Chapter 12(zg)

521 17 0
                                    

ွ i'll wait, i'll wait...i love you like you've never felt the pain......i'll wait....... i promise,you don't have to be afraid......i'll wait....... love is here and here to stay....so lay your head on me....lay your head on me.

မနက်ခင်းအစော သီချင်းတွေအော်ဆိုနေသော နော်ဖောတယောက်ကြောင့် လဲ့လဲ့အိပ်ယာကနိုးလာတော့တယ် သူ့အခန်းသွားလိုက်တော့ သကောင့်သားက ရေမိုးချိုးပြီးလို့ပြင်နေဆင်နေတော့ လဲ့လဲ့မေးရတော့တာပေါ့

"နော်လေး ပြင်ဆင်နေပါလား စောစောစီးစီး နင့်မလဲဟယ် နေ့တိုင်းအိမ်မယ်လည်း ဖြူမှဖြူ တဖြူထဲဖြူနေတယ် သူ့အိမ်လည်းချောင်းပေါက်မတတ်သွားနေတာ ဘာမှမထူးသေးဘူးလား ငါသံသယတောင် ဝင်လာပြီ နင့်ငါတို့နော်ဖောလေးများဟုတ်သေးရဲ့လား လူစားများဝင်နေလား"

''မရတော့ဘူး မလဲ့ရေ စောက်ရမ်းဖြစ်နေပြီ နောက်မှပြောတော့''

"ဟဲ့ နည်းနည်းပါးပါးထူးတာလောက်တောင်မရှိဘူးလား"

"ဘာမှမထူးဘူး ဒါပေမယ့်ဒီနေ့ အပြင်လျှောက်လည်ကြမို့ကို ဖြူကသဘောတူပေးတာလေ ဒါကြောင့်သွားတော့မယ်ဗျာ ဒါပဲ ဒါပဲ"

ခါတိုင်း လဲ့လဲ့တို့ဆီလာလည်ရင် အလွန်ဆုံး၃ရက်ထက်မပိုတဲ့သူက ပြီးတော့ သူကိစ္စနဲ့သူရှုပ်နေတဲ့သူက ခု တလနီးပါးလာနေနေသည် အပြောအဆိုအနေအထိုင်လည်း ပြင်သွားတယ်ဆိုတာထက် တည်ငြိမ်နေတယ်လို့ပြောရမယ် လဲ့လဲ့မိဘတွေတောင်ဂရုစိုက်မိသည် နော်ဖောလေးပြောင်းလဲနေတာကို ဘာလို့လည်းတော့ သူတို့မသိချေ သိနေတဲ့လဲ့လဲ့ကတော့ တော်တော်ကိုအံ့အောနေမိတာပါပဲ

[အင်း ဖြူရယ် နင့်ကိုသိစေချင်လိုက်တာ နင့်ကိုကြိုက်နေတယ်ဆိုတာနင်မသိတဲ့အချိန်လေးမယ်နော်ဖောလေးကို နင် ဒီလောက်ပြောင်းလဲနိုင်စေတယ်ဆိုတာကို နင်သိစေချင်လိုက်တာဟာ]

ရှေ့ကိုကြိုမသိနိုင်ပေမယ့် ရင်တော့လေးတယ် မပေါင်းဖက်နိုင်မှာထက် ပေါင်းဖက်နိုင်ခဲ့ရင်ဆိုတဲ့ နောက်ဖြစ်လာမှာတွေကို သူငယ်ချင်းလေးမခံနိုင်မှာစိုးရိမ်မိတယ် ဒါပေမယ့် လဲ့လဲ့တခုမျှော်လင့်မိတာကတော့ နော်ဖောလေးကိုရယ်ပါ သူအဆုံးစွန်ထိ ဖြူ့အပေါ် ကာကွယ်သွားပါလိမ့်မယ် ဒီလိုပဲမျှော်လင့်ရမှာပဲမလား။
💢
ဒီနေ့တော့ ဖြူ့ဘဝအတွက်ထူးခြားတဲ့နေ့လေးတနေ့လို့ပြောရမှာပင် ဘာလဲလို့မေးတဲ့အခါ ပြောပြလိုက်ရင်တော့ လူတိုင်းရယ်နေကြလိမ့်မယ် တစုံတယောက်နဲ့အပြင်ထွက်လည်မယ့်ကိစ္စက သူများတွေအတွက် မထူးဆန်းတဲ့သာမာန်ပြုလုပ်နေကြကိစ္စဖြစ်ချင်ဖြစ်နေလိမ့်မည်

Love Is LoveWhere stories live. Discover now