Chapter 69(zg)

407 8 0
                                    

(၈ရက်နေ့ ၊ မနက်၁၁နာရီခန့်)
နှောင်းရိပ်ချိုတယောက်တည်းကားပေါ်မယ် သူမဘာလုပ်ရမလဲဆိုတာကိုစဉ်းစားနေတယ် သေချာတာကတော့ ပြီးခဲ့တဲ့မိနစ်ပိုင်းလေးအတွင်းမယ်ကို သူမရဲ့ဘဝကပျက်သွားခဲ့ပြီဆိုတာကိုနားလည်လိုက်ရလို့ပါပဲ
အုပ်စိုး ဇွန်ပွင့်ဖြူအိမ်ကနေထွက်လာခဲ့ကတည်းက သူ့ကားနောက်ကနေကပ်လိုက်လာတော့ အုပ်စိုးဦးတည်လာတဲ့နေရာက
နော်ဖောရှိနေတဲ့လဲ့လဲ့ရဲ့Companyကိုလေ အုပ်စိုးဝင်သွားတော့ နှောင်ရိပ်ချိုကားပေါ်ထိုင်ရင်းစဉ်းစားနေမိတယ်
နော်ဖောကိုပဲတခုခုလုပ်မို့လား ဒီလိုတော့မဖြစ်နိုင်ပါဘူး
အုပ်စိုးကြည့်ရတာတည်တည်ငြိမ်ငြိမ်ပင် ဝင်သွားတဲ့ပုံစံပဲတွေးမိတယ်

ခနကြာစဉ်းစားပြီးမှ သူမလည်းလိုက်ဝင်လိုက်တယ် လဲ့လဲ့ရုံးခန်းကိုရောက်တော့ဝင်ဖို့လုပ်ပြီးမှ အသာတံခါးလေးကိုဟပြီး အရင်အထဲကိုချောင်းတော့ နော်ဖောနဲ့အုပ်စိုးကစကားပြောနေတယ် နားထောင်ကြည့်လိုက်တော့......

""မင်းအခုရက်စက်နေတဲ့ဖြူက မင်းသေလောက်အောင်ချစ်ခဲ့ရတဲ့ဖြူအစစ်ပါကွ မင်းနာကျည်းသွားမှကိုဖြစ်မှာမလို့ မင်းနာကျည်းသွားအောင်လုပ်ခဲ့တဲ့ဖြူကတော့ နှောင်းရိပ်ချိုနဲ့မြတ်သူကျော်တို့ရဲ့ Productတခုပေါ့ကွာ ငါပြောပြတဲ့ထဲက..............."

အဲ့ထဲကနှောင်းသိလိုက်ရတယ်လေ သူမတော့သွားပြီပေါ့ အုပ်စိုးကအကုန်ဖော်နေပြီမလား ဝင်သွားပြီးအတင်းငြင်းလဲ စစ်ကြမယ်ဆို ဇွန်ပွင့်ဖြူပါပါလာရင်ပေါ်ကုန်မှာပဲ ခနဆက်နားထောင်တော့ အုပ်စိုးကအကုန်ကိုသိနေပြီး အသေးစိတ်ကအစပြောပြနေတော့တယ်လေ
ဒါနဲ့ နှောင်းရိပ်ချိုလည်းခုလိုကားပေါ်မယ်စဉ်းစားနေရတာပေါ့ အရမ်းခံပြင်းလွန်းနေကာ လူသတ်ချင်စိတ်ပါပေါက်နေရင်း သူ့အတွေးထဲမယ် ဇွန်ပွင့်ဖြူကခေါင်းထဲပေါ်လာတယ်လေ

[ငါ့ဘဝကတော့သွားပြီ တောက်စ် ဒါဒီကောင်မကြောင့် ဒီကောင်မပေါ်လာတဲ့အချိန်ကစပြီး ငါ့မယ်ကလေးကိုဆုံးရှုံးရတယ်
မရရအောင်ပြန်ယူထားပြီးမှ ဟိုခွေးကောင်ကြောင့်အကုန်ပျက်စီးခဲ့ရပြီ အုပ်စိုး...အုပ်စိုး အရင်တခါလည်းနင့်ကြောင့် အခုလည်းနင်လုပ်ပြန်ပြီ အေး နှောင်းကလည်း သေတွင်းကိုတော့ တယောက်တည်းမသွားဘူး
နင်တို့တန်ဖိုးအထားဆုံးအရာလေးကိုပါခေါ်ပြီးသွားမယ် နှောင်းဘဝကိုလည်း အကုန်ကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ကောင်မ ဇွန်ပွင့်ဖြူ... ငါကလေးကိုမပိုင်ရရင် နင်လည်းပိုင်ရမယ်မထင်နဲ့ နှောင်းကအဲ့လောက်သဘောထားကြီးတဲ့သူ မဟုတ်ဘူး
ပြီးတော့နှောင်းနာကျင်ရသလို အကုန်လုံးနှမျောတသဖြစ်နေရအောင်ကိုလုပ်ပြီးမှသေမယ် ခစ်ခစ်ခစ် နှောင်းကအနိုင်နဲ့ပဲသေမှာသိကြရဲ့လား]

Love Is LoveWhere stories live. Discover now