Chapter 3(uni)

1.8K 135 0
                                    

မြင့်မြင့်သက်ရဲ့အခန်းထဲရောက်တော့ စာအုပ်စင်က စာအုပ်တအုပ်ဆွဲဲပြီး ကုတင်ပေါ်လှဲရင်း လှန်ဖတ်ကြည့်လိုက်တော့မှ GL Fictionအမျိုးအစား စာအုပ်ဖြစ်နေတာသိလိုက်ရတယ် မိန်းကလေးနှစ်ယောက်ရဲ့ချစ်ခြင်းကိုရေးဖွဲ့ထားတဲ့ဇာတ်လမ်းမတိုမရှည်လေးက ဖတ်လို့တော့တော်တော်ကောင်းသည် ဖတ်ရင်းအချိန်ဘယ်လိုကုန်သွားလဲတော့မသိ အပြ​ီးထိဖတ်ပြ​ီးသွားတော့မှ ဖြူလဲစာအုပ်လေးဘေးနားချပြီး တွေးမိသည် ဖြူက LGBTမုန်းသူမဟုတ်ပေမယ့် ထောက်ခံသူတော့မဟုတ်ချေ လိင်တူစိတ်ဝင်စားချင်းကိုလည်း သိပ်တော့နားမလည်နိုင်သူတယောက်ဖြစ်သည်

ဖြူ့နဲ့ပတ်သက်သူတိုင်းပြောကြတာက ဖြူ့အလှက ကျက်သရေရှိတယ်ကြည့်လို့မဝတဲ့အလှမျိုးလို့တော့ပြောကြတာပါပဲ ကျောင်းတွင်းQueenရွေးပွဲတုန်းကတောင် သီးသန့်နေချင်တဲ့စိတ်ကြောင့် လက်မခံဖြစ်ခဲ့သူပါ
ဖြူ့ကိုလိုက်ခဲ့ကြိုက်ခဲ့သူတွေရှိခဲ့ပေမယ့် အေးစက်စက်နဲ့ ဘာမှပြန်မတုံ့ပြန်ပဲ မသိသလိုနေခဲ့တာကြောင့်လဲ the girl like a robotလို့တောင်ပြောခဲ့ကြတယ် စက်ရုပ်လိုမိန်းကလေး နှလုံးသားမရှိသူပေါ့

လူတွေပြောကြတဲ့အချစ်ဆိုတာကြီးက ပြောင်းလဲနိုင်တယ် မတည်မြဲဘူး
လူတယောက်က လူတယောက်ကို ပိုင်ဆိုင်ချင်တဲ့အခါ ခုတုံးလုပ်တာကြီးက အချစ်ဆိုတာကြီးလို့ပဲဖြူထင်တယ် ဖြူအတွက် အဲ့လိုအချစ်ဆိုတာကြီးကရှိလာနိုင်ပါ့မလား ခုထိမရှိသေးတာတော့သေချာတယ် မရှိနိုင်တော့ဘူးလို့လည်းထင်တာပါပဲ ပြောသာပြောရတယ် အချစ်ဆိုတာ ဘယ်လိုဟာကြီးလဲတောင်ဖြူသိတာမဟုတ်ပါဘူး

ခု Lgbtဆိုတာတွေကိုလည်း ဖြူမြင်တွေ့နေရသလောက် မတည်မြဲကြတာများနေတာပဲ ပြီးတော့ ဆယ်ကျော်သက်အရွယ်စိတ်ကစားရင်း ဖြစ်မိကြတာတွေကများတော့ ကွဲကြ ပြဲကြကများနေတာပဲမလား (မြန်မာပြည်က lgbt relationshipများကိုဆိုလို)အတွေးထဲမျောနေရင်း တံခါးခေါက်သံကြားကာ မြင့်မြင့်ခေါ်နေသံကြားလို့ တံခါးသွားဖွင့်ပေးလိုက်တော့ ဂျစ်ကန်ကန်ကောင်မလေးကို မြင့်မြင့်နဲ့လဲ့လဲ့တို့ တွဲခေါ်လာကြတာကိုတွေ့လိုက်ရသည်

"ဖြူ အိမ်ရာလေးပြင်ပေး သူ့သိပ်မို့ ဒီကောင် မရတော့ဘူး"

"ဟုတ်ပါ့ ဒီဟာလေးကဒီလောက် သောက်နိုင်လိမ့်မယ်ဆိုတာကို ငါဖြင့်ယုံတောင်မယုံနိုင်ပါဘူး ရန်ကုန်မယ်ဆုံဖူးတိုင်းလည်း ခုလောက်မသောက်ပဲနဲ့"

Love Is LoveWhere stories live. Discover now