Chapter 62(uni)

933 55 3
                                    

စနေနေ့ အိမ်မယ်သင်တဲ့ Guideဝိုင်းလေးအပြီး ဖြူခနနားနေတုန်း ကိုအုပ်စိုးကအပြင်လေးတခုခုသွားစားဖို့လာခေါ်တာနဲ့လိုက်လာခဲ့လိုက်တယ်
အုပ်စိုးက သူ့ရဲ့Car Showroomလုပ်ငန်းကိုပဲဆက်လက်လုပ်ကိုင်နေတာဖြစ်ပြီး ဖြူတောင်မှ ရှယ်ယာနည်းနည်းထည့်ဝင်ထားပါသေးတယ်
အုပ်စိုးကဖြူ့အပေါ်သူညီမတယောက်လိုပင်သတ်မှတ်ထားသူဖြစ်ပြီး ဖြူကိုယ်တိုင်ကလည်း အုပ်စိုးကိုသူမရဲ့အကိုတယောက်လိုအားကိုးခင်တွယ်လာပါတယ်
သွေးတော်စပ်မှုဆိုတာက တကယ်တမ်းမယ် အရေးမကြီးဘူးဆိုတာကို ဖြူနားလည်လာခဲ့ရတာပေါ့လေ

"ညီမလေး ကျောင်းပိတ်ရက်ဆိုတော့ ဒီနေ့Guideဝိုင်းတွေရှိသေးလား"

"ဟုတ်တယ်အကို ကျောင်းပိတ်ရက်ကျတော့ ၂ဝိုင်းပိုတယ် ပုံမှန်ကတော့ ကျောင်းဖွင့်ရက်၅ရက် မနက်နဲ့ညနေ နှစ်ဝိုင်းပါပဲ ပိုလာတာကလည်း အိမ်နားလေးက ဆယ်တန်းကလေးတွေ၅ယောက်ပါ"

"အလုပ်တွေပဲအရမ်းလုပ်မနေနဲ့ဦး ခရီးလေးဘာလေးထွက်အပန်းဖြေပါဦးလား ညီမဒီရောက်ကတည်းက အကိုသိသလောက် ဘယ်မှလည်းသွားတာမဟုတ်ဘူးလေ"

"ဟီး😁 ဟုတ်တယ်နော်"

"ဒီလိုပါ ညီမအကို့ကိုပြောတယ်လေ စိတ်သစ်လူသစ် ဘဝသစ်ကိုစမယ်ဆိုပြီးမလား ဒီတော့အခုလိုအလုပ်အပေါ်ပဲစိတ်ကြီးနှစ်ထားတာမျိုးမဖြစ်စေချင်ဘူး ပျော်စရာလေးတွေ အခုအကိုပြောသလိုပေါ့ အပန်းဖြေတာလေးတွေလည်းလုပ်ဦးမှပေါ့ဟ"

"ဟုတ်ပါတယ် ဖြူနားလည်ပါတယ် ဒါပေမယ့် ဖြူအဲ့လိုတွေမှမလုပ်ခဲ့ဖူးတော့ ဒီလိုနေရလည်းအဆင်ပြေတယ်ဆိုပြီးနေလာတာအကိုရဲ့"

"မနေရပါဘူး ဒီလိုလုပ် လာမယ့်ဒီဇင်ဘာကျောင်းပိတ်ရင် ညီမမောင်လေးလည်းခေါ် အကိုတို့ခရီးတခုလောက်ထွက်ကြမလား"

"ဟုတ် ဒါလည်းကောင်းပါတယ် အကိုမှလိုက်မပို့ရင်လည်း ဖြူ့ပါသာဆို တောင်ကြီးထဲတောင်အနှံရောက်မှာမဟုတ်တော့ဘူး"

"တောင်ကြီးထဲမဟုတ်ဘူးညီမရဲ့ ဘုရားဖူးထွက်မယ် လည်ပတ်စရာနေရာတွေလျှောက်သွားမယ်ပြောနေတာ"

"အကို့သဘောပါ"

ဖြူနဲ့အုပ်စိုးတို့ စားသောက်ဆိုင်တခုမယ်စကားပြောနေတုန်းအနားကို လူနှစ်ယောက်ရောက်လာကာ မပြောမဆိုနဲ့ ဖြူတို့ဝိုင်းမယ်ဝင်ထိုင်လို့ကြည့်မိတော့ နော်ဖောနဲ့နှောင်းရိပ်ချိုဖြစ်နေလို့ ဖြူအံ့ဩသွားရတယ်
နော်ဖောကတောင်ကြီးဘယ်လိုလုပ်ရောက်နေတာလဲဆိုပြီးပေါ့

Love Is LoveWhere stories live. Discover now