362

609 90 2
                                    

Chapter 362: ထူးဆန်းသော နယ်မြေ

ရှီယန်က သစ်သားလှေကလေးပေါ်တွင် နေထိုင်ရင်း အိပ်စက်ခြင်းကင်းမဲ့သော ညများကို ကျော်ဖြတ်လျှက်ရှိသည်။

သူက ခုနှစ်စဉ်ကြယ်ကွန်ခြာကို ပိုမိုထိုးထွင်းသိမြင်နိုင်ရန်ကြိုးစားနေရင်း သူ့စိတ်ကလဲ နက်ရှိုင်းသော စဉ်းစားတွေးခေါ်မှုထဲတွင် နစ်မြုပ်လျှက်ရှိသည်။

သူက ကြယ်တာရာသိုင်းဝိညာဉ်ကို အသုံးပြုပြီး ခုနှစ်စဉ်ကြယ်၏ ကြယ်ခုနှစ်လုံးနှင့် ဆက်သွယ်သည်။ခုနှစ်စင်ကြယ်မှ စွမ်းအင်များကို ငှားယူပြီး ဥက္ကာပျံ ခုနှစ်လုံးအဖြစ် သိပ်သည်းစေကာ ခုနှစ်စဉ်ကြယ်ကွန်ခြာကို ဖန်တီးသည်။

တစိုက်မတ်မတ် လုပ်ဆောင်နေရင်း သူက ခုနှစ်စဉ်ကြယ်ကွန်ခြာ ဖန်တီးခြင်းကို ပိုမို ကျွမ်းဝင်လာသည်။

ပထမတွင် အချိန်အတော်ကြာအောင် လုပ်ယူရသော်လည်း ယခု သုံးမိနစ်အတွင်း ကြယ်တာရာများထံမှ စွမ်းအင်များကို သိပ်သည်းစေကာ ခုနှစ်စဉ်ကြယ်ကွန်ခြာကို ဖန်တီးနိုင်လာပြီဖြစ်သည်။

ဥက္ကာပျံခုနှစ်လုံးအဖြစ် သိပ်သည်းပြီးသွားသည်နှင့် သူက ကြယ်တာရာစွမ်းအင်များကို စိတ်ဖြင့် ထိန်းချုပ်ကာ မည်သည့် ပစ်မှတ်ကိုမဆို စိတ်ရှိတိုင်း ပစ်ခတ်တိုက်ခိုက်နိုင်လာသည်။

တဖန် ဥက္ကာပျံခုနှစ်လုံးကို အချင်းချင်း ထိမှန်ပေါက်ကွဲစေလျှင် ထွက်ပေါ်လာသော စွမ်းအင်သည် ကောင်းကင်အဆင့်သိုင်းသမားတစ်ယောက်ကိုပင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်လောက်သည်။

ထို စွမ်းအင်က သက်ရှိသုံးမျိုးပေါင်းဖြစ်သော ယင်ယန်စက်ဝိုင်း၏ ခွန်အားနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူက အလိုရှိသလို အသုံးချနိုင်ပြီး ကုန်ဆုံးသွားမှာ တွေးပူစရာမလိုသော အားသာချက်ရှိသည်။

အရေးအကြီးဆုံးအချက်ကတော့ လက်ရှိ သူဖန်တီးနိုင်သော ခုနှစ်စဉ်ကြယ်ကွန်ခြာသည် အမြင့်ဆုံးအဆင့် မဟုတ်သေးသည်ကို သူအလိုလို နားလည်နေခြင်းဖြစ်သည်။

ကြယ်တာရာများ၏ အဓိပ္ပါယ်ကို သူ နက်နက်ရှိုင်းရှိုင်းသဘောပေါက်လာလေလေ သူ၏ ခုနှစ်စဉ်ကြယ်ကွန်ခြာသည် ပိုမို အစွမ်းထက်လာလေလေဖြစ်မည်မှန်း သူသိနေသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now