ရန်ကုန်ကို ဖြူနဲ့အနော်နှစ်ယောက်ပဲ အနော့်ပြိုင်ကားလေးနဲ့ထွက်လာခဲ့လိုက်တယ် ခရီးလို့သတ်မှတ်ပြီးသွားကြတာမဟုတ်ပဲ ဖြူလိုချင်တာ စားချင်တာဆို ဝင်ဝယ်လိုက် ဆက်သွားလိုက်နဲ့ပေါ့ ခရီးထွက်ရတာကြောက်တတ်တဲ့ ဖြူ့ကို ပျော်အောင်ထားပေးရမယ်မလား ဖြူလည်းတကယ်ပျော်နေတဲ့ပုံလေးပါပဲ
ညနေဘက်ရောက်လာတော့ နော်ဖောကားမောင်းရတာညောင်းလာတယ် ဖြူကလည်း နော်ဖောကားကိုမမောင်းတတ်တော့ တယောက်တည်း ဒိုင်ခံမောင်းလာရတာမို့
ပင်ပန်းနေပြီလေ ဒါနဲ့ ကားကိုလမ်းဘေးနားချရပ်လိုက်ပြီး အိပ်ပျော်နေတဲ့
ဖြူ့ကို အသာနိုးလိုက်တယ်"ဖြူ အိပ်ပျော်နေတာနိုးလိုက်လို့စိတ်မဆိုးနဲ့နော် အနော် ကားမောင်းရတာ ပင်ပန်းလာလို့ ဒီရှေ့ရောက်တဲ့မြို့မယ် ဒီညဝင်နားပြီး
မနက်အစောမှပဲပြန်ထွက်ရအောင် ဘယ်လိုလဲ""အင်း ဟုတ်သားပဲ အနော်တယောက်တည်း မောင်းလာရတာပင်ပန်းနေမှာပေါ့ သဘောပါ"
"ဒါဆိုအနော်ပြောသလိုပဲလုပ်ကြမယ်လေနော်"
"အင်း"
ဖြူလည်းလက်ခံတာနဲ့ ကားကိုပြန်မောင်းလိုက်ပြီး မကြာခင် မြို့တမြို့ကိုရောက်တော့ Hotelရှာပြီး အခန်းတခန်းယူလိုက်တယ်
အခန်းထဲခနနားပြီးအညောင်းအညာပြေ လမ်းလည်းလျှောက်ကြမယ် တခုခုလည်းစားကြမယ်ဆိုကာ ဖြူ့ကိုခေါ်ပြီး မြို့ထဲသွားကြတာပေါ"ဘယ်လိုလဲဖြူ အနော်နဲ့ခရီးသွားရတာပျော်လား ကြောက်နေသေးလား"
"Heee😁 ခရီးသွားတယ်လို့တောင် မခံစားရဘူး လျှောက်လည်နေရသလိုပဲ"
"ဒီလိုအမြဲရယ်မောနေသိလား ဖြူပြုံးတာတို့ရယ်တာတို့လုပ်လိုက်ရင် အနော်အရမ်းသဘောကျတာပဲ"
"အင်းပါ...အမြဲပြုံးနေမယ် ဟို...ဖိုးပြုံးချိုအရုပ်လိုပေါ့😁"
"Hahaha"
"ဒါနဲ့ အခုဘယ်ဆိုင်ကိုသွားမှာလဲဟင်"
နော်ဖောကပြန်မဖြေသေးပဲ ဘောင်းဘီဘေးအိပ်ကပ်ထဲက စီးကရက်ဗူးကိုထုတ်လိုက်ကာ တလိပ်ထုတ်ပြီး မီးညှိ၍ဖွာရှိုက်လိုက်တယ် ဒါကိုမြင်တော့ ဖြူကနာခေါင်းလေးရှုံလိုက်ပြီး.....
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...