Chapter 52(uni)

881 64 3
                                    

"ဖြူအရမ်းရက်စက်တယ်အမိုးရယ်😭 ဖြူကအနော့်ကို ရင့်ရင့်သီးသီးစကားတေွနဲ့ကိုပြောတာ ပြီးတော့ ဟိုခွေးသူတောင်းစားအောက်တန်းစားကောင်ရှေ့မယ်လည်း အနော့်ကိုဟိုမရောက်ဒီမရောက်ဟာတဲ့😭နောက်ဆုံးအမိုးရာ အနော့်ကိုရေကန်ကိုလက်ညိုးထိုးပြပြီးအဲ့မယ်သေလို့တောင်ပြောသွားတာ😭 ဖြူအရမ်းရက်စက်တာပဲ"

"Candyလေးရယ်..😥"

"အနော်သိတယ် အဲ့တာဖြူမဟုတ်ဖူး တခြားတယောက်က ဖြူ့ဟန်ဆောင်ထားတာသိလားအမိုးရဲ့ အဲ့မိန်းမကဖြူနဲ့တူတာ ဖြူမဟုတ်ဖူး😭 အနော့်ရဲ့ဖြူက အနော့်ကိုသိပ်ချစ်တဲ့သူပါဗျာ"

"အမိုးသိပါတယ်ကွယ် အခုအချိန်မယ် ဘာမှလုပ်လို့မရဘူးမလား"

"အမိုးသိတယ်ဆို အနော့်ရဲ့ဖြူ့ကိုအနော့်ဆီပြန်ခေါ်ပေးလေဗျာ😭 အမိုး... ဖြူ့ကိုပြန်ခေါ်ပေးပါအမိုးရယ် အနော်ရင်တွေနာတယ် အနော့်ရင်တွေအရမ်းနာနေတယ်ဗျာ အနော်သေမှာအမိုးရဲ့ အနော်သေသွားလိမ့်မယ် ဖြူမရှိရင်အနော်သေမှာဗျ😭 အမိုးသိလား မရဘူး အနော်​နေလို့မရဘူးအမိုးရာ ဖြူ့ကိုပြန်ခေါ်ပေးပါ ပြန်ခေါ်ပေးပါလို့ ဟီးးး..ဟီးး😭"

ဒေါ်နော်အယ်လ်မှုးတာ သူမပေါင်ပေါ်ခေါင်းအပ်ကာငိုကြွေးနေတဲ့ သူမရဲ့သမီးလေးကို ဘာလုပ်ပေးရမလဲကိုမသိအောင်ဖြစ်နေသည် ဘာပဲပြောပြောမရ နားလည်းမဝင်ဘူးဖြစ်နေတယ်လေ
စိတ်ထဲမှာတော့ ဘုရားသခင်ရယ် Candyလေးရဲ့နာကျင်နေရမှုတွေကို ကျမဆီကိုပြောင်းပေးလိုက်ပါလားဆိုပြီးတိုင်တည်နေမိတာပေါ့
ဒါပေမယ့် သူမတတ်နိုင်တဲ့အခြေအနေမဟုတ်တော့ စိတ်နာတယ် အမြဲတမ်းသမီးလေးဘာလိုချင်ချင် ဘာတောင်းဆိုဆို ရအောင် ဖြစ်အောင်လုပ်ပေးနိုင်ခဲ့တာ ဒီတခါမယ်တော့ တကယ်ကိုဘာမှမလုပ်ပေးနိုင်တာကို ရင်နာရပါတယ်
💢
"Ahhh...!"

လည်ချောင်းထဲကိုဝင်လာတဲ့ ဝီစကီအရည်တွေရဲ့ပူနွေး ပြင်းရှမူကြောင့်လား
ရင်ထဲကခံစားနေရတာတွေကြောင့် ဒီအသံထွက်တာလားဆိုတာ မြတ်သူကျော်မခွဲခြားနိုင်တော့ပါဘူး
ဒီခံစားချက်တွေသူခံစားနေရတာ ၂ရက်ပဲရှိသေးတာတောင် သူ့ရင်တွေပေါက်ထွက်မတတ်ကိုဖြစ်နေရတယ်

Love Is LoveWhere stories live. Discover now