368

597 93 0
                                    

Chapter 368: အရည်အချင်း အစစ်အမှန်ကို ဖုံးကွယ်ထားခြင်း

"နတ်ဘုရားဝိညာဉ်ရဲ့ အကျိုးကျေးဇူးကို မင်းမသိဘူးလား"

လောင်လီ ဖုံးကွယ်ထားခဲ့သော အထင်အမြင်သေးဟန်က ယခု သူ့မျက်လုံးများတွင် ထွက်ပေါ်လာသည်။

သူက ရှီယန့်ကို တအံ့တသြမေးလိုက်ခြင်းဖြစ်သည်။

ရှီယန်က ရှက်ရွံ့ဟန်ဖြင့် ပြုံးလိုက်ရင်း ပြန်လည်ဖြေရှင်းခြင်းမပြုပါ။

"စိတ်ဝိညာဉ် တတိယအဆင့်သိုင်းသမားဟာ အစစ်အမှန်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်ခဲ့ရင် သူက သူ့ရဲ့ အကြီးအမှူးဝိညာဉ်ကို နတ်ဘုရားဝိညာဉ်အဖြစ် ပြောင်းလဲသန့်စင်နိုင်လာတယ်...နတ်ဘုရားဝိညာဉ်ဟာ အမျိုးမျိုးသော အံ့မခန်း အကျိုးကျေးဇူးတွေရှိတယ်...နတ်ဘုရားဝိညာဉ် ဖန်တီးနိုင်ခြင်းဟာ စိတ်ဝိညာဉ်နတ်ဘုရားအဆင့်နဲ့ အစစ်အမှန်နတ်ဘုရားအဆင့်ကြားက သိသာထင်ရှားတဲ့ ကွာခြားမှုပဲ...နတ်ဘုရားဝိညာဉ် ဖန်တီးပြီးသွားရင် သိုင်းသမားတစ်ယောက်ဟာ မသေဆုံးနိုင်တော့တဲ့ ၀ိညာဉ်ကို ပိုင်ဆိုင်လာတယ်...ဒါကြောင့် လူက သေဆုံးသွားရင်တောင် နတ်ဘုရားဝိညာဉ်ရဲ့ စွမ်းအင်ကြောင့် သူက ပြန်လည်ဝင်စားနိုင်လာတယ်... သီးသန့် နည်းစနစ်အချို့နဲ့ သီးသန့် မှော်ရတနာတစ်ချို့သာ နတ်ဘုရားဝိညာဉ်ကို ဖျက်ဆီးနိုင်စွမ်းရှိတယ်လေ...အဲ့ဒါကို ရရှိဖို့ဆိုတာလဲ ဘယ်လွယ်ကူပါ့မလဲ...၀ိညာဉ်နတ်ဘုရားဟာ အစစ်အမှန် နတ်ဘုရားတစ်ယောက်ရဲ့ စွမ်းအင်အရင်းအမြစ်လို့ ဆိုနိုင်တာပေါ့..."

လောင်လီက လေးနက်သော လေသံဖြင့် ရှင်းပြနေသည်။

ရှီယန်က တွေဝေစဉ်းစားနေပြီးနောက် မပီမသအပြုံးဖြင့်ပြောလိုက်သည်။

"ကျုပ်တို့ အရှေ့ပင်လယ်မှာ အစစ်အမှန် နတ်ဘုရားအဆင့် သိုင်းသမားမရှိတာ ဒါကြောင့်ကိုး..."

လောင်လီ၏ မျက်လုံးထဲမှ အထင်အမြင်သေးမှုအရိပ်အယောင်က ပိုမိုသိသာလာသည်။

သူက ခေါင်းညိတ်ကာ ပြုံးလိုက်ရင်း

"အဲ့လိုလား...ဒါဆိုရင်တော့ အရှေ့ပင်လယ်က သိုင်းသမားတွေဟာ ငါတို့ မြင့်မြတ်ခြင်းကုန်းမြေဒေသထက် နိမ့်ကျတယ်ဆိုတာ အမှန်ပဲပေါ့....ငါတို့ မြင့်မြတ်ခြင်း ကုန်းမြေမှာတော့ အစစ်အမှန် နတ်ဘုရား တစ်ယောက်မကရှိနေတယ်လေ...အစစ်အမှန် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေဟာ အကြီးမြတ်ဆုံး တည်ရှိမှုတွေပဲ...သူတို့ရဲ့ ခွန်အားက မြင့်မြတ်ခြင်းနယ်မြေကြီးတစ်ခုလုံးရဲ့ မဏ္ဍိုင်ကြီးတွေလဲဖြစ်တယ်"

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now