Chapter 13(zg)

537 15 0
                                    

ဖြူကျွေးသောမနက်စာက အရင်စားခဲ့တာတွေထက် အရသာပိုရှိနေသလိုလို အထူးသဖြင့် ဖြူ့မျက်နာလေးကြည့်ရင်းစားရတာဆိုတော့ တကယ်တမ်းတွေးကြည့်မယ်ဆို ဖြူ့ကိုစားနေရသလိုပါပဲ အစားအသောက်စားတာမျိုးကိုပြောတာပါ

"ဖြူ စားပြီးရင်ဘယ်သွားမလဲ"

"ရုပ်ရှင်သွားကြည့်မလား  အဲ့လိုရုပ်ရှင်ရုံမယ်ကြည့်တာမျိုးကို ကြည့်တတ်လားဟင်"

ဖြူမေးမှ ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်မိရော နော်ဖောလောက် ရုပ်ရှင်ရုံသွားတာ နော်ဖောပဲရှိတယ် သွားခဲ့တိုင်းလဲအဖော်လေးကပါတယ်လေ တခါတလေဆို ရုံမယ်ဘာကားပြလဲတောင် အနော်မသိပါ သေချာတာက သူရုပ်ရှင်ရုံသွားရခြင်းအကြောင်းက ရုပ်ရှင်ကြည့်ဖို့မှမဟုတ်တာမလား သူ့ဟာသူပြန်စဉ်းစားနေမိတော့ ဖြူ့ကိုပြန်မပြောမိ ဒီတော့ဖြူက.....

"နော်ဖောမကြိုက်ဖူးထင်တယ် ဒါဆိုလဲ ဖြူတခြားနေရာရွေးလိုက်မယ်လေ"

"မဟုတ်... မဟုတ်ပါဘူး သွားမယ်လေ
အရင်အကြောင်းလေးခေါင်းထဲပေါ်လာလို့ပါ😁"

"ဖြူလဲရုပ်ရှင်သွားမကြည့်ဖြစ်တာကြာနေလို့ အရင်ကဆို လဲ့လဲ့တို့နဲ့ ကျောင်းလစ်ပြီးသွားသွားနေကြလေ"

"OK ဒါဆို စားပြီးသွားကြမယ်လေ"

ဒါနဲ့စားသောက်ပြီး ဖြူပြောတဲ့ ရုပ်ရှင်ရုံလေးဆီရောက်လာကြတော့ ၁၁ခွဲလက်မှတ်ရသည် ရုပ်ရှင်ကစဖို့ နာရီဝက်လောက်လိုနေသေးပေမယ့် ရုပ်ရှင်ရုံထဲပဲ ဝင်ထိုင်လိုက်ကာ ဖြူ့ကိုခနထားပြီး အအေးနဲ့ပေါက်ပေါက်လှော် အချဉ်ထုပ်တွေသွားဝယ်ဖို့ နော်ဖောပြန်ထွက်လာခဲ့တယ် ဝယ်စရာရှိတာဝယ်ပြီးမှ အထဲပြန်ဝင်လာပြီး ဝယ်လာတာတွေဖြူ့ကိုပေးကာ ဘေးနားထိုင်လိုက်တယ် ဝေထားတဲ့ကြေငြာစာကိုကြည့်မိတော့ ပြမယ့်ကားက Dramaကားကြီး စိတ်ထဲကနေပဲကျိန်ဆဲမိတော့တယ်

[သေစမ်းဟ]

"ဖြူက Dramaအမျိုးအစားကြိုက်တာလား"

"ဟုတ်ဖူး တကယ်က ဖြူက သိုင်းကားတွဲတွေကြိုက်တာ Hee😁 အခုက လာလက်စနဲ့တော့ ကြည့်ဖြစ်သွားအောင်ကြည့်မို့ တကယ်ကကြိုက်ဖူး Dramaကို ပျင်းစရာကြီးမလား"

Love Is LoveWhere stories live. Discover now