အပိုင်း ၂၁၈

1.3K 161 0
                                    

God of Slaughter (chapter – 218)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၁၈) တိုက်ပွဲ

“ဖန်ကျိ…မင်း ငါနဲ့ တိုက်ဝံ့လား..”

ယန်မူက ခေါင်းနှစ်လုံး နဂါးပေါ်မှ မထပဲ စိန်ခေါ်လိုက်သည်။

ဧရာမ ငွေရောင်ဓါးကြီးက ယန်မူ၏ ဦးခေါင်းထက်တွင်ပေါ်လာပြီးနောက် ဖန်ကျိထံသို့ တည့်တည့် ချိန်ရွယ်ထားလိုက်လေသည်။

ငွေဦးချိုသင်္ဘောပေါ်မှ ဖန်ကျိက လက်ထဲမှ သားမွှေးယပ်ကို တဖျတ်ဖျတ်ခတ်ရင်း
“ယန်မူ…. ငါတို့က မင်းတို့ ယန်မိသားစုကို ဖျက်ဆီးဖို့ ထွက်လာတာ…အချိန်ဆွဲဖို့ မကြိုးစားနဲ့…”

“စောက်ကြောက်…ဟားဟား…”
ယန်မူက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
“ဖန်ကျိ…ဟမ်…မင်းက ငကြောက်ဆိုတာ ငါသိတာပေါ့…”

ဖန်ကျိက စိတ်မဆိုးသည့်အပြင် တစ်ချက် ပြုံးလိုက်ရင်း သူ့ဘေးရှိ သိုင်းသမားကို လှည့်ပြောလိုက်သည်။
“အချိန်ဆွဲမနေနဲ့…လုပ်လိုက်တော့…”

“နတ်မင်းသခင်လေးပြောတာမှန်ပါတယ်…”
ဖုန်းလိုင်နတ်ကျွန်းမှ ဝေ့ချင်းခေါ် နီဗားနားအဆင့် သိုင်းသမားက ခေါင်းငြိမ့်လိုက်သည်။
“ယန်မိသားစု မပျက်စီးမချင်း ငါတို့က စိတ်ချနိုင်မှာမဟုတ်ဘူး…သူတို့က ကောင်းကင်ပင်လယ်ပြင်ကိုတောင် မကြာခန ရန်စကျူးကျော်ကြတယ်…သူတို့က ပျက်စီးခြင်းနဲ့ ထိုက်တန်တယ်…”

“သတ်…”
ဖန်ကျိက လက်ဝှေ့ယမ်းပြလိုက်သည်။

“၀ုန်း…၀ုန်း…၀ုန်း…”
ငွေဦးချို သင်္ဘောထံမှ မိုးထစ်ချုန်းသလို အသံများ ထွက်ပေါ်လာပြီးနောက် ၀က်အူရစ်သဖွယ် ရစ်ခွေနေသော ရွှေရောင်အလင်းတန်းကြီးတစ်ခု ရှီယန်နှင့် ယန်မူထံ ပစ်လွင့်လာသည်။

“နတ်မင်းအလင်းလှိုင်း…”
ယန်မူက အော်ဟစ်လိုက်သည်။
“လူစုခွဲ…”

ရှီယန့် အမူအယာက အနည်းငယ်ပြောင်းလဲသွားပြီးနောက် သူက တစ္ဆေသားရဲကြီးကို ကမန်းကတမ်း သတင်းပို့လိုက်သည်။
“အလင်းတန်းကို ရှောင်…”

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now