Final Chapter(zg)

506 12 0
                                    

နော်ဖောဖြူ့ကိုစကားလေးပြောရင်းငိုနေလေ
တယ် ပြီးတော့ ဘာမှသူထပ်ပြီးမပြောနိုင်
တော့တာမို့ ဖြူလက်ဝါးကလေးကိုဆုပ်ကိုင်
လိုက်ကာ သူ့ပါးလေးမယ်အပ်ထားပြီးတော့
အိပ်ယာလေးပေါ်ခေါင်းလေးချကာငိုပဲငိုနေ
လိုက်တော့တာပေါ့ သူပြောတာတွေ
ဖြူကကြားနိုင်မှာမဟုတ်ဘူးပေါ့ သူ့မယ်
တော့ ဖြူ့ကိုအရမ်းလွမ်းနေရတယ်မလား

နော်ဖောငိုနေရင်း ရုတ်တရက်သူ့လက်ဝါး
လေးကိုတင်းခနဲဖြစ်သွားစေတဲ့အထိအတှေ့
ကို ခံစားမိတယ် နော်ဖောအရမ်းအံ့ဩသွား
တာပေါ့ချက်ချင်းခေါင်းကိုထောင်ပြီးဖြူ့
မျက်နာလေးကိုကြည့်လိုက်တော့ ဖြူက
မျက်လုံးလေးတွေပွင့်နေပြီးသူ့ကိုကြည့်နေ
တာကိုမြင်လိုက်တယ် ပြီးတော့ အားယူပြီး
ပါးစပ်လေးလှုပ်ရုံလှုပ်ကာ အရမ်းတိုးညှင်း
လွန်းတဲ့အသံလေးနဲ့ပြောလာပေမယ့် နော်
ဖောကောင်းစွာကြားလိုက်ရတယ် ဖြူပြော
လာတာက......

"အ...နော်..."

"ဖြူ......😲 အားးး😭 ဖြူ...ဖြူရယ်.....😭
ဖြူသတိပြန်ရလာပြီပေါ့ နောက်ဆုံးတော့
ဖြူသတိရလာခဲ့ပြီနော် ဟီးးးး😭

နော်ဖောက စိတ်လှုပ်ရှားစွာပင် ဖြူ့ပါးလေး
နှစ်ဘက်ကို သူ့လက်နှစ်ဘက်နဲ့ဖွဖွလေးကိုင်
လို့ အော်ကြီးဟစ်ကျယ်ငိုယိုကာ
ဆောက်တည်ရာမရလောက်အောင်ပျော်ပြီး
သူပြောချင်တာတွေကိုပြောလာတော့တယ်

"ဖြူ... ဖြူအနော်ပြောနေတာတွေကြားသွား
တယ်မလား ဟုတ်တယ်မလား အနော်....
အနော်လေ ဖြူ့ကိုအရမ်းလွမ်းနေရတာဖြူ
ရယ် အနော်အရမ်းပျော်တာပဲ ဟီးးး😭
အရမ်းမျှော်လင့်နေခဲ့ရတာ အနော်ဒီချိန်ကို
အရမ်းမျှော်လင့်ပြီးစောင့်နေရတာဖြူရဲ့ဟီးးး😭"

နော်ဖောကပျော်တယ်ပြောပြီး မျက်ရည်တွေ
အများကြီးကျကာ အော်ငိုနေတယ် အပျော်
လွန်ရင်လည်းငိုတတ်ကြတယ်မလား ဖြူ
ကတော့ဘာမှထပ်မပြောနိုင်သေးပါဘူး
အခုမှသတိပြန်ရလာတာကြောင့်လဲဖြစ်နိုင်ပါ
တယ် ဒီအချိန်မယ် Nurseကအခန်းထဲဝင်
လာတော့ ဒီအဖြစ်အပျက်ကိုမြင်သွားကာ
စိတ်တွေလှုပ်ရှားပြီး အခန်းအပြင်ကိုအမြန်
ပြန်ထွက်လိုက်ရင်း အိမ်ထဲကလူတွေ အကုန်
ကြားအောင် အော်ပြောလိုက်တယ်

Love Is LoveWhere stories live. Discover now