"အနော်ရေ ထတော့လေဟာ ဒီမယ်ဖြူတောင်ခြံထဲဆင်းပြီးလို့ ပြန်လာနေပြီ အိပ်ပုတ် ထတော့လို့အလုပ်သွားရဦးမယ်လေ"
ဖြူကသူမခြံထဲမယ်ကြီးကြီးကိုလုပ်ကိုင်ကူပေးပြီးပြန်လာတဲ့အထိကိုမထနိုင်သေးတဲ့ နော်ဖောကိုနိုးနေတယ်
ဒါကိုနော်ဖောကမထသေးပဲ နားညီးနေတဲ့ပုံနဲ့ခေါင်းအုံးကိုနားပေါ်ဖိကာဆက်အိပ်နေတော့ဖြူမနေသာတော့ဘူး ဒါနဲ့ အတင်းကိုပဲနော်ဖောကိုယ်လုံးလေးကိုဆွဲလှုပ် ကလိတွေထိုးပစ်ပြီး နိုးလိုက်တော့တယ်"ထ ထ အင့်ဟာ မထသေးဘူး ဆက်အိပ်တုန်းလား ဒါဆိုလဲ အင့် အင့်ဟာ ထလို့ အလုပ်နောက်ကျနေလိမ့်မယ်ဆိုနေမှပဲ အနော်ရယ်"
"ဖြူရာ ဘာတွေပြောနေတာလဲ အနော်ကဘယ်အလုပ်ရှိလို့နောက်ကျမယ်ပြောနေတာလဲ"
"Hmm!အနော်...အနော်က.....အင်း.. ဟုတ်တယ်နော် ဖြူစိတ်ထဲအနော်အလုပ်ရှိတယ်ထင်ပြီးနိုးနေတာ ဖြူဘာလို့အဲ့လိုထင်မိတာလဲမသိဘူး ထူးဆန်းတယ်သိလား"
"အနော်ကတော့သိတယ် ဖြူကအရူးမလေးလေ အဲ့တာကြောင့်ပေါ့ ဟီး😁"
"ဟီး😁ဟုတ်မယ် ဘာပဲဖြစ်ဖြစ်ထကွာတဲ့ မျက်နာသစ်သွားတိုက်ဖို့လုပ်တော့ ဖြူထမင်းကြော်ထားတယ်သိလား"
ထိုအခါနော်ဖောက လက်လေးထောင်ကာ လက်ညိုးလေးကွေးပြပြီးသူနားတိုးဆိုတဲ့ပုံလုပ်လာတော့
ဖြူလဲအနားကိုတိုးလိုက်တာပေါ့
ဒီမယ်နော်ဖောက သူ့မျက်နာနားရောက်လာတဲ့ဖြူနှုတ်ခမ်းလေးတွေကိုသူ့ပါးစပ်ထဲကိုစုပ်ယူလိုက်တယ်လေ<ပြွတ်စ်...>
"အနော်တော်ပြီ သွားလဲမတိုက်သေးပဲ ညစ်ပတ်လိုက်တာအရမ်းပဲ"
"ဘာလဲဖြူကအနော့်ကိုရွံတယ်ပေါ့ မကြိုက်ဘူးလား ပြောကြည့်လိုက်ပါဦး"
"ဟင့်အင်း"
"ဘာဗျ....!"
"ဟင့်အင်း အရမ်းကြိုက်တယ်ပြောမို့ပါ😁 အနော်ဘယ်အချိန်နမ်းနမ်း ဖြူအရမ်းကြိုက်တယ်သိလား"
"အနော်လဲအရမ်းကြိုက်တယ် ဖြူ့နှုတ်ခမ်းလေးတွေကအမြဲချိုနေတာနော် ပြောပါဦး
အဲ့တာတွေက ဘယ်သူ့အပိုင်လဲဆိုတာ"
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...