Chapter 3(zg)

810 17 0
                                    

မြင့်မြင့်သက်ရဲ့အခန်းထဲရောက်တော့ စာအုပ်စင်ကစာအုပ်တအုပ်ဆွဲပြီး ကုတင်ပေါ်လှဲရင်း လှန်ဖတ်ကြည့်လိုက်တော့မှ GL Fictionအမျိုးအစား စာအုပ်ဖြစ်နေတာသိလိုက်ရတယ်။ မိန်းကလေးနှစ်ယောက်ရဲ့ချစ်ခြင်းကိုရေးဖွဲ့ထားတဲ့ဇာတ်လမ်းမတိုမရှည်လေးက ဖတ်လို့တော့တော်တော်ကောင်းသည်၊ဒါနဲ့စိတ်ဝင်တစားဖတ်ရင်း အချိန်ဘယ်လိုကုန်သွားလဲတော့မသိ၊ အပြီးထိဖတ်ပြီးသွားတော့မှ ဖြူလဲစာအုပ်လေးဘေးနားချပြီး တွေးမိသည်။ ဖြူက LGBTမုန်းသူမဟုတ်ပေမယ့် ထောက်ခံသူလို့လည်းပြောရတဲ့သူမဟုတ်ပေ၊အေးအေးဆေးဆေးပဲနေချင်သူ နေတတ်လေ့ရှိသူမို့ ပတ်သတ်မိခြင်းမရှိသည့်အရာတခုကိုစိတ်ထဲမရှိတာမျိုးပေါ့။

ဖြူ့နဲ့ပတ်သက်သူတိုင်းပြောကြတာက ဖြူ့အလှက ကျက်သရေရှိတယ်၊ကြည့်လို့မဝတဲ့အလှမျိုးလို့တော့ပြောကြတာပါပဲ။ ကျောင်းတွင်းQueenရွေးပွဲတုန်းကတောင် သီးသန့်နေချင်တဲ့စိတ်ကြောင့် လက်မခံဖြစ်ခဲ့ပါဘူး။
ဖြူ့ကိုလိုက်ခဲ့ကြိုက်ခဲ့သူတွေရှိခဲ့ပေမယ့် အေးစက်စက်နဲ့ ဘာမှပြန်မတုံ့ပြန်ပဲ မသိသလိုနေခဲ့တာကြောင့်လဲ the girl like a robotလို့တောင်ပြောခဲ့ကြတယ်။ စက်ရုပ်လိုမိန်းကလေး နှလုံးသားမရှိသူပေါ့။

လူတွေပြောကြတဲ့အချစ်ဆိုတာကြီးက ပြောင်းလဲနိုင်တယ်၊ မတည်မြဲဘူး၊
လူတယောက်က လူတယောက်ကို ပိုင်ဆိုင်ချင်တဲ့အခါ ခုတုံးလုပ်တာကြီးက အချစ်ဆိုတာကြီးလို့ပဲ များသောအားဖြင့် ဖြူကထင်တတ်တယ်။ ဖြူ့အတွက် အဲ့လိုအချစ်ဆိုတာကြီးကရှိလာနိုင်ပါ့မလား၊ခုထိမရှိသေးတာတော့သေချာတယ်။ မရှိနိုင်တော့ဘူးလို့လည်းထင်တာပါပဲ၊ ပြောသာပြောရတယ် အချစ်ဆိုတာ ဘယ်လိုဟာကြီးလဲတောင်ဖြူသိတာမဟုတ်ပါဘူး။

ခု Lgbtဆိုတာတွေကိုလည်း ဖြူမြင်တွေ့နေရသလောက် မတည်မြဲကြတာများနေတာပဲ၊ ပြီးတော့ ဆယ်ကျော်သက်အရွယ်စိတ်ကစားရင်း ဖြစ်မိကြတာတွေကများတော့ ကွဲကြ ပြဲကြကများနေတာပဲမလား။ (မြန်မာပြည်က lgbt relationshipများကိုဆိုလို)အတွေးထဲမျောနေရင်း တံခါးခေါက်သံကြားကာ မြင့်မြင့်ခေါ်နေသံကြားလို့ တံခါးသွားဖွင့်ပေးလိုက်တော့ ဂျစ်ကန်ကန်ကောင်မလေးကို မြင့်မြင့်နဲ့လဲ့လဲ့တို့ တွဲခေါ်လာကြတာကိုတွေ့လိုက်ရသည်။

Love Is Loveحيث تعيش القصص. اكتشف الآن