Chapter 2(uni)

2.1K 151 1
                                    

သူငယ်ချင်းတေ​ွနဲ့ဆုံပြီးတော့ ဖြူအိမ်ကိုပြန်လာခဲ့ကာ အိမ်ကိုရောက်တော့ ရေမိုးချိုးမို့ပြင်ဆင်နေတုန်း ကြီးကြီးကအခန်းထဲဝင်လာပြီး.....

"ငါ့တူမလေးဘွဲ့ရခဲ့ပြီ ဘာလုပ်မယ်တွေးထားလဲ ကြီးကြီးအနေနဲ့ကတော့သမီးလေး ဖြစ်ချင်တာအပေါ် ဘေးကထောက်ပံ ထိန်းကျောင်းပေးဖို့ပဲရှိပါတယ် စဥ်းစားထားတာရှိရင်လည်း ကြီးကြီးနဲ့တိုင်ပင်ပေါ့ကွယ်''

''ဟုတ်ကြီးကြီး လောလောဆယ်တော့ ခြံမယ်ပဲဝင်ပြီးဝိုင်းလုပ်ကူမယ်လေ ပြီးရင် ကျောင်းဆရာမအလုပ်ဘက်နည်းနည်းစုံစမ်းကြည့်မယ် တွေးထားတယ်"

"ကျောင်းဆရာမအလုပ်ဆိုတော့ နယ်ဝေးဆို တူမလေးကကြီးကြီးကိုထားခဲ့ရမယ်မလား ထားခဲ့နိုင်တယ်ပေါ့လေ"

ဖြူလည်း ဘေးနားထိုင်နေရာမှ ကြီးကြီးအောက်ကိုဆင်းထိုင်ပြီး....

"ထားသွားမယ့်သဘောမဟုတ်ပါဘူးကြီးကြီးရယ် ဖြူအမြဲပြောခဲ့သလို ကိုယ့်စိတ်ကူးလေးကိုအကောင်အထည်ဖော်ကြည့်ချင်ရုံပါ
ဖြူ့ကိုသမီးတယောက်လိုပြုစုပျိုးထောင်ခဲ့တဲ့ ကြီးကြီးရဲ့ကျေးဇူးတွေကဆပ်လို့ကုန်မှာမှမဟုတ်တာပဲ ဖြူဘယ်လောက်အထိကြိုးစားနိုင်မလဲသိချင်လို့ပါကြီးကြီးရယ် ကြီးကြီးမသွားခိုင်းရင် ဖြူမသွားပါဘူး ဒီမယ်ပဲ ခြံအလုပ်လုပ်ပြီးနေလည်းရပါတယ်''

ကြီးကြီးမှပြုံး၍.....

''ကြီးကြီးကနောက်တာပါကွယ် လူငယ်ဆိုတာ ကိုယ့်ဘဝကိုယ့်ရည်မှန်းချက်အတွက် ဒီလိုအသိရှိနေရမှာလေ တူမလေးအမေတုန်းကလည်း ထက်မြက်တဲ့မိန်းမပဲ အမျိုးတွေထဲလည်း အရေးပေးအခံရဆုံးပဲ နောက်ဆုံး ဟိုအကောင်(ဖြူ့ဖေဖေ)ကိုဘယ်လိုမျက်စိလည်လမ်းမှားပြီးယူသွားလဲမသိတော့ပါဘူး ထားပါလေ ဒါတွေပြော ကြီးကြီးလဲစိတ်တို တူမလေးလဲစိတ်မကောင်းဖြစ်ရမယ် ကြီးကြီးကတိတခုတော့တောင်းချင်တယ်ကွယ်''

"ဟုတ် ပြောပါကြီးကြီး''

''သူတို့နဲ့ကင်းနိုင်အောင်ကြိုးစားမယ်ဆိုတာပါပဲ ကြီးကြီးဆိုလိုချင်တာ အထူးသဖြင့် ဟိုမိန်းမ(ဖြူ့မိထွေး)ဆီကပေါ့''

Love Is LoveWhere stories live. Discover now