Chapter 71(zg)

431 8 2
                                    

လဲ့လဲ့တောင်ကြီးဆေးရုံရောက်လာတယ် နော်ဖောကို ဆေးရုံတင်ထားရပြီးစောင့်နေရတယ် ဘာမှစိုးရိမ်စရာမရှိဘူး စိတ်အရမ်းထိခိုက်လို့မေ့သွားတာမျိုးလို့ ဆရာဝန်ပြောသွားတာနဲ့ သူ့ကုတင်ဘေးနားပဲထိုင်စောင့်နေလိုက်တာ တော်တော်ကြာတဲ့အထိကို နော်ဖောကသတိပြန်မရသေးဘူး
စိတ်ထဲတော့ တနုံနုံနဲ့ပေါ့လေ ဖြူ့အဖြစ်ကကြေကွဲစရာကောင်းလွန်းနေတယ်
နော်ဖောကို ပြန်သတိမရစေချင်ဘူးဆိုတဲ့မတွေးသင့်တဲ့အတွေးမျိုးတောင်ဝင်လာတယ် ဟုတ်တယ်လေ သတိပြန်ရလာလို့ ဖြူဖြစ်သွားတာကြီးအပေါ် သူပြန်တွေးပြီး ဘာတွေဖြစ်ကုန်မလဲစဉ်းတောင်မစဉ်းစားရဲတော့ဘူး
မေမေကြီးပြန်ရောက်လာရင်ကော လဲ့လဲ့လည်း စဉ်းစားတာတွေများပြီး ခေါင်းတောင်မူးလာတာနဲ့ အအေးလေးဝယ်သောက်မယ်ဆိုပြီးအခန်းကအထွက် အပြင်ကလူတယောက်ကပြေးဝင်အလာ
ဗုန်းခနဲပစ်တိုက်ပြီး အင့်ခနဲကိုအသံထွက်ကာ လဲ့လဲ့လွင့်ကိုသွားပြီး လဲကျသွားတော့တယ်

"အင့်! စောက်ပလုတ်တုတ်"

စိတ်ကတိုပြီး ဘယ်သူကများအခန်းထဲဒီလောက်ပြေးဝင်လာလဲကြည့်မိတော့ အုပ်စိုးပေါ့ သူက လဲ့လဲ့တောင်ထူပေးမယ့်ပုံမရှိပါဘူး

"နော်ဖော.. နော်...Awwမေ့နေတုန်းလား ခင်ဗျားကထလေ ပြောစရာရှိလို့"

"ရှင်စောက်ရမ်းကိုပြေးဝင်လာရအောင် ဘာများဖြစ်လို့လဲ နောက်ပြီးရှင့်မယ် လူမှုရေးဆိုတာကိုမရှိဘူးနော် ရှင်ဟာ တကယ့်စရိုက်ကောင် သိလား"

"ကျုပ်မျက်စိက နံရံကိုဖောက်မြင်နေတာမှမဟုတ်တာ အပြင်ကနေခင်ဗျားထွက်လာတာကိုမြင်မလား ရူးနေလား"

"ရှင်..ရှင် ရှင်နဲ့တိုက်မိတာကျမလွင့်ပြီးလဲတောင်ကျသွားရတယ်လေ ရှင်မမြင်ဘူးလား"

"မြင်တယ်လေ ထလေ ခင်ဗျားမယ် လက်တွေ ခြေတွေအကောင်းကြီးပါ ဘာလဲ ကျုပ်နဲ့တိုက်မိတာလေးနဲ့ ကျိုးပဲ့သွားလို့လား"

"ရှင်"

လဲ့လဲ့ အုပ်စိုးကို ဩချရပါတယ် တော်တော်ကန့်လန့်တိုက်တဲ့သူလို့စိတ်ထဲတွေးပြီး
ကိုယ့်ဟာကိုယ်ထလိုက်ရပါတယ်
ပြီးတော့......

Love Is LoveWhere stories live. Discover now