Chapter 32(uni)

979 79 0
                                    

(Ring...Ring...Ring)
ဒေါ်နော်အယ်လ်မှုးတာတယောက် သူမ၏ရုံးခန်းထဲတွင် လချုပ်စာရင်းများစစ်နေရင်း ဖုန်းလာသဖြင့် ဘယ်သူလဲကြည့်လိုက်တော့ ဖြူ့ဆီကဖြစ်နေသည်
အရင်တခါစကားပြောဖြစ်ကြပြီး သူမကိုအချိန်မရွေးဆက်သွယ်နိုင်အောင် ကိုယ်စီဖုန်းနံပါတ်တွေပေးထားကြပေမယ့် သူမကသာအကြောင်းအမျိုးမျိုးနဲ့ပတ်သက်ပြီး ဆက်ခဲ့ဖူးပေမယ့် ဒီကလေးမလေးကတခါမှစမခေါ်ဖူးတာကြောင့် မလာစဖူးဆိုပြီးချက်ချင်းပဲကိုင်လိုက်ကာ.....

"Hello သမီးလေး မဆက်စဖူး ဆက်လာပါလားကွယ် Candyလေးကောရှိလားအနားမယ်
ပြောလိုက်ဦး ဖုန်းလေးတောင်မဆက်ဘူး နေနိုင်လွန်းတယ် အဲ့ကလေး"

"ဟုတ်ကဲ့ အနော်အပြင်သွားတယ်အန်တီ
အန်တီ့ကိုဖြူပြောြပစရာလေးရှိလို့ဆက်လိုက်တာပါ"

"အေးကွယ် ပြောလေသမီးလေး"

"ဝမ်းသာလိုက်တော့ အန်တီသိလား
အနော်ကအန်တီစီစဥ်တာကိုလက်ခံမယ်လို့ ဖြူ့ကိုပြောတယ်သိလား"

"ဟေ တကယ်..တကယ်လားသမီးလေး မြန်..မြန်လိုက်တာကွယ်"

"ရှင်"

"Aww!အန်တီဝမ်းသာတာကော အခုလိုမြန်မြန်ဆန်ဆန် Candyလေးကလက်ခံလာမယ်လို့လဲမထင်ထားဘူးလေ
အဲ့တာကြောင​့်ပါကွယ် သမီးရယ် Candyလေးကလက်ခံလိုက်တယ်ဆိုတာတကယ်ပါနော်"

"တကယ်ပါအန်တီ ဖြူသူလက်ခံတယ်ပြောပြီးပြီးခြင်း အန်တီ့ကိုအသိပေးချင်နေတာ အခုမှအသိပေးနိုင်တယ်"

"ဝမ်းသာလိုက်တာသမီးလေးရယ် အန်တီ...အန်တီလေ ဘယ်လိုကျေးဇူးတင်ရမလဲတောင်မသိတော့ပါဘူးကွယ်
တကယ်ပါ အန်တီအရမ်းဝမ်းသာတယ်"

"မဟုတ်တာအန်တီရယ် ကျေးဇူးတင်စရာမလိုပါဘူး
အနော့်ဆီကအခုလိုစကားကြားလိုက်ရတော့ ဖြူလည်း အရမ်းပျော်နေတာပါ"

"ဘယ်လိုများဖျောင်းဖျပြောဆိုလိုက်တာလဲသမီးရယ်
တမျိူးမထင်ပါနဲ့ အန်တီထင်ထားတာက ပြောရခက်မယ့်ကိစ္စမျိုးဆိုတော့ အချိန်ယူရမယ်ဆိုပြီးတွေးထားတာမလို့လေ"

ဒေါ်နော်အယ်လ်မှုးတာကအခုလိုမေးလို့တဖက်ကကလေးမကပြန်ပြောပြတယ်
ဒီကလေးမလေးက ဖျောင်းဖျပြီးလိုချင်တာကိုတောင်းဆိုတာမျိုးမဟုတ်ပဲ ခေါင်းထဲရောက်အောင်ပြော​ြပပြီး အသိပေးစဥ်းစားခိုင်းလိုက်ကာ သူ့သမီးလေးသဘောပေါက်နားလည်လာအောင် လက်ခံချင်အောင်ပြောဆိုပေးခဲ့တာကို သူမသဘောပေါက်လိုက်တယ် ဒီကလေးမက သူမအသွင်အပြင်လေးနဲ့မလိုက် စဥ်းစားတွေးခေါ်နိုင်စွမ်းကလေးစားလောက်စရာဆိုပြီး ဒေါ်နော်အယ်လ်မှုးတာချီးကျူးမိလိုက်တော့တယ်

Love Is LoveWhere stories live. Discover now