Escape From Coma,Part3(zg)

388 8 0
                                    

အချိန်တွေက လျှင်လျှင်မြန်မြန်ပဲကုန်ဆုံးလာခဲ့တယ် ဖြူComaကြောင့် သတိလစ်မေ့မြောနေခဲ့တာ အခုဆိုရင် ၅လကျော်လာခဲ့ပြီလေ ဒီအတောအတွင်းမယ် နော်ဖောကအရင်ထက်ကိုပိုပြီး အလုပ်မယ် ကြိုးစားလာခဲ့တယ် ဒါတင်မဟုတ်ပါဘူး အဘက်ဘက်မယ်ကို သူကြိုးစားနေခဲ့တာပါ ဒါတွေအကုန်လုံးကိုသူလုပ်နေရခြင်းရဲ့ရည်ရွယ်ချက်အကြောင်းအရင်းကတော့ အကယ်၍ ဖြူပြန်သတိရလာတဲ့အခါ အားလုံးက ဖြူ့အတွက် အဆင်ပြေစွာအံ့ဝင်
ခွင်ကျဖြစ်စေနိုင်ဖို့တခုတည်းကြောင့်ပါပဲ
ဖြူဖြစ်စေချင်ခဲ့တဲ့လူတယောက်အနေနဲ့
ဖြူ့ကို သူမြင်စေချင်လွန်းလို့ ဖြူ့စိ
တ်နဲ့သူရဲ့ကိုယ်လိုကို နော်ဖောနေထိုင်လာခဲ့
တယ်လေ

နော်ဖောကအစကတည်းက LGBTအသိုင်းအဝိုင်းထဲမယ်နာမည်ကြီးတယောက်လေ
အခုတော့ အဲ့အသိုင်းအဝိုင်းထဲမယ် ထဲထဲဝင်ဝင်ကိုပါဝင်ပတ်သတ်လာခဲ့တယ် LGBTအသိုင်းအဝိုင်းထဲမယ်ဆိုရင်
နော်ဖောတို့အတွက် Fan clubလေးတောင်ဖွဲ့ပေးထားပြီး အဲ့ထဲလေးမယ် ဖြူ့အတွက် ဆုတောင်းစကားလေးတွေပြောပေးကြသူတွေ နော်ဖောရဲ့အချစ်ကိုအားကျနေကြသူတွေ ဖြူအမြန်သတိရလာပြီး နော်ဖောနဲ့လက်တွဲနိုင်တာကိုမြင်ချင်နေကြပြီဆိုတာမျိုးတွေစုံနေတာပါပဲ
သူတို့နှစ်ယောက်ကိုIdolလို့ကိုသတ်မှတ်လာတဲ့ same genderအတွဲလေးတွေဆိုတာကလည်းအများကြီးရှိလာကြတယ်လေ

"Hello ကိုအုပ်စိုးပြောပါ"

"အေးနော်ဖော အခုလာမယ့် September Promotionမယ်ပွဲလုပ်ဦးမှာလား ရန်ကုန်မယ်ပဲလုပ်မှာလား ဒီမယ်ကကောဘယ်လိုမျိုးစီစဉ်ရမှာလဲ
ဒါသိချင်နေလို့အကိုဖုန်းခေါ်လိုက်တာ"

"တောင်ကြီးမယ်က ဒီတိုင်းPromotionပွဲလေးလိုLucky drawပုံစံလေးလုပ်ပေးလိုက်ပေါ့ ဝန်ထမ်းတွေအတွက်လည်းစားပွဲလေးလုပ်ပေးလိုက်ပါ ရန်ကုန်မယ်တော့ ဒီTelecomအတွက်ကော တခြားလုပ်ငန်းတွေအတွက်နဲ့ကော ပွဲလုပ်ဖို့ရှိတယ် ညစာစားပွဲလိုပေါ့ တော်တော်များများလာကြမှာ အဲ့တာ အကို မလဲ့အတူနဲ့လာခဲ့ပေးနော်"

"ဟာ"

"ဘာလဲ မလဲ့ဆိုတော့ ပြောပါဦး အခြေအနေကိုလည်း ဟီး.. စော်ကြီးကမူနေတုန်းပဲလား😁"

Love Is LoveDonde viven las historias. Descúbrelo ahora