Chapter 51(zg)

341 4 0
                                    

"Hello!"

"ဖြူ. ဖြူ.. ဖြူရယ်... ဘာတွေလျှောက်လုပ်နေတာလဲ အမိုးကလည်း အနော့်ကိုအဓိပ္ပါယ်မရှိတဲ့စကားမျိုးတွေလာပြောနေတယ် အနော်ဖြူ့ကိုလိုက်ရှာနေရတာဖြူရဲ့
အခုဘယ်မှာလဲ ဖြူ.... ဖြူစကားပြောပါဦး အနော့်ရင်တွေတအားပူလောင်နေတာဖြူရယ် အခုဖြူ့အသံကြားရမှ... ဖြူ ...ဖြူ ဘာဖြစ်နေတာလဲလို့ ဘာမှအားမငယ်နဲ့လေ အနော်တယောက်လုံးရှိနေတယ် ဖြူအခုဘယ်ကနေဖုန်းဆက်တာလဲ အနော်လာခဲ့မယ် ကျေဇူးပြုပြီး ဘာကိုမှလျှောက်မလုပ်လိုက်ပါနဲ့နော် အနော်ရင်ကျိုးရလိမ့်မယ်ဖြူရယ်...😥"

ဖြူ့အသံကြားတာနဲ့ နော်ဖောရဲ့ရေပက်မဝင်အောင်ပြောလာတဲ့စကားတွေက သူဘယ်လောက်ပူပန်နေရလဲကိုဖော်ပြလို့နေတယ်

"(...)ကိုလာခဲ့ပါလား စကားပြောစရာရှိလို့ပါ"

"ဖြူနေမကောင်းဘူးလား အသံကတမျိုးကြီးဖြစ်....Hello ဖြူ Hmm!"

ဖြူသူမစကားဆုံးတာနဲ့ဖုန်းချသွားလိုက်တယ် နော်ဖောပြောတာကိုတောင်ဆုံးအောင်နားမထောင်နိုင်ဖြစ်နေရအောင် ဖြူဘာတွေဖြစ်နေတာလဲနော်ဖောနားမလည်တော့ပါဘူး

မြတ်သူကျော်က ကားကိုဖြူပြောတဲ့နေရာကိုမောင်းလာခဲ့လိုက်တယ်
ရောက်တော့ ဖြူရပ်ခိုင်းတဲ့နေရာမှာပဲရပ်လိုက်ပါတယ်

"ကျမအနော်နဲ့စကားပြောမို့ ရှင်ကားပေါ်မယ်ပဲစောင့်နေပါ ကျမခေါ်မှလာခဲ့ ဘယ်လိုပြောရမှာလဲသိတယ်နော် နားလည်လား"

"ဟုတ် ကိုယ်နားလည်ပါတယ် ဖြူပြောတာလည်းနားထောင်မှာပါ"

ဖြူဘာမှပြန်မပြောနေပဲ ကားထဲကထွက်လာပြီး အပင်တပင်အောက်လေးသွားကာ ရှေ့မှာရှိတဲ့ ကန်ရေပြင်ကျယ်ကြီးကို အဓိပ္ပါယ်မဲ့စွာကြည့်နေမိရင်း စိတ်ထဲမှာတော့....

[ငါလုပ်နိုင်ပါ့မလား အနော့်ရှေ့ဆိုငါကမျက်ရည်ထိန်းနိုင်တာမဟုတ်ဘူး အို... ဇွန်ပွင့်ဖြူ နင်မပြတ်သားရင် အနော်ပဲထိခိုက်သွားရလိမ့်မယ် အင်း...... ဆုံးဖြတ်ထားပြီးတာကိုဆက်လုပ်ရမှာပဲ....]

ရုတ်တရက် သူမကိုလက်မောင်းလေးနှစ်
ဘကျကနေ သိုင်းဖက်လာတဲ့လက်တစုံ ကျောပြင်ကိုဖိကပ်လာတဲ့ နူးညံ့လွန်းတဲ့အထိအတွေ့ ဆံအုံလေးကိုနမ်းရှိုက်လိုက်လို့ထွက်လာတဲ့အသက်ရှုသွင်းသံ ဖြူမျက်လုံးလေးမှိတ်ပြီး ကြည်နူးစွာပင် ဒါတွေကို ခံစားပစ်လိုက်ချင်တာပေါ့
လက်တွေ့မယ်တော့ ဖြူသူမကိုယ်လုံးလေးကို ၎င်းအထိအတွေ့တွေကလွတ်အောင်ရုန်းထွက်လိုက်ကာ မျက်နာခြင်းဆိုင်အနေအထားကိုလှည့်လိုက်တယ်
မြင်လိုက်ရတာက အံ့ဩသွားပုံရတဲ့ နော်ဖောရဲ့မျက်နာလေးပါပဲ

Love Is LoveWhere stories live. Discover now