347

643 90 3
                                    

Chapter 347: သတ်ဖြတ်သူ

ပင်လယ်ထဲတွင် ရွက်လွှင့်နေသော မှော်နယ်မြေထူး၏ ရွက်လှေကြီးပေါ်တွင်...

ချင်ထူနှင့် ဒုံဖန်ဟေးတို့ အုပ်စုသည် မိစ္ဆာနယ်သား ကြေးခွံနက် မျိုးနွယ်စုများနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေသည်။

တစ်ကိုယ်လုံး ကြေးခွံနက်များ ဖုံးလွှမ်းနေသော မိစ္ဆာနယ်သား ဆယ်ကောင်ခန့်ရှိပြီး သူတို့၏ စွမ်းအင်ကျင့်ကြံမှုအဆင့်ကလည်း မနိမ့်ကြချေ။

အားလုံးလိုလိုပင် ချွန်ထက်သော လက်နက်များကိုင်ဆောင်ထားကြပြီး ချင်ထူနှင့် ဒုံဖန်ဟေးတို့ အုပ်စုကို ဖိအားပေးတိုက်ခိုက်နေကြသည်။

ထို မိစ္ဆာနယ်သားများထဲတွင် ချင်ထူနှင့် အဆင့်တူဖြစ်သော ကောင်းကင်အဆင့် ကြေးခွံနက်မိစ္ဆာတစ်ကောင်သည် ကွေးကောက်နေသော ဦးချိုကြီးတစ်ချောင်းကို လက်နက်အဖြစ် ဆွဲကိုင်ထားသည်။

ထို ဦးချိုကြီးသည် မိစ္ဆာသားရဲကြီး တစ်ကောင်ကောင်ထံမှဖြစ်ပေလိမ့်မည်။

ထိုဦးချိုကြီးက သုံးမီတာမျှ ရှည်လျားပြီး ဝေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော အသံများက နားမခံသာလောက်အောင်ပင်ဖြစ်သည်။

မှော်နယ်မြေထူးမှ တပည့်တပန်း အတော်များများပင် နားများကို ပိတ်ထားကြရကာ နာကျင်ပြင်းပြစွာ အော်ဟစ်နေကြရသည်။

ချင်ထူ၏ လက်ချောင်းများက ထုံးစံအတိုင်း လက်စွပ်များဖြင့် ပြည့်နှက်နေသည်။

သူက ခံစားချက်ကင်းမဲ့သောအမူအယာဖြင့် ကုန်းပတ်ပေါ်တွင် မတ်တပ်ရပ်နေသည်။

သူ့လက်ချောင်းများရှိ လက်စွပ်များမှ တောက်ပသောရောင်စုံအလင်းတန်းများ တစ်ချက်တစ်ချက် ဖြာထွက်လာတတ်သည်။

ငွေရောင်ဓါးတိုလေးတစ်ချောင်း၊ အပြာရောင် လေးထောင့်ကျောက်တုံးလေး သုံးတုံးနှင့် အနီရောင် မီးလျှံလုံးတစ်လုံးတို့ သူ၏ ရင်ဘတ် နောက်ကျောနှင့် ဦးခေါင်းထက်တွင် တစ်လှည့်စီ နေရာယူလျှက်ရှိသည်။

ထို ထူးဆန်းသော မှော်ရတနာသုံးမျိုးသည် ချင်ထူ၏စိတ်နှင့် ဆက်သွယ်နေဟန်တူသည်။

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Zawgyi + Unicode)Where stories live. Discover now