320

610 92 0
                                    

Chapter 320: စုံစမ်းစစ်ဆေးခြင်း

ယီတျန်းမို၏ ၀ိညာဉ်အသိ ထွက်ခွာသွားသောအခါ နတ်ဆိုးငါးကောင်ကလဲ လိုက်မဖမ်းကြတော့ပဲ အသိစိတ်ပင်လယ်ထဲတွင် ငြိမ်ဝပ်သွားကြသည်။

ရှီယန်ကတော့ ထူးဆန်းစွာ အသိစိတ်ကင်းမဲ့နေသော အနေအထားဖြင့်ပင် ကျန်ရှိနေဆဲဖြစ်သည်။စောစောက သူ့ အသိစိတ်ပင်လယ်က ရုန်းကြွလာသော်လည်း သူကတော့ အသက်မှန်မှန်ရှူကာ ဘာမှမသိလိုက်သလိုပင်ဖြစ်သည်။

သူ့ ကီစုစည်းမှု ပျောက်ဆုံးသွားသည်ကလွဲပြီး သူ့ ခန္ဓာကိုယ် အလုပ်လုပ်ပုံက အားလုံး ပုံမှန်ပင်ဖြစ်သည်။

ယီတျန်းမို၏ မျက်နှာက အံ့သြသည့်အမူအယာကျန်ရှိနေဆဲဖြစ်ပြီး ၀ိညာဉ်အသိကို ဆုတ်ခွာလာပြီးနောက်တွင် ပိုမိုလေးနက်လာသည်။

"ဘယ်လိုလဲ"

ခါ့ဘာနှင့် ယာမန်းတို့က သိချင်စိတ်ပြင်းပြစွာဖြင့် တစ်ပြိုင်နက်တည်း မေးကြသည်။

"ပြဿနာ နည်းနည်းရှိတယ်"

ယီတျန်းမိုက ရှီယန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲရှိကီစုစည်းမှုကို လွှဲပြောင်းပေးကြည့်သည်။

ကီစွမ်းအင်များက ထိရှလွယ်သော ဖန်သားမျှင်လေးများသဖွယ် ရှီယန့် ကိုယ်ထဲ တိုးဝင်သွားသည်။ ရင်ဝတွင် လှည့်ပတ်ကာ တစ်ကိုယ်လုံးသို့ ဖြန့်ကျက်သွားသည်။

သို့သော်လည်း ယီတျန်းမို၏ ကီစွမ်းအင်က ရှီယန်၏ ညာလက်မောင်းသို့ လှည့်ပတ်သောအခါ အတားအဆီး အလွှာလွှာ အထပ်ထပ်နှင့် ရင်ဆိုင်လိုက်ရပြီဖြစ်သည်။

ပို့လွှတ်လိုက်သော ကီစုစည်းမှုက တံတိုင်းအထပ်ထပ် ပိတ်ဆို့တားဆီးခံထားရသည့်သဖွယ် အတွင်းထဲသို့ ထိုးဖောက်ဝင်ရောက်ရန် မစွမ်းနိုင်ချေ။

ယီတျန်းမို၏ ကီစွမ်းအင်များက ရှီယန့် တစ်ကိုယ်လုံးရှိ သွေးကြောများထဲတွင် လှည့်ပတ်စီးဆင်းသွားသည်။

သူ့ ညာလက်မောင်းမှလွဲပြီး ကျန်သော ခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံးက ပုံမှန်အတိုင်းပင်ဖြစ်သည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now