Chapter 57(uni)the new lifes

942 67 0
                                    

"Time Skip"(After 1year and 5month)

"ကျမအနေနဲ့ အနားယူတာမျိုးတော့မဟုတ်ပါဘူး ကျမရဲ့မျိုးဆက်ဖြစ်တဲ့ ကျမသမီးလေးကို Companyကိုလွဲအပ်ခဲ့တယ်ဆိုပေမယ့် ဂုဏ်ထူးဆောင်ဥက္ကဌတယောက်အနေနဲ့တော့ဆက်ရှိနေပေးသွားမှာဖြစ်ပါတယ် ပြီးတော့ ဒီကလေးကို ကျမရဲ့သမီးအနေနဲ့မဟုတ်ပဲ Queensland Organizationလုပ်ငန်းစုကြီးကို ဦးဆောင်ဖို့အရည်အချင်းအပြည့်အဝရှိတဲ့သူအဖြစ် ဒီလုပ်ငန်းစုကြီးကို တသက်လုံး သွေးချွေးတွေနဲ့တည်ဆောက်လာခဲ့တဲ့ ကျမဒေါ်နော်အယ်လ်မှုးတာအနေနဲ့ ထောက်ခံတယ်လို့ပဲ လူကြီးမင်းတို့အနေနဲ့သိထားစေချင်ပါတယ်"

"ကျနော်က ဒီကနော်ဖောအယ်လ်မှုးကိုသဘောကျပါတယ် သူ့အရည်အချင်းကိုလဲ ကျနော်တို့မြင်တွေ့နေခဲ့တာပဲမလား မမကြီးရဲ့သဘောပါ"

"မှန်ပါတယ်ရှင် နော်လေးက ကျမရဲ့သမီးဆိုပေမယ့် ဒါကအားလုံးရဲ့ Queenslandမလား ဒါကြောင့် ဒီနေ့စားပွဲဝိုင်းလေးကို ဦးရဲမွန်တို့လိုရှယ်ယာရှင်တွေကိုဖိတ်ရခြင်းပါပဲ"

"အခုရောက်နေတဲ့လူကြီးမင်းတို့အားလုံးလဲသိထားပြီးသားပါ ဒီQueensland Organizationရဲ့အသက်ကဘယ်သူလဲဆိုတာကိုလေ အခုမမကြီးက သူရဲ့မျိုးဆက်ဖြစ်တဲ့ ဟောဒီက နော်ဖောအယ်လ်မှုးလေးကိုထောက်ခံတယ်ဆိုတဲ့အပေါ်မယ် သူ့သွေးသားဆိုတာထက် Queenslandရဲ့အနာဂါတ်အဖြစ်နဲ့ သူလေးကိုထောက်ခံထားတယ် ယုံကြည်တယ် လို့ကျနော်ထင်တယ် အားလုံးကိုကျနော်ပြောချင်တာက ကျနော်တို့ကမမကြီးအပေါ် အမြဲယုံကြည်အားကိုးပြီး ဒီQueenslandနဲ့လက်တွဲလာတာဘယ်လောက်တောင်ကြာခဲ့ပြီလဲ တခါမှလည်းစိတ်မပျက်ခဲ့ရဘူး ဆုံးရှုံးရတယ်ဆိုတာကောကျနော်တို့မယ်ရှိခဲ့ကြလို့လား ဒီတော့ မမကြီးရဲ့မျိုးဆက်ဖြစ်တဲ့ ဒီကလေးအပေါ် မမကြီးကိုယုံကြည်သလို အားကိုးသလိုသဘောထားနဲ့ပဲ ကျနော်ကတော့ ထောက်ခံပါတယ်"

"ဒါပေါ့ မမကြီးရဲ့မျိုးဆက်ဆိုတော့ မမကြီးရဲ့သွေးအပြည့်ပါနေတာပဲ ကျမကလည်းထောက်ခံပါတယ်"

"ကျနော်လည်း အပြည့်အဝထောက်ခံပါတယ် ဒီနှစ်အတွင်းမယ်ကို နောျဖောအယျလျမှုးက မမကြီးရဲ့အစွမ်းအစတွေကိုပိုင်ဆိုင်ထားတယ်ဆိုတာ သက်သေပြခဲ့ပြီးတာပဲမလား"

Love Is LoveWhere stories live. Discover now