲ့ရင်တောင် သူတို့ဟာ တခြားသူတွေကို ပြန်လည်သင်ကြားပြသပေးခြင်း မပြုလုပ်နိုင်ကြတော့ဘူး...""ဒါက တကယ်ရော ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ခဲ့ရဲ့လား...""တစ်နည်းအားဖြင့်တော့ ဒါဟာ သိပ် တစ်ကိုယ်ကောင်းဆန်တယ်...မျိုးဆက် တုံးသွားပြီဆိုရင် သူတို့ရဲ့ သိုင်းပညာဟာလည်း မျိုးတုံးပျောက်ကွယ်သွားတာပဲလေ...အပြင်လူတွေ မရနိုင်တော့ဘူး...ဒါပေမဲ့ လူဆိုတာ အတ္တကြီးတဲ့အမျိုးပဲ...ဒါက သဘာဝကျပါတယ်"အိုင်ရာက ခေါင်းညိတ်ရင်း"သူတို့ရဲ့ မျိုးဆက်ထဲမှာ အစစ်အမှန် နတ်ဘုရားအဆင့် ရောက်ရှိတဲ့လူ ထွက်ပေါ်လာမှပဲ သူတို့ ဆက်ခံခဲ့တဲ့ သိုင်းဝိညာဉ်အမွေအနှစ်ကို အခြေခံကျကျ ခွဲခြမ်းစိတ်ဖြာပြီး သိမြင်နားလည်နိုင်လာမယ်...ဒါကြောင့် နင် အစစ်အမှန် နတ်ဘုရားအဆင့် ရောက်တဲ့အခါကျမှ နင့်ရဲ့ ကြယ်တာရာသိုင်းဝိညာဉ်မျိုး ဖြစ်တည်လာအောင် သာမန်လူတွေအနေနဲ့ ဘယ်လို ကျင့်ကြံအားထုတ်ရမယ်ဆိုတာ နင် လမ်းညွှန်သင်ကြားပေးလာနိုင်လိမ့်မယ်...ဒါဆိုရင် နင်သင်ကြားပြသပေးနေတာက ကြယ်တာရာသိုင်းပညာဖြစ်သွားပြီ....အဲ့ဒီအခါမှာ နင့် တပည့်တွေက ကြိုးစားကျင့်ကြံရင်း ကြယ်တာရာစွမ်းအင်တွေကို စုပ်ယူ အသုံးချလာနိုင်ကြလိမ့်မယ်...အဲ့ဒီအချိန်ကျမှ နင်ဟာ ကြယ်တာရာ သိုင်းပညာရပ်တွေကို ဖြန့်ဝေပေးတဲ့ ကြယ်တာရာ ဆရာသခင်ကြီးအဖြစ် ရပ်တည်လာနိုင်လိမ့်မယ်""ဘာပဲပြောပြော သိုင်းဝိညာဉ်ကို ပိုင်ဆိုင်နိုင်ခြင်းဟာ သိုင်းကျမ်းကို ပိုင်ဆိုင်ပြီး ကျင့်ကြံတာထက် ပိုမြန်တာပေါ့...နင်တို့တွေက ဘာဖြစ်လို့ သိုင်းဝိညာဉ်ကို တန်ဖိုးမထားကြတာလဲ...""ငါပြောခဲ့ပြီးပြီလေ...အားနည်းချက်ကြီး ရှိနေလို့ပါ""ဘာလဲ...""သိုင်းပညာ ကျင့်ကြံမယ့် နည်းလမ်းကို မသိရှိပဲ စွမ်းအင်ကိုပဲ တိုက်ရိုက် အသုံးချနိုင်လာတဲ့အခါ အတွေ့အကြုံပိုင်းမှာ ချို့တဲ့သွားပြီလေ...ကောင်းကင်အဆင့်ကိုရောက်တာနဲ့ အဲ့ဒီလူဟာ သိုင်းပညာအပေါ် ကိုယ်ပိုင် သိမြင်နားလည်မှုတွေကို ပေါင်းထည့်နိုင်လာပြီ ခုန ငါပြောသလို ဓါတ်ကြီးငါးပါးကို ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီး အသုံးချနိုင်လာတဲ့သူနဲ့ ဓါတ်ကြီးငါးပါး သိုင်းဝိညာဉ် ပိုင်ဆိုင်သူ သိုင်းသမားနှစ်ယောက် ရင်ဆိုင်တွေ့ကြတဲ့အခါ ဘယ်သူက အနိုင်ရမယ်လို့ နင်ထင်သလဲ...""သိုင်းပညာချင်း အတူတူပဲဆိုရင် အမွေဆက်ခံတဲ့လူနဲ့ ကျင့်ကြံခဲ့တဲ့လူမှာ ကျင့်ကြံခဲ့တဲ့လူက အသာရစမြဲပဲ...ဘာဖြစ်လို့လဲဆိုတော့ ဒီ သိုင်းပညာအပေါ် သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ပိုမိုနက်ရှိုင်းနေခဲ့ပြီလေ...မဟုတ်ဘူးလား...""ဖြတ်လမ်းနည်းဆိုတာက အမြဲတမ်း ဆိုးကျိုးရှိစမြဲပဲလေ...လောကကြီးမှာ ပြီးပြည့်စုံတယ်ဆိုတာမှ မရှိတာပဲ...ဒါကြောင့် ငါတို့ မြင့်မြတ်ခြင်းကုန်းမြေဒေသမှာ အလွန် လျှို့ဝှက်ဆန်းကြယ်တဲ့ သိုင်းဝိညာဉ်တွေကလွဲလို့ သာမန်လူတွေဟာ သိုင်းဝိညာဉ်မျိုးစေ့တွေကို မရွေးချယ်ကြဘူး...ကိုယ်တိုင်ပဲ ကျင့်ကြံအားထုတ်ကြတယ်"ရှီယန် နောက်ဆုံးတော့ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်သည်။သူ့အတွေးများကတော့ ပိုမို ရှုပ်ထွေးနောက်ကျိသွားခဲ့လေပြီ။----- ----- ----- ----- ----- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now