The End (uni)

2.1K 95 9
                                    

ဖြူ့ကိုလက်ထပ်ခွင့်တောင်းခဲ့ပြီးနောက်
ဒါကို နှစ်ဖက်မိဘတွေကိုအသိပေးလိုက်
တော့ သူတို့နှစ်ယောက်အကြောင်းတွေကို
သိနေတဲ့ နော်ဖောရဲ့အမိုးနဲ့ ဖြူ့အဖေ
က ချက်ချင်းကိုလက်ထပ်ပေးမယ်
လု့ိတောင်မှ ပြောခဲ့ကြပါတယ်
ဖြူ့ကျန်းမာရေးအခြေအနေကလည်း
တိုးတက်တာထက်ကိုပိုကောင်းလာတော့
လက်ထပ်ပွဲကို အလျှင်အမြန်ပဲစီစဥ်လိုက်ကြ
တော့တယ်
အထူးသဖြင့် နော်ဖောနဲ့ဖြူကဒီလိုဆန္ဒရှိ​ေန
ကြတယ်မလား သူတို့အတွက်တော့ နောက်
တောင်ကျနေသေးတယ်လို့ကို သူတို့ကထင်
နေတယ်လေ
ဒီလိုအကြောင်းအရာတွေစုသွားပြီး
နောက်ဆုံးတော့ နှစ်ယောက်လုံးအရမ်းမျှော်လင့်တောင်းတခဲ့ရတဲ့ လက်ထပ်ပွဲနေ့ကို
ရောက်ရှိလို့လာတော့ပါတယ်

Weddingပွဲကိုအနောက်တိုင်းပွဲပုံစံမျိူး
ကျင်းပဖို့ဆုံး​ဖြတ်ခဲ့ကြပြီး နေရာကိုတော့
Queenslandပိုင်ခန်းမကြီးထဲမယ်ကျင်းပဖို့​
ရွေးချယ်ထားခဲ့ကြပါတယ်
အမိုးနဲ့နော်ဖောက အားလုံး မက်​​ေမာ
အားကျလောက်စေနိုင်အောင်ပင်
Weddingပွဲကိုကြီးကျယ်ခမ်းနားစွာစီစဥ်
ပြင်ဆင်လာခဲ့ကြသလို ဖြူကလည်း ဒီတခါ
တော့ လိုလိုချင်ချင်ကိုလက်ခံခဲ့ပါတယ်
မင်္ဂလာပွဲကိုတက်ရောက်ချီးမြင့်လာကြတဲ့
ပရိတ်သတ်တွေကလည်း အများအပြားပင်
ဖြစ်နေသလို Girl to Girl Weddingဆိုတော့
အများအမြင်မယ်ထူးခြားနေကြတာပေါ့လေ
ဒီလိုပါပဲ လူတွေဆိုတာက ထိုင်နေရင်ထိုင်
တာကိုအကြောင်းပြပြီးဝေဖန်မယ် ထနေရင်
ထတာကိုအပြစ်တင်ပြီး မကောင်းပြောချင်
တတ်ကြတဲ့ သတ္တဝါတွေပဲမလား
ဒါတွေကို နော်ဖောနဲ့ဖြူကဂရုမစိုက်ကြသလို
ခေါင်းထဲထည့်တွေးနေဖို့ပင် အာရုံမရှိနိုင်ကြ
လောက်အောင်ပင် သူတို့နှစ်ယောက်က တ
သားတည်းဖြစ်နေကြပြီလေ

ဒီလိုနဲ့ ကတိသစ္စာခံယူကြရမယ့်အချိန်
ရောက်လာလို့ နော်ဖောက ဖြူ့ကိုအသိပေးဖို့
သတို့သမီးအခန်းလေးကို တံခါးခေါက်လိုက်
ပြီး ဝင်သွားကာ.......

"ဖြူ ခနနေရင်ပွဲကစတော့မယ်
ဖြူ အသင့်..သင့် Hmm...!ဖြူ...ဘာလို့ငိုနေ
တာလဲဖြူရယ်"

"ပျော်လို့..အနော် ဖြူအရမ်းပျော်နေတယ် ယုံ
လည်းမယုံနိုင်သလိုပဲအနော်ရယ်...."

Love Is LoveWhere stories live. Discover now