Chapter 61(zg)

358 9 0
                                    

Queenslandဥက္ကဌနေရာကိုနော်ဖောဆီ လွဲပြောင်းပေးခဲ့ပြီးကတည်းက ဒေါ်နော်အယ်လ်မှုးတာမယ် အချိန်တွေကအများကြီးပိုနေခဲ့တယ်လေ ဒီတော့ နော်ဖောနဲ့ဖြူဖြစ်ခဲ့တဲ့ကိစ္စအပေါ် သတင်းလိုက်နေခဲ့တာပေါ့ ဒါကမိမိသိခဲ့တဲ့အခြေအနေထက်ပိုပြီးနက်နဲတာတွေရှိနေနိုင်တယ်ဆိုတာ သူမလိုလူကစဉ်းစားမိပါတယ် အမှန်အတိုင်းပြောရရင် သူမနည်းနည်းတော့ကိုယ့်ဘက်ကိုကြည့်ခဲ့မိတာဝန်ခံရမှာပဲ ဖြစ်သွားတဲ့ပြသနာကြီးမယ် ထိခိုက်သွားမှာကသူမသမီးလေးကောမလား

အဲ့အချိန်နော်ဖောက လမ်းကြောင်းမှန်ပေါ်ရောက်ခါစ သူ့အနာဂါတ်အတွက်စတင်လမ်းဖောက်နေရတဲ့အချိန် ဒီပြသနာကြီးကြောင့် လမ်းပြန်ပျောက်သွားနိုင်မှာကို သူအရမ်းစိုးရိမ်ခဲ့တယ် အခုလိုအခြေအနေဖြစ်လာဖို့တောင် ဖြူ့ရဲ့အကူအညီတွေအများကြီးပါဝင်ခဲ့တာမလား နော်ဖောက ဖြူ့ကိုဆုံးရှုံးလိုက်ရလို့ ဖြစ်လာမယ့်နောက်ဆက်တွဲဆိုတာကို သူမအရမ်းကြောက်မိတယ် ဒါကိုသူမတယောက်တည်းဘယ်လိုပြန်ဖျောင်းဖျမလဲ ပြီးတော့ Queenslandနဲ့သူမတို့ဂုဏ်သိက္ခာတွေကအဲ့အဖြစ်ကိုလက်ခံမှာမဟုတ်ဘူးလေ ဒါကြောင့်လည်း ဖြူကသူ့မှာအစီအစဉ်တွေရှိတယ် သူ့ပြောသလိုလုပ်မှရလိမ့်မယ်ဆိုလာတော့ လက်ခံခဲ့ရတာဖြစ်တယ်လေ

ဖြူပြောသလို သူ့သဘောအတိုင်း ပြောပေး လက်ခံပေးခဲ့ရတာလောက်နဲ့အားလုံးအဆင်ပြေသွားခဲ့တော့ သူမစိတ်သက်သာရာရခဲ့တယ်လေ ဒါပေမယ့် ဖြူဆိုတဲ့ကလေးမကသူတယောက်တည်း အားလုံးကိုခေါင်းခံပေးပြီး အနစ်နာခံသွားတယ်ဆိုတာတော့ သူမရိပ်မိပါတယ် ဒါကြောင့်လဲ မိမိကိုယ့်ဘက်ကိုကြည့်မိခဲ့တယ်ပြောတာပေါ့ ဒါကြောင့် မိမိအနေနဲ့ ဒီကိစ္စမယ် ဟိုကောင်လေးကိုလွတ်ပေးခဲ့လိုက်ပြီး ဘာမှမလုပ်ခဲ့တာဖြစ်တယ် ပြီးတော့ သူကဖြူ့ရဲ့ခင်ပွန်းပဲမလား အနည်းဆုံးကလေးမကိုပြန်လုပ်ပေးနိုင်တာဒါပဲရှိတယ်လေ ဒါနဲ့အားလုံးကိုသူမကပဲမေတ္တာရပ်ခံခဲ့ပြီး ကလေးမတို့ကိုအလွတ်ပေးဖို့ပြောခဲ့ရတယ်

ကလေးမအတွက် သူမအနစ်နာခံရွေးချယ်သွားတဲ့လမ်းလေးမယ်သာယာဖြောင့်ဖြူးနိုင်အောင်စီစဉ်ပေးမယ်ဆိုပြီးလိုက်ရှာခဲ့တယ် အစကဒီကလေးမက ကောင်လေးနဲ့လက်ထပ်ပြီးနိုင်ငံခြားကိုလိုက်သွားတယ်ကြားတယ်လေ ဒါနဲ့ဘယ်မယ်နေလဲဆိုတာစုံစမ်းခဲ့တယ် သူမဒီဘက်မယ်မေတ္တာရပ်ခံခဲ့တာကို မသိပဲ သူတို့ကကြောက်ပြီးပုန်းနေကြတယ်ထင်တယ် အတော်ကိုရှာပေမယ့် မတွေ့ပါဘူး ဒါပေမယ့် ကလေးမကလိုက်မသွားဘူးဆိုတဲ့သတင်းနဲ့ တကယ်တမ်းမယ်က နော်ဖောစိတ်ပြတ်သားသွားအောင်တမင်သတင်းလွင့်တာမျိုးလုပ်ခဲ့ကာ ဟိုကောင်လေးနဲ့ကကွာရှင်းခဲ့ပြီး ကောင်လေးတယောက်တည်းသာထွက်သွားတယ်
ဆိုတာကိုသိလိုက်ရတော့ မိမိမျက်ရည်တောင်ကျခဲ့မိပါတယ် ဒီနောက်ပိုင်း ကလေးမကအစပျောက်သွားတာများ မိမိလိုအဆက်အသွယ်အင်အားကြီးမားတဲ့သူတောင် ရှာမတွေ့နိုင်ခဲ့တဲ့အထိ သူမကသိုဝှက်စွာနေနိုင်လွန်းတယ်

Love Is LoveUnde poveștirile trăiesc. Descoperă acum