(Ring...Ring...Ring)
ဒေါ်နော်အယ်လ်မှုးတာတယောက် သူမ၏ရုံးခန်းထဲတွင် လချုပ်စာရင်းများစစ်နေရင်း ဖုန်းလာသဖြင့် ဘယ်သူလဲကြည့်လိုက်တော့ ဖြူ့ဆီကဖြစ်နေသည်
အရင်တခါစကားပြောဖြစ်ကြပြီး သူမကိုအချိန်မရွေးဆက်သွယ်နိုင်အောင် ကိုယ်စီဖုန်းနံပါတ်တွေပေးထားကြပေမယ့် သူမကသာအကြောင်းအမျိုးမျိုးနဲ့ပတ်သက်ပြီး ဆက်ခဲ့ဖူးပေမယ့် ဒီကလေးမလေးကတခါမှစမခေါ်ဖူးတာကြောင့် မလာစဖူးဆိုပြီးချက်ချင်းပဲကိုင်လိုက်ကာ....."Hello သမီးလေး မဆက်စဖူး ဆက်လာပါလားကွယ် Candyလေးကောရှိလားအနားမယ်
ပြောလိုက်ဦး ဖုန်းလေးတောင်မဆက်ဘူး နေနိုင်လွန်းတယ် အဲ့ကလေး""ဟုတ်ကဲ့ အနော်အပြင်သွားတယ်အန်တီ
အန်တီ့ကိုဖြူပြောြပစရာလေးရှိလို့ဆက်လိုက်တာပါ""အေးကွယ် ပြောလေသမီးလေး"
"ဝမ်းသာလိုက်တော့ အန်တီသိလား
အနော်ကအန်တီစီစဉ်တာကိုလက်ခံမယ်လို့ ဖြူ့ကိုပြောတယ်သိလား""ဟေ တကယ်..တကယ်လားသမီးလေး မြန်..မြန်လိုက်တာကွယ်"
"ရှင်"
"Aww!အန်တီဝမ်းသာတာကော အခုလိုမြန်မြန်ဆန်ဆန် Candyလေးကလက်ခံလာမယ်လို့လဲမထင်ထားဘူးလေ
အဲ့တာကြောင့်ပါကွယ် သမီးရယ် Candyလေးကလက်ခံလိုက်တယ်ဆိုတာတကယ်ပါနော်""တကယ်ပါအန်တီ ဖြူသူလက်ခံတယ်ပြောပြီးပြီးခြင်း အန်တီ့ကိုအသိပေးချင်နေတာ အခုမှအသိပေးနိုင်တယ်"
"ဝမ်းသာလိုက်တာသမီးလေးရယ် အန်တီ...အန်တီလေ ဘယ်လိုကျေးဇူးတင်ရမလဲတောင်မသိတော့ပါဘူးကွယ်
တကယ်ပါ အန်တီအရမ်းဝမ်းသာတယ်""မဟုတ်တာအန်တီရယ် ကျေးဇူးတင်စရာမလိုပါဘူး
အနော့်ဆီကအခုလိုစကားကြားလိုက်ရတော့ ဖြူလည်း အရမ်းပျော်နေတာပါ""ဘယ်လိုများဖျောင်းဖျပြောဆိုလိုက်တာလဲသမီးရယ်
တမျိုးမထင်ပါနဲ့ အန်တီထင်ထားတာက ပြောရခက်မယ့်ကိစ္စမျိုးဆိုတော့ အချိန်ယူရမယ်ဆိုပြီးတွေးထားတာမလို့လေ"ဒေါ်နော်အယ်လ်မှုးတာကအခုလိုမေးလို့တဖက်ကကလေးမကပြန်ပြောပြတယ်
ဒီကလေးမလေးက ဖျောင်းဖျပြီးလိုချင်တာကိုတောင်းဆိုတာမျိုးမဟုတ်ပဲ ခေါင်းထဲရောက်အောင်ပြောပြပြီး အသိပေးစဉ်းစားခိုင်းလိုက်ကာ သူ့သမီးလေးသဘောပေါက်နားလည်လာအောင် လက်ခံချင်အောင်ပြောဆိုပေးခဲ့တာကို သူမသဘောပေါက်လိုက်တယ် ဒီကလေးမက သူမအသွင်အပြင်လေးနဲ့မလိုက် စဉ်းစားတွေးခေါ်နိုင်စွမ်းကလေးစားလောက်စရာဆိုပြီး ဒေါ်နော်အယ်လ်မှုးတာချီးကျူးမိလိုက်တော့တယ်
![](https://img.wattpad.com/cover/267290310-288-k424296.jpg)
YOU ARE READING
Love Is Love
Fanfiction"ငယ်ဘဝစိတ်ဒဏ်ရာတွေကြောင့် ဘဝကိုရိုးစင်းလွန်းစွာနေထိုင်လာခဲ့သူ အချစ်ဆိုတာဘာမှန်းမသိခဲ့လောက်အောင်ပင် အေးစက်စက်နိုင်ခဲ့တဲ့ မိန်းကလေးဖြစ်တဲ့ "ဇွန်ပွင့်ဖြူ" အချစ်ကိုတွေ့ရှိလို့ သူမချစ်မိသွားခဲ့တဲ့အချစ်ဦးကလည်း မိန်းကလေးတယောက်ဖြစ်လာခဲ့သောအခါဝယ်" "ကျိကျိတ...