Chapter 30(zg)

417 6 0
                                    

တောင်ကြီးရောက်တာတလပင်ကျော်လာခဲ့ပြီ နော်ဖောကဖြူ့ဆီမှာပဲနေဖြစ်သလို ဖြူနဲ့လည်းအရင်တခါဖြစ်ခဲ့တဲ့ကိစ္စနောက်ပိုင်း တယောက်အပေါ်တယောက်ကနားလည်မှုပိုရှိလာခဲ့ကြတယ်
နားလည်မှုတွေပိုရှိလာလေလေ သူတို့နှစ်ယောက်ရဲ့အချစ်တွေကပိုခိုင်မာလာလေပါပဲ

"အနော်ထတော့လေ ဖြူတောင်ခြံထဲဆင်းပြီးလို့ပြန်တောင်ရောက်ပြီ"

တောင်ကြီးမယ်တော့ မနက်တိုင်းလိုလို ဖြူကသူမအကျင့်အတိုင်း မနက်၅နာရီဆိုထနေကြ
ပြီးရင်ကြီးကြီးကိုခြံအလုပ်လေးဝိုင်းကူလုပ်ပေးကာ
၇နာရီလောက်ဆိုနော်ဖောကိုနိုးပြီး မနက်စာအတူစားနေကြဖြစ်သည်

နော်ဖောက ခေါင်းအုံးကမခွာပဲ လက်ငါးချောင်းထောင်ကာ ငါးမိနစ်လောက် ပြောတိုင်းလည်း
နာရီကြည့်စောင့်ကာ ပြည့်တာနဲ့အတင်းဆွဲနိုးတာကလည်း မနက်တိုင်းလိုပင်ပေါ့

"ထ အပျင်းလေး ဒါကိုများဖြူ့ကိုလုပ်ကျွေးဦးမတဲ့"

"ဖြူနော် ဖြူကအနော့်အကျင့်တွေပျက်အောင်လာလုပ်နေတယ်"

"ဘာတုန်း"

"ဟုတ်တယ် အနော့်ဘာသာဆို ဒီအချိန်ကအိမ်မက်မက်လို့ကောင်းချိန် ဖြူရဲ့"

"Aww!အတော်ကောင်းတဲ့အကျင့်နော် အိမ်မက်မက်လို့ကောင်းချိန်ဆိုတော့ ဘာအိမ်မက်လေးတွေများမက်နေတာလဲ"

"AHaa!ဖြူမေးမှပြောရမယ် ညကအိမ်မက်အရမ်းမိုက်တယ်သိလား
Cadi Bလေ အနော့်တယောက်တည်းကိုပဲသီးသန့်သီချင်းဆိုပြတာတဲ့
နောက်တော့ သီချင်းဆိုနေရင်းက တဖြေးဖြေးအနော့်အနားရောက်လာပြီး hee😁"

"ဘာဖြစ်လဲ"😏

"သိရဲ့သားနဲ့😁"

"ဘာဖြစ်လဲလို့ သူကအနားရောက်လာပြီး ဘာဆက်ဖြစ်လဲ"

"ဘာမှဆက်မဖြစ်ပါဘူး ဖြူကလည်း"

"အနော် ပြောဘာဆက်ဖြစ်လဲလို့နင်မညာနဲ့"

"ဖြူနိုးလိုက်လို့လေ ဘာမှဆက်မဖြစ်တာ အနော်စဉ်းစားနေမိတယ်သိလား
ဖြူသာမနိုးမိဘူးဆို အနော်တို့လေ ဟိဟိ"

"ဟိဟိနေလိုက် မထနဲ့တော့ သူနဲ့ပဲနေတော့ မနက်စာလဲမစားတော့နဲ့ ဒါပဲ"

Love Is LoveDonde viven las historias. Descúbrelo ahora