Final Chapter(uni)

1.6K 87 10
                                    

နော်ဖောဖြူ့ကိုစကားလေးပြောရင်းငိုနေလေ
တယ် ပြီးတော့ ဘာမှသူထပ်ပြီးမပြောနိုင်
တော့တာမို့ ဖြူလက်ဝါးကလေးကိုဆုပ်ကိုင်
လိုက်ကာ သူ့ပါးလေးမယ်အပ်ထားပြီးတော့
အိပ်ယာလေးပေါ်ခေါင်းလေးချကာငိုပဲငိုနေ
လိုက်တော့တာပေါ့ သူပြောတာတွေ
ဖြူကကြားနိုင်မှာမဟုတ်ဘူးပေါ့ သူ့မယ်
တော့ ဖြူ့ကိုအရမ်းလွမ်းနေရတယ်မလား

နော်ဖောငိုနေရင်း ရုတ်တရက်သူ့လက်ဝါး
လေးကိုတင်းခနဲဖြစ်သွား​ေစတဲ့အထိအတွေ့
ကို ခံစားမိတယ် နော်ဖောအရမ်းအံ့ဩသွား
တာပေါ့ချက်ချင်းခေါင်းကိုထောင်ပြီးဖြူ့
မျက်နာလေးကိုကြည့်လိုက်တော့ ဖြူက
မျက်လုံးလေးတွေပွင့်နေပြီးသူ့ကိုကြည့်နေ
တာကိုမြင်လိုက်တယ် ပြီးတော့ အားယူပြီး
ပါးစပ်လေးလှုပ်ရုံလှုပ်ကာ အရမ်းတိုးညှင်း
လွန်းတဲ့အသံလေးနဲ့ပြောလာပေမယ့် နော်
ဖောကောင်းစွာကြားလိုက်ရတယ် ဖြူပြော
လာတာက......

"အ...နော်..."

"ဖြူ......😲 အားးး😭 ဖြူ...ဖြူရယ်.....😭
ဖြူသတိပြန်ရလာပြီပေါ့ နောက်ဆုံးတော့
ဖြူသတိရလာခဲ့ပြီနော် ဟီးးးး😭

နော်ဖောက စိတ်လှုပ်ရှားစွာပင် ဖြူ့ပါးလေး
နှစ်ဘက်ကို သူ့လက်နှစ်ဘက်နဲ့ဖွဖွလေးကိုင်
လို့ အော်ကြီးဟစ်ကျယ်ငိုယိုကာ
ဆောက်တည်ရာမရလောက်အောင်ပျော်ပြီး
သူပြောချင်တာတွေကိုပြောလာတော့တယ်

"ဖြူ... ဖြူအနော်ပြောနေတာတွေကြားသွား
တယ်မလား ဟုတ်တယ်မလား အနော်....
အနော်လေ ဖြူ့ကိုအရမ်းလွမ်းနေရတာဖြူ
ရယ် အနော်အရမ်းပျော်တာပဲ ဟီးးး😭
အရမ်းမျှော်လင့်နေခဲ့ရတာ အနော်ဒီချိန်ကို
အရမ်းမျှော်လင့်ပြီးစောင့်နေရတာဖြူရဲ့ဟီးးး😭"

နော်ဖောကပျော်တယ်ပြောပြီး မျက်ရည်တွေ
အများကြီးကျကာ အော်ငိုနေတယ် အပျော်
လွန်ရင်လည်းငိုတတ်ကြတယ်မလား ဖြူ
ကတော့ဘာမှထပ်မပြောနိုင်သေးပါဘူး
အခုမှသတိပြန်ရလာတာကြောင့်လဲဖြစ်နိုင်ပါ
တယ် ဒီအချိန်မယ် Nurseကအခန်းထဲဝင်
လာတော့ ဒီအဖြစ်အပျက်ကိုမြင်သွားကာ
စိတ်တွေလှုပ်ရှားပြီး အခန်းအပြင်ကိုအမြန်
ပြန်ထွက်လိုက်ရင်း အိမ်ထဲကလူတွေ အကုန်
ကြားအောင် အော်ပြောလိုက်တယ်

Love Is LoveWhere stories live. Discover now