Chapter 14(zg)

497 16 0
                                    

နော်ဖော ကားကို အဝေးပြေးလမ်းမကြီးဆီဦးတည်လိုက်တယ် လမ်းမကြီးပေါ်သို့ရောက်တော့ အရှိန်မှန်မှန်လေးမောင်းလိုက်ပြီး.....

"ဖြူ စိတ်လွတ်လက်လွတ်အော်ဖူးလား ဘယ်သူမှမရှိတဲ့နေရာ ဘယ်သူမှမကြားနိုင်တဲ့ နေရာမျိုးမယ်လေ"

"ဟင့်အင်း"

ဒါနဲ့နော်ဖောက ဖြူ့ကို နေရာတခုခေါ်သွားမယ်ဆိုကာ သူသွားမယ့်နေရာကို လမ်းကြောင်းပြောင်းမောင်းလိုက်တယ် အချိန်အနည်းငယ်ကြာကြာမောင်းပြီးနောက် သွားချင်တဲ့နေရာရောက်တော့ကားကိုရပ်လိုက်တယ်လေ

"ရောက်ပြီဖြူ ဆင်းခဲ့နော် ပြီးရင်အနော့်နောက်ကလိုက်ခဲ့သိလား"

နော်ဖောကပြောပြီးကားထဲကထွက်သွားတော့ ဖြူလည်းနောက်ကိုလိုက်လာခဲ့တယ် မြက်ခင်းပြင်တွေရှိနေတဲ့နေရာရောက်တော့ သူကရပ်လိုက်သည် ရှေ့မှာရှိတာက ချောက်ကမ်းပါးတခု သူဘာဖြစ်လို့ဒီကိုလာရတာလဲ ဖြူတွေးမိနေတယ်

"အနော် ဒီနေရာကို အနည်းဆုံးတနှစ်ကို တခေါက်တော့ရောက်အောင်လာတယ် အနော်စိတ်တွေမွန်းကျပ်လွန်းနေရင် စိတ်တွေရှုပ်ထွေးလွန်းနေရင် ဒီနေရာလေးကိုအရမ်းသတိရတယ် လာချင်တယ် ဖြူသိလား"

"ဘာဖြစ်လို့လဲ ဒီနေရာလေးက နော်ဖောအတွက် ဘယျလိုအဓိပ်ပါယျရှိနေလို့လဲ"

"ကဲ ဖြူဒီနားလာခဲ့ အနော်လုပ်တာကိုကြည့်နေနော်''
AhhhhhhhhhhhhhHHHH!!!!!

အနော်က ချောက်ကမ်းပါးနားကနေ အသံကုန်အော်ပြီး မောသွားဟန်တူမှရပ်လိုက်တယ် ပြီးတော့......

"ဖြူ လုပ်ကြည့် အနော်လုပ်သလို ဘာပဲအော်အော် ဖြူအော်တာကိုသာ မောသွားတဲ့အထိအော်သိလား လာပါ လုပ်ကြည့် လုပ်ကြည့်ပါနော် ဖြူ အနော့်ကိုခင်ရင်လုပ်ကြည့်ပေးပါနော်"

ဖြူလည်းသဘောတူလိုက်ပြီး သူ့နားရပ်လိုက်ကာ......

ဖေဖေ!!!!!!!!

ဖြူလဲ အော်ခေါ်ချင်တဲ့အမည်ကို အသံကုန်အော်ဟစ်ပစ်လိုက်တယ် မောတော့နားလိုက် ပြီးတော့ထပ်အော်ရင်း...ထပ်အော်ရင်းနဲ့လွတ်ထွက်သွားသလိုမျိုးကိုခံစားမိလိုက်တယ် ဒီမယ်နော်ဖော ရုတ်တရက်ဖြူ့ကိုယ်လုံးလေးကိုတင်းတင်းကျပ်ကျပ်ဆွဲဖက်ထားလိုက်ရင်း.....

Love Is LoveWhere stories live. Discover now