Chapter 25(uni)

1.2K 105 0
                                    

နေ့လည်လောက်ကြတော့ အမိုးအိမ်ကိုပြန်လာခဲ့လိုက်ကြတယ် အမိုးကိုပန်းခြံထဲမယ်တွေ့လိုက်ရတော့ နော်ဖောကစလိုက်တယ်

"အမိုးနားတာလားဒီနေ့က အလုပ်ကိုသေချာလုပ်လေဗျာ အပျင်းမကြီးနဲ့"

"Candyလေးက ဒီသမီးလေးပဲမွှန်နေတော့ ဒီနေ့ဘာနေ့တောင်သတိမရတော့ဘူးဖြစ်နေပုံပဲ😁".

"ဘာနေ့မလို့လဲ"

"Sundayလေ Candyလေးရယ် အမိုးနားရက်လေ"

"Aww!ဟုတ်သား Hee"

"ဒါပေမယ့်နောက်၃ရက်ဆိုဘာလဲကောသိရဲ့လား"

"အမလေး သိပါတယ်အမိုးရယ်"

"ပြောလေ သိရင်"

နော်ဖောက သူအမိုးကိုယ်လုံးလေးကို ဖက်ပြီး ပါးလေးကိုနမ်းလိုက်ကာ
"ဟော့ဒီက အနော့်ရဲ့ချစ်လှစွာသော အဖွားကြီး ဒေါ်နော်အယ်လ်မှုးတာရဲ့ ၅၂နှစ်မြောက်မွေးနေ့လေ ဟုတ်လား😁"

"တော်သေး သတိလေးရသေးလို့ အဲ့တော့ Companyကိုသွားပြီး နှောင်းဆီမယ် မွေးနေ့ဖိတ်စာတွေသွားယူလိုက်ဦး ပြီးရင်အရင်အတိုင်းကိုယ်တိုင်ဖိတ်ရမယ့်သူတွေဆီသွားဖိတ်ပေးရမယ်လေ"

"အမိုးကလည်း အဲ့လူတွေဆီမသွားချင်ပါဘူးဆိုနေ အမြဲအနော်ပဲသွားနေရတာ"

"Aww!အမိုးမသွားနိုင်လို့ပေါ့ ကိုယ်တိုင်ဖိတ်မှသင့်တော်မယ့်သူတွေမလား သမီးလေးကောခေါ်သွားပေါ့"

"ဟာ မခေါ်ပါဘူး ဒီလိုဟာတွေနဲ့ဖြူ့ကိုမတွေ့ခိုင်းပါဘူး"

နော်ဖောလည်းသူ့အမိုးကိုပြောရင်း ဖြူ့ဘက်လှည့်ကာ
"ဖြူဒီမယ်နေခဲ့ပေးနော် အနော်ခနလောက်အမိုးခိုင်းတာလေးသွားလုပ်ပေးလိုက်မို့ မခေါ်ချင်လု့ိမဟုတ်ဘူးသိလား"

"အင်းပါ သွားစရာရှိတာသာသွား ဖြူလဲခေါင်းထဲမအီမသာကြီးဖြစ်သလိုလိုမလို့"

ဖြူတို့ပြောနေတာကြားတော့ နော်ဖောအမိုးက
"သမီးလေးနေမကောင်းတာများလား နေမကောင်းရင်ပြောလေ ဆရာဝန်နဲ့ပြရအောင်"

"မဟုတ်ပါဘူး အန်တီ ဒီတိုင်းနားလိုက်ရင်ရပါတယ်"

"အမစီစီတို့လေ Barအတင်းခေါ်လို့ ညကဆုံတော့ ဖြူ့ကိုအတင်းတိုက်လို့တခွက်သောက်လိုက်ရတာ အဲ့တာကြောင့် ဖြူကလုံးဝမသောက်တတ်ဘူးလေ"

Love Is LoveWhere stories live. Discover now