Chapter 35(uni)

913 82 0
                                    

ဒီအတောအတွင်းတော့ နော်ဖောကဖြူ့ဆီမယ်ပဲနေခဲ့ပြီး ၎င်းတို့ရဲ့အချစ်နေ့ရက်လေးတွေကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာပေါ့ အရာရာလည်းအဆင်ပြေခဲ့ပါတယ်
ဒါပေမယ့်ကံကြမ္မာရဲ့မုန်တိုင်းဆိုတာက မထင်မှတ်တဲ့အချိန် မထင်မှတ်တဲ့နေရာကို တိုက်ခိုက်တတ်တယ်မလား

အဲ့ဒီနေ့ကတော့ ဖြူမနက်အစောဝေလီဝေလင်းအိပ်ယာထ မျက်နာသစ်သွားတိုက်ပြီး ထုံးစံအတိုင်း ခြံလေးထဲဆင်းလာလိုက်တယ်
ဖြူတို့ခြံက တနိုင်တပိုင်လေးဆိုတော့ အလုပ်သမားအများကြီးမလိုပါဘူး ရှိတဲ့ဦးလေးမောင်တို့လင်မယားနှစ်ယောက်ကလည်း ကြီးကြီးနဲ့ဆွေမျိူးမကင်းတဲ့သူတွေပါပဲ

ဖြူခြံထဲရောက်တော့ သူတို့ကတော့ လုပ်စရာရှိစရာတွေလုပ်နေကြပြီး ခါတိုင်းခြံထဲအစောဆုံးရောက်နေသူကြီးကြီးကိုမတွေ့ရလို့မေးကြည့်တော့ အခုထိမလာသေးကြောင်းပြောပြလို့ နေများမကောင်းတာလားတွေးရင်း ကြီးကြီးအခန်းဆီလာတော့ ကြီးကြီးကအိပ်နေတုန်း......

"ကြီးကြီး နေမကောင်းလို့လား ခြံထဲမရောက်သေးဘူးဆိုလို့ ဖြူလာခဲ့လိုက်တာ"

ဖြူနိုးပေမယ့်ဘာမှပြန်မပြောတာမို့ ကုတင်နားအသာသွားပြီး ပခုံးကိုအသာကိုင်လိုက်တော့ ကြီးကြီးခန္ဒာကိုယ်ကအေးစက်နေတာခံစားလို်က်ရတယ်
လှုပ်နိုးတော့လည်းမထူးတာကြောင့် ဖြူလဲခြံထဲကဦးလေးကြီးတို့လင်မယားကိုအော်ခေါ်တော့ သူတို့ရောက်လာကြတယ်

ဖြူ့အော်သံအကျယ်ကြီးမလို့နော်ဖောပါနိုးလာပြီးရောက်လာကာ......

"ဖြူ ဘာဖြစ်လို့လဲ ကြီးကြီးအခန်းထဲကနေဖြူ့အော်သံကြားလို့"

"ဒီမှာ ကြီးကြီးခြံထဲမလာသေးလို့လာနိုးတာ နိုးတာမနိုးလို့ နောက်ပြီးအသားတွေကအေးစက်နေတာပဲ ဦးလေးနဲ့အန်တီတို့လုပ်ပါဦး ကြီးကြီးဘာဖြစ်တာလဲမသိဘူး"

ဖြူပြောတော့ သူတို့က ကြီးကြီးကိုနိုးကြည့်တော့လဲမနိူး ဒါနဲ့အန်တီကြီးကခေါင်းကိုကိုင်ကြည့်တယ် နှလုံးခုန်သံကြားရအောင်နားထောင်တယ် ပြီးတော့နှာခေါင်းကအသက်ရူမရူသိအောင်လုပ်နေပြီးမှ.....

Love Is LoveWhere stories live. Discover now