Chapter 64(zg)

367 10 0
                                    

ဒေါ်နော်အယ်လ်မှုးတာ မြတ်သူကျော်ကိုအချိန်ပေးပြီး သူမရဲ့နိုင်ငံခြားအဆက်အသွယ်တွေနဲ့လိုက်ရှာနေရတာထင်တိုင်းခရီးကမပေါက်
ကိုယ့်နိုင်ငံအတွင်းကလည်းမဟုတ်တော့ လက်လွတ်စပယ်လုပ်လို့်တော့မဖြစ်ချေဘူးမလား အကယ်လို့မိရင်လည်း သက်သေလုပ်ခိုင်းပြီးသူတယောက်ကိုပဲအပြစ်ပေးမယ်အသိုင်းအဝိုင်းကြီးအထိတော့မတွေးထားသေးပါဘူး ဒါကQueenslandကရှယ်ယာရှင်တွေရဲ့ဆန္ဒကိုပါညှိနှိုင်းဖို့လိုနေသေးတယ်လေ သူဦးလေးဆိုသူနဲ့လည်းတွေ့ပြီးပါပြီ သူ့ကိုပင်အဆက်အသွယ်ဖြတ်ထားလို့ သူ့မယ်အမွေစားအမွေခံမယ့်သူ ပျောက်နေသလိုကိုဖြစ်နေလေတယ်
သူမေတြးမိသေလာက်ဆို ဦးလေးဖြစ်သူက ကောင်လေးရဲ့လုပ်ရပ်တွေကိုဘာမှသိပုံမရ သူ့တူက သူတို့အနာဂါတ်တွေအကုန်ရင်းပြီး ကလေးမကိုကြံစည်ခဲ့ပုံရတယ်
ကြည့်ရတာ ဒီကောင်လေးက သူမတို့တခုခုလုပ်မှာစိုးပြီးဇာတ်မြုပ်နေတယ်ထင်တယ်

ဟိုကလေးမကလည်းသူ့အပေါ်ဒီလောက်လုပ်သွားတာတောင် ကောင်လေးအကြောင်းတခွန်းမှမဟ ကြေအေးပေးခဲ့ပုံရတယ်
ဖြူဆိုတဲ့မိန်းကလေးကတကယ်ပါပဲ သူမမယ်ခွင့်လွှတ်နိုင်စွမ်းတွေကဘယ်လောက်တောင်ရှိနေနိုင်တာလဲကို ဒေါ်နော်အယ်လ်မှုးတာမခန့်မှန်းနိုင်တော့ပါဘူး
သူမလေးနာကျင်ရတာများနေပြီကိုတော့နားလည်လာတယ် ဒါနဲ့ နော်ဖောနဲ့သူမနောက်ကိုစောင့်ကြည့်ဖို့လူလွှတ်ထားရတယ် လူတကာတောင်ခွင့်လွှတ်ပေးနေတာ နော်ဖောသာဆို သေနတ်နဲ့ပစ်မယ်ဆိုတောင် ပင်ပန်းမှာစိုးလို့ကျည်ဖြည့်ပေးမယ့်ဟာမလေး ကိုယ့်သမီးကလည်းတကယ်မလွယ်သူ
အခုတောင် တောင်ကြီးမယ်telecomရုံးခွဲအတွက်သွားရမှာကြာမယ်ဆိုပြီး သူမကိုရန်ကုန်မယ်ရုံးထိုင်ပေးဖို့ပြောလာတယ်မလား အလုပ်အတွက်ချည်းပဲမဟုတ်တာသူမသိတာပေါ့ တော်ကြာလွန်ကုန်ရင်ခက်ကုန်မယ်လေ ဒါကြောင့်လူလွှတ်စောင့်ခိုင်းထားရတာပေါ့
💢
အုပ်စိုးတကယ်ကိုသည်းမခံနိုင်တော့တာပါ ဘယ်သူလဲဆိုတော့ နော်ဖောအယ်လ်မှုးကိုပေါ့ အတော်ကိုလွန်လာတယ်လေ သူစဉ်းစားမိလိုက်တယ် ဖြူခံလာရပြီးမှသူကသိနေပြီးခံပြင်းနေရတယ်
သူ့တခုခုလုပ်မယ်ကြံတိုင်းဖြူကတားနေဦးမှာပဲ သူမကိုဟိုကဘာလုပ်လုပ်ဆိုပြီးလေ ဒီတော့ ဖြူမသိအောင်တော့ ဒီနော်ဖောအယ်လ်မှုးနဲ့ဆုံရတော့မယ်ထင်တယ်လို့တွေးလိုက်တယ်
ဖြစ်နိုင်ရင်အဖြစ်အပျက်တွေကို အဲ့တယောက်မျက်နာဆီလက်ညိုးငေါက်ငေါက်ထိုးပြီးပြောပြလိုက်ချင်တယ် မြတ်သူကျော်အသိုင်းအဝိုင်းကဘာမှမသိလိုက်ပဲ ဘဝပျက်ကုန်မှာကိုသူထည့်တွက်နေရလို့သာပေါ့ သူဆုံးဖြတ်လိုက်တယ် ဖြူမသိအောင်တော့လှုပ်ရှားမှရတော့မယ်ပေါ့
အခြေအနေကတကယ်ကိုမရတော့လို့ပါ

Love Is LoveWhere stories live. Discover now