အပိုင်း ၂၂၆

1.3K 155 1
                                    

God of Slaughter (chapter - 226)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၂၆) အစပျိုးတိုက်ပွဲ

ချောင်ကျီလန်းက နန်းတော်အတွင်းသို့ မ၀င်သေးပဲ အ၀င်ဝတွင် တိတ်တဆိတ် ရပ်နေလိုက်သည်။
သို့သော်လည်း ကျောက်တိုင်နောက်ကွယ်မှ ခေါင်းပြူကြည့်လာသော ရှီယန့်ကို ပြုံးလို့ကြည့်နေသည်။
သူမ၏ မျက်ဝန်းများက အရိပ်တစ်ခုခုစွန်းထင်းနေသလိုလို။

ဖန်ကျိနှင့်အခြားသူများသည်လည်း ချောင်ကျီလန်းက ရောက်နေပြီးပြီဖြစ်သောကြောင့် တုံ့ဆိုင်းမနေ၀ံ့ပါ။
သူတို့၏ အမြန်နှုန်းကို မြှင့်တင်လိုက်ကြပြီး မရှေးမနှောင်းပင် သူမ၏ နံဘေးသို့ ရောက်ရှိလာကြသည်။

ကမ္ဘာမြေအဆင့် သိုင်းသမား တစ်ရာနီးပါးခန့်သည် ဖန်ကျိ ရှီးခွေ ချူးရန်ချင်း ဂူလင်းလောင်တို့၏ နောက်ဖက်တွင် အတန်းလိုက် ရပ်လျှက်ရှိကြသည်။သူတို့က နန်းတော်ပျက်များကို အေးစက်စက်ကြည့်ရှုနေကြပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေကြဟန်တူသည်။

"သူတို့က အလစ်အငိုက် ဖမ်းတိုက်ချင်လို့ ပုန်းနေကြတာလား..."
ချောင်ကျီလန်းက တခစ်ခစ်ရယ်မောရင်း ခေါင်းခါယမ်းသည်။
သူမ၏ သေးသွယ်သော လက်ကလေးတစ်ဖက်က မြောက်တက်လာကာ နုနယ်သော လက်ချောင်းလေးများမှ အပြာရောင်အလင်းတန်းများ ပစ်လွင့်လာသည်။
နန်းတော်ပျက်ထဲတွင် ပုန်းကွယ်နေကြသော ယန်မိသားစုမှ သိုင်းသမားများကို တိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။

အမှောင်ထဲတွင် ပုန်းအောင်းနေကြသော ယန်မူနှင့် တစ်သိုက်က အံ့အားသင့်သွားကြသည်။
ထို အပြာရောင်အလင်းများ၏ တိုက်ခိုက်လာမှုကြောင့် သူတို့က သူတို့၏ ပုန်းကွယ်နေသော နေရာမှ ရွေ့လျှားပေးရန်လိုအပ်လေသည်။
သူတို့အားလုံး ပုန်းကွယ်နေရာမှ ထွက်လာလိုက်ကြရသည်။

ရှီယန့် အမူအယာက အနည်းငယ် ပြောင်းလဲသွားသည်။

ဒီ မိန်းမချောက နီဗားနားအဆင့် သိုင်းသမားများထက်ပင် ရင်ဆိုင်ရခက်ပေလိမ့်မည်။
အသူရာစစ်တလင်းတွင် စိတ်စွမ်းအင်များက ကန့်သတ်ခံရပြီး အမြင်အားသည်ပင် တော်တော်လေး လျော့ကျသွားသည်။
အသူရာစစ်တလင်းတွင် နီဗားနားအဆင့် သိုင်သမားပင် ပတ်ဝန်းကျင်ရှိ အသက်ဓါတ်များကို ထောက်လှမ်း ပုံဖော်ရန် ခက်ခဲပေလိမ့်မည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now