နေ့လည်လောက်ကြတော့ အမိုးအိမ်ကိုပြန်လာခဲ့လိုက်ကြတယ် အမိုးကိုပန်းခြံထဲမယ်တွေ့လိုက်ရတော့ နော်ဖောကစလိုက်တယ်
"အမိုးနားတာလားဒီနေ့က အလုပ်ကိုသေချာလုပ်လေဗျာ အပျင်းမကြီးနဲ့"
"Candyလေးက ဒီသမီးလေးပဲမွှန်နေတော့ ဒီနေ့ဘာနေ့တောင်သတိမရတော့ဘူးဖြစ်နေပုံပဲ😁".
"ဘာနေ့မလို့လဲ"
"Sundayလေ Candyလေးရယ် အမိုးနားရက်လေ"
"Aww!ဟုတ်သား Hee"
"ဒါပေမယ့်နောက်၃ရက်ဆိုဘာလဲကောသိရဲ့လား"
"အမလေး သိပါတယ်အမိုးရယ်"
"ပြောလေ သိရင်"
နော်ဖောက သူအမိုးကိုယ်လုံးလေးကို ဖက်ပြီး ပါးလေးကိုနမ်းလိုက်ကာ
"ဟော့ဒီက အနော့်ရဲ့ချစ်လှစွာသော အဖွားကြီး ဒေါ်နော်အယ်လ်မှုးတာရဲ့ ၅၂နှစ်မြောက်မွေးနေ့လေ ဟုတ်လား😁""တော်သေး သတိလေးရသေးလို့ အဲ့တော့ Companyကိုသွားပြီး နှောင်းဆီမယ် မွေးနေ့ဖိတ်စာတွေသွားယူလိုက်ဦး ပြီးရင်အရင်အတိုင်းကိုယ်တိုင်ဖိတ်ရမယ့်သူတွေဆီသွားဖိတ်ပေးရမယ်လေ"
"အမိုးကလည်း အဲ့လူတွေဆီမသွားချင်ပါဘူးဆိုနေ အမြဲအနော်ပဲသွားနေရတာ"
"Aww!အမိုးမသွားနိုင်လို့ပေါ့ ကိုယ်တိုင်ဖိတ်မှသင့်တော်မယ့်သူတွေမလား သမီးလေးကောခေါ်သွားပေါ့"
"ဟာ မခေါ်ပါဘူး ဒီလိုဟာတွေနဲ့ဖြူ့ကိုမတွေ့ခိုင်းပါဘူး"
နော်ဖောလည်းသူ့အမိုးကိုပြောရင်း ဖြူ့ဘက်လှည့်ကာ
"ဖြူဒီမယ်နေခဲ့ပေးနော် အနော်ခနလောက်အမိုးခိုင်းတာလေးသွားလုပ်ပေးလိုက်မို့ မခေါ်ချင်လို့မဟုတ်ဘူးသိလား""အင်းပါ သွားစရာရှိတာသာသွား ဖြူလဲခေါင်းထဲမအီမသာကြီးဖြစ်သလိုလိုမလို့"
ဖြူတို့ပြောနေတာကြားတော့ နော်ဖောအမိုးက
"သမီးလေးနေမကောင်းတာများလား နေမကောင်းရင်ပြောလေ ဆရာဝန်နဲ့ပြရအောင်""မဟုတ်ပါဘူး အန်တီ ဒီတိုင်းနားလိုက်ရင်ရပါတယ်"
"အမစီစီတို့လေ Barအတင်းခေါ်လို့ ညကဆုံတော့ ဖြူ့ကိုအတင်းတိုက်လို့တခွက်သောက်လိုက်ရတာ အဲ့တာကြောင့် ဖြူကလုံးဝမသောက်တတ်ဘူးလေ"
![](https://img.wattpad.com/cover/267290310-288-k424296.jpg)
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...