Chapter 58(zg)

346 6 0
                                    

"ဒီ Projectအတွက် ကျနော်တို့ဘက်က Queenslandအပေါ်ပဲအားကိုးပါတယ်"

"စိတ်ချပါ ကိုသုတ အနော်တို့အနေနဲ့လည်းနိုင်ငံခြားCompanyတခုဖြစ်ပေမယ့်လို့ အခုလို ကိုသုတကိုယ်စားလှယ်အဖြစ်လုပ်ကိုင်နေတာကြောင့် သဘောကျပါတယ် ပြောရဆိုရတာလည်းအဆင်ပြေသလို ကိုယ့်လူမျိုးချင်းဆိုတော့ နားလည်ရလွယ်တာပေါ့ မဟုတ်ဘူးလား"

"နော်လေးတို့နဲ့အခုလိုတွဲဖက်လုပ်ရတာကိုက ကျနော့်တို့အတွက် ကံကောင်းမှုတခုပါဗျာ ဒါဆို ကျနော်တို့ကိုခွင့်ပြုပါဦး အထက်ကိုပြန်တင်ပြရမှာမလို့ပါ"

"ကောင်းပါပြီ နောက်များ စားဝိုင်းလေးတခုလောက်စီစဉ်ကြတာပေါ့"

"ဟုတ်ကဲ့"

ေနာ်ဖောလည်း လုပ်ငန်းတခုအတွက်ဆွေးနွေးမှုက အဆင်ပြေပြေဖြစ်သွားတော့ စိတ်ကြည်လန်းဆန်းသွားတယ် အခုတခါသူတို့နဲ့တွဲဖက်မယ့် Japan Companyက ရှမ်းပြည်ဘက်မယ် သံရိုင်းနဲ့အခြားသတ္တုတွေတူးဖော်ပြီး Productအဆင့်အထိ မိမိတို့နဲ့လက်တွဲပြီးလုပ်ချင်နေတာကြောင့် ရေရှည်လုပ်ငန်းကြီးတခုလိုဖြစ်လာမှာမို့ သူ့ရဲ့အောင်မြင်မှုပင်ဖြစ်တယ်မလား
ရှေ့လျှောက်တော့ အလုပ်တွေများရဦးမှာပဲလို့ သူတွေးနေရင်း သူ့ရုံးခန်းတံခါးပွင့်လာပြီး နှောင်းရိပ်ချိုဝင်လာတာကိုသူတွေ့လိုက်တယ် နော်ဖော နှောင်းရိပ်ချိုနဲ့တရားဝင်တွဲလာတာ၂လလောက်ရှိပြီ သူပြောပြခဲ့တဲ့အတိုင်းပဲနှောင်းရိပ်ချိုကလက်ခံပြီးတွဲခဲ့ကြတာဖြစ်တယ်
သူမဘက်ကတော့ သူ့ကိုချစ်လာအောင်အမျိုးမျိုးဆွဲဆောင်ခဲ့ပေမယ့် သူကတော့ ဘယ်လိုမှပင်မနေ ပင်ပန်းနေလိမ့်မယ်လို့တောင်ပြန်ပြောပြရသေးတယ် ဒါပေမယ့် နှောင်းရိပ်ချိုနဲ့သူတွဲနေတာကိုတော့ အားလုံးသိကြပါတယ် အမိုးလည်းသိတယ်လေ ဘာမှမပြောပါဘူး အမိုးကနော်ဖောကိစ္စတွေကို ဝင်စွက်ဖက်လေ့မရှိပဲ ယုံကြည်မှုအမြဲရှိပေးသူဖြစ်တယ်လေ
နှောင်းရိပ်ချိုကိုနော်ဖောမချစ်ပါ ဒါပေမယ့်နှစ်သက်တယ် တကယ်ပါ သူမကစွဲမက်စရာအရမ်းကောင်းသူပဲမလား အထူးသဖြင့် နှစ်ကိုယ်ကြားရှိတဲ့အချိန်မျိုးတွေမယ်ပေါ့

Love Is LoveWhere stories live. Discover now