Chapter 27(uni)

1.2K 100 0
                                    

ရန်ကုန်မယ်ဖြူ တလကျော်လောက်တောင်ကြာသွားတယ် နောက်ကျ ကြီးကြီးကိုလည်းအကျိုးအကြောင်းဖွင့်ပြောဖို့အတွက်ရယ် ပြီးတော့ ဖြူ့ဘက်ကအသိုင်းအဝိုင်းကိုလည်း နော်ဖောနဲ့ကိစ္စကိုအသိပေးရအောင်ရယ်ဆိုပြီး အရင်ဆုံးတောင်ကြီးကိုပြန်လာခဲ့လိုက်ကြတယ်
ဖြူ့အသိုင်းအဝိုင်းဆိုတာကလည်း ဖြူ့ဖေဖေကိုရယ်ပါ တခြားတော့ဖြူ့မယ်မရှိပါဘူးလေ

ခရီးလမ်းတလျောက်မယ်တော့ ဖြူ့ရင်ထဲစိတ်တွေလှုပ်ရှားနေမိတာပေါ့ ဟုတ်တယ်လေ
တသက်လုံးရည်းစားသညှာမထားခဲ့တဲ့ ဖြူ့လိုမိန်းခလေးက တကယ်တမ်းချစ်သူရှိလာပြန်တော့လည်း အဲ့ဒီချစ်သူဆိုတာက မိန်းခလေးတယောက်ဆိုတော့ အကယ်လို့
အရင်ဆုံးဖွင့်ပြောမယ့် ကြီးကြီးဘယ်လိုဖြစ်သွားမလဲ
လက်ခံပေးနိုင်ပါ့မလား နောက်ပြီး ဖေဖေကကောသဘောတူကြည်ဖြူနိုင်ပါ့မလား ဖြူမသိနိုင်ပါဘူး

မြန်မာနိုင်ငံလူမှုပတ်ဝန်းကျင်မှာလည်း LGBTဆိုတာ လက်ခံဆဲအဆင့် တကယ့်ထဲထဲဝင်ဝင်သိတဲ့သူတွေလောက်သာ နားလည်ပေးနိုင်မယ့်ကိစ္စမျိုး
တော်တော်များများရဲ့ ကဲ့ရဲ့သလိုအမူအယာတွေ ရှုတ်ချချင်တဲ့အပြောအဆို ဆိုတာတွေအတွက်ဖြူကြိုပြီးအားတင်းထားပါတယ် ဒါတွေကိုဖြူအနော့်ကိုချစ်တဲ့စိတ်တခုနဲ့သည်းခံဖို့ကြိုးစားရမှာပေါ့
အခုဖြူ့အသိုင်းအဝိုင်းနဲ့အရင်ဆုံတွေ့ရမယ့်အခြေအနေမယ်အဆင်ပြေပါ့မလား မဟုတ်ခဲ့ရင်ဖြူဘယ်လိုဖြေရှင်းရမလဲဆိုတာမျိုးဖြူ့မယ်မရှိပါ
သူတို့လဲအနည်းအကျဥ်းတော့ရိပ်မိနေလောက်ပါပြီ ဖြူတို့ကိစ္စအပေါ် ကြီးကြီးကိုတော့လဲ့လဲ့ပြောပြထားတယ်သိရတယ် ဘယ်လိုဖြစ်လာနိုင်မလဲဖြူမသိပါ သေချာတာတခုက
အနော့်လက်ကိုတော့ ဖြူမဖြုတ်ပစ်နိုင်ဘူးဆိုတာပါပဲ

တောင်ကြီးကိုရောက်တော့ မနားတော့ပဲ ကြီးကြီးဆီကိုပဲ
တန်းပြန်လိုက်တယ် အိမ်ရှေ့ရောက်လေ ဖြူ့စိတ်တွေလှုပ်ရှားလေဖြစ်လာတော့ ဘေးနားကအနော်က
"ဖြူ စိတ်တွေအရမ်းပူနေတာလား စိတ်မပူပါနဲ့ အနော်လည်းပါလာတာပဲ အနော်ဖြူ့ကိုပြောထားခဲ့သလိုပါပဲ
ဘာတွေပဲဖြစ်ဖြစ် ဘယ်လိုအရာတွေနဲ့ပဲကြုံလာပါစေ အနော်တို့လက်တွေကိုအမြဲဆုပ်ကိုင်ထားမယ်ဆိုတာလေ
ဘာအကြောင်းကြောင့်နဲ့မှ ဖြူ့ကိုအနော်အဆုံးရှုံးမခံနိုင်ဘူးသိလား အဲ့ဒီတော့ အခုဘာတွေပဲဖြစ်လာပါစေ
အနော်ဖြူ့ဘေးနားမှာအမြဲရှိနေမှာသိလား လာဝင်ကြရအောင်"ဆိုတဲ့အားပေးစကားလေးက တကယ်ကိုဖြူ့အတွက်အားဖြစ်စေပါတယ်

Love Is LoveWhere stories live. Discover now